မြန်မာစကား အသုံးနှုန်းမှာ ထမင်းဝအောင် စားပါ နဲ့ ထမင်းဝအောင် စားထား ဆိုတဲ့ အသုံးနှုန်းက မတူဘူး ..
ထမင်းဝအောင် စားပါဆိုတာ လောက၀တ် ဖိတ်မန်္တက ပြုတဲ့ အသုံးနှုန်း .. ဧည့်ဝတ်ကျေပွန်တဲ့ စကားလုံး .. တင်စားမှု မရှိဘူး ..
ထမင်းဝအောင် စားထားဆိုတာက ကြိမ်းမောင်းတဲ့ စကားလုံး .. တင်စားမှု အနေနဲ့ သုံးတယ် .. သူနဲ့ခပ်ဆင်ဆင် စကားပုံတစ်ခုလည်း ရှိသေးတယ် .. မိုးကောင်းတုန်း ရွာထားအုံးပေါ့ကွာ ..

ထမင်းပွဲ ရှေ့မှောက်မှာ မရှိပဲ၊ ကိုယ်က ထမင်းရှင် မဟုတ်ပဲ ထမင်းဝအောင် စားထားဆိုတဲ့ စကားလုံးက ရန်ပွဲတွေ မကျေနပ်မှုတွေ .. အငြင်းပွားမှုတွေမှာ ..သုံးတဲ့ ၀င်္က၀ုတ္တိ အသုံးနှုန်းဖြစ်တယ် .. ဒါကို မြန်မာ့ ယဉ်ကျေးမှုမှာ မြန်မာတိုင်းက မကောင်းတဲ့ sensation နဲ့ မြင်ကြတယ် .. သဘောက ငါ့အတုန့် လှည့်လာမယ် .. ခဏစောင့်အုံး .. ငါ့အလှည့်မလာမချင်း မင်းအလှည့်မှာ မင်းကျေနပ်လောက်အောင်ထိ လုပ်ထားအုံးပေါ့ကွာလို့ အဓိပ္ပါယ်ရတယ် .. ထမင်းဆိုတဲ့ ပါဝါ အရှိန်အ၀ါ ကုန်ဆုံးသွားတာနဲ့ ငါ့အလှည့်ရောက်လာမယ် ပြောတာ.. ကြိမ်းမောင်းတဲ့ ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်ဆောင်တယ် ..

ထမင်းရှင်က ဧည့်သည်ကို ထမင်းဝအောင် စားပါ ဆိုတာက စေတနာပါတဲ့ အသုံးနှုန်း .. ဧည့်ဝတ်ကျေတဲ့ အသုံးနှုန်း .. လောက၀တ်ပြုတဲ့ အသုံးနှုန်းဖြစ်တယ်.. ဒါကို မြန်မာ့ ယဉ်ကျေးမှုတိုင်းမှာ ကောင်းတဲ့ sensation နဲ့မြင်ကြတယ် .. ဖိတ်ခေါ်တဲ့ ရင်းနှီးတဲ့ အဓိပ္ပါယ်ဆောင်တယ်.. အသုံးနှုန်း …နှစ်ခုလုံးစလုံးတောင် မတူဘူး .. ထမင်းဖိတ်ခေါ်ကျွေးမွေးတဲ့အခါ .. ထမင်းဝအောင် စားထားကြလို့ မြန်မာစကားမှာ သုံးလေ့ သုံးထ မရှိဘူး ..

ထိုနည်းတူစွာပဲ .. ထမင်းဝိုင်းမပါဘဲ .. ရန်ဖြစ်တဲ့အခါ .. ထမင်းဝအောင်စားပါ လို့ ဘယ်သူမှ ခြိမ်းခြောက်တဲ့ အနေနဲ့ မသုံးနှုန်းကြဖူး ..
ဒါကို သတိထားမိဖို့ပါ ..နောက်တစ်ခုက .. ဒီထက်ပိုဆိုးတယ်.. မင်းတို့ ထမင်း ၀အောင် စားထား ..

မင်းတို့ ဆိုတာ ဘယ်သူ့ကို ပြောတာလဲ ..
ပြည်သူလား .. တရားသူကြီးလား .. မီဒီယာသမားတွေလား .. အစိုးရလား .. ဦးကိုနီနဲ့ ကြည်လင်းကို ဖမ်းပေးတဲ့ ပြည်သူ့ ရဲတွေလား .. မင်းတို့ ဆိုတာ ဘယ်သူ့ကို ကိုယ်စားပြုသလဲ ..

လူသတ်ကောင် ကြည်လင်းကို အားပေးဝန်းရံတာဟာ .. လူသတ်မှုကိုအားပေးနေတဲ့.. ရာဇ၀တ်ကောင်ပဲ မဟုတ်လား ..

ပြည်သူတွေ အနေနဲ့ မေးဖို့အချိန်တန်ပါပြီ ..
မြန်မာတွေ ဗမာစကားကို နားမလည်တာလား၊ ကျွန်ဘဝမှာပဲ နေချင်လို့ နားမလည်ဟန်ဆောင်တာလား၊ လူမိုက် လူရိုင်းသူခိုးကြမ်းပိုးတွေကို ရှိခိုးတဲ့ လူမျိုးတွေ ဖြစ်ကုန်ပြီလား။ ၁၉၈၈ မှစပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ အာဏာရှင်တွေက ဒီမိုကရေစီစနစ် မကြိုက်ဘူး၊

အဲဒီတော့ ပြည်သူတွေကို ဗုဒ္ဓဘာသာနဲ့ လှည့်စားတယ်။ ဓမ္မာရုံတွေဆောက်၊ လမ်းတိုင်း တရားနားပွဲတွေ ကျင်းပပေး၊ ဘုရားတွေဆောက်တည်ပေးဆိုတော့ ဘာသာရေးကို ဘိန်းစွဲ စွဲနေတဲ့သူတွေက အာဏာရှင်တွေရဲ့လုပ်ရပ်တွေကို ဩဘာပေးခဲ့ကြတယ်။ ၉၆၉ အကြမ်းဖက်ဂိုဏ်းတွေဖွဲ့ပြီး ဗုဒ္ဓဘာသာကို စော်ကားခြင်းအား “အမျိုးဘာသာ သာသနာ ကာကွယ်နေခြင်း” ဟု မှတ်ယူကြတယ်။

မဘသဖွဲ့ပြီး နိုင်ငံအနှံ့ အကြမ်းဖက်မှုတွေကို ဆက်တိုက်လုပ်ခဲ့တယ်။ အဲဒီလို အကြမ်းဖက်တဲ့အဖွဲ့ကို ဗုဒ္ဓဘာသာရဲ့ အကြည်ညိုရဆုံးပုဂ္ဂိုလ်များပမာ သဘောထားတဲ့ ငတုံးတွေလဲ များတယ်။ ၉၆၉ နဲ့ မဘသလိုပဲ ရက္ခိတအသင်း၊ အမျိုးသားရေးအသင်း စတဲ့အဖွဲ့တွေလဲရှိသေးတယ်။

ခုနောက်ဆုံးတွေ့ရတဲ့ အဖွဲ့ကတော့ “မင်းတို့ ထမင်းဝအောင် စားထား” လို့ လူရိုင်းလူမိုက်ပမာ ပြည်သူ အားလုံးကို ခြိမ်းခြောက်နေတဲ့အဖွဲ့ပဲ ဒီလိုအကြမ်းဖက်အုပ်စုတွေကို ထောက်ခံအားပေးနေတဲ့ အစိုးရက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့ ဘယ်ဝန်လေးမှာလဲ။

ငါတို့ လူမျိုးတုံးသတ်ဖြတ်နေတာ မဟုတ်ဘူးလို့ ငြင်းနိုင်ပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုကိုတော့ ရှောင်လွဲနိုင်မှာ မဟုတ်ဘူး။ ရာဇဝတ်ဘေး ပြေးမလွှတ် ဆိုတဲ့အတိုင်း တစ်ချိန်ချိန်မှာတော့ ရာဇဝတ်ကောင်အားလုံး တရားခွင် ရောက်ရလိမ့်မည်။ “မင်းတို့ ထမင်းဝအောင်စားထား” ဆိုတဲ့ကောင်တွေကို အားပေးထောက်ခံနေတဲ့ ဗိုလ်ချုပ်တွေလဲ ထမင်းဝအောင် မစားနိုင်တဲ့ အချိန်အခါနဲ့ ကြုံရလိမ့်မည်။

 

Facebook Comments
Comments are closed.

Check Also

စစ်တိုင်းမှူး အပြောင်းအလဲကြောင့် ICC အမှု ပြောင်းလဲသွားမည်မဟုတ်

ဂျီနိုဆိုဒ်တရားခံများအနက် ထိပ်ဆုံးအဆင့်ကို နေရာယူထားသူ မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ်​ …