ခိုးဝင်ဘင်္ဂါလီများကို ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင်လည်းကောင်း မြို့နယ်တိုင်းတွင်လည်းကောင်း ပိတ်လှောင်ထားရုံမက ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ အသက်လုထွက်ပြေးကြသူများကိုပင် ပြည်သူ့ ဘဏ္ဍငွေဖြင့် ပြန်လည်ခေါ်လိုသည့် နိုင်ငံတော်သစ္စာဖောက်များဖြစ်ကြသော ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတသစ် ဦးဝင်းမြင့်တို့အား ပြည်သူအားလုံး အရေးယူချိန် တန်ပြီ ဖြစ်ကြောင်း The Voice စာစောင်က ထောက်ပြသည်။

ရန်ကုန်၊ မတ် ၂၈ ရက်စွဲဖြင့် အဆိုပါ စာစောင်က အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားသည်။

တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ မချစ်တီးလမ်းရှိ နေအိမ်တစ်လုံးတွင် မတ်လ ၂၇ ရက် နံနက် ၁ နာရီခန့်က အသက် ၁၉ နှစ်အရွယ် ခိုးဝင်ဘင်္ဂါလီ အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သက္ကယ်ပြင် ဒုက္ခသည်စခန်းတွင်နေထိုင်သူ အသက် ၁၉ နှစ်အရွယ် ခင်မောင်စိုး (ခ) မိုဟာမက်အီစွတ်သည် မတ်လ ၂၆ ရက်နေ့က ရန်ကုန်မှ တစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်အကိုင်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏မိတ်ဆွေဖြစ်သူ အမျိုးသားတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် အသက် ၄၃ နှစ်အရွယ် ဦးမောင် (ခ)မာမွတ်ကို ဖုန်းဖြင့်ဆက်သွယ်ကာ အဆောင်တစ်ခုတွင် တစ်ညလျှင် တစ်ထောင်ကျပ်နှုန်းဖြင့် ငှားရမ်းနေထိုင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ခိုးဝင်လာတဲ့သူကိုတော့ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ အက်ဥပဒေပုဒ်မနဲ့ ဒီနေ့ပဲ ထောင် ၂ နှစ်ချလိုက်ပြီ၊ လက်ခံထားတဲ့သူတွေကိုလည်း ရာဇသတ်ကြီး ပုဒ်မနဲ့ ထပ်မံအမှုဖွင့်ထားတယ်”ဟု တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးလှဖုန်းကျော်က ရှင်းပြသည်။

ယင်းခိုးဝင် ဘင်္ဂါလီအမျိုးသားကို လက်ခံထားသည်ဟုဆိုသော အသက် ၄၃ နှစ်မှ ၇၂ နှစ်ကြားရှိ အမျိုးသားသုံးဦးကို တာမွေမြို့မရဲစခန်းက (ပ) ၃၀၃/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၇/၃၇၀ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၇ အရ ပြစ်မှုထင်ရှားလျှင် ၁၀ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၀ အရ ပြစ်မှုထင်ရှားလျှင် ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

အထက်ဖော်ပြပါသတင်းအရ ခိုးဝင်သူမှာ စစ်တွေတွင် မွေးဖွားသူဖြစ်ကြောင်း အကျဉ်းစခန်း၌ ပိတ်လှောင်ထားခံရပြီး မိသားစုဘဝအသက်ရှင်ရေးအတွက် မလေးရှားသို့ သွားလိုကြောင်းထင်ရှားသည်။ ခိုးဝင်ဆိုသူ၏ မိဘဘိုးဘေးများက ၁၉၄၉ မြန်မာနိုင်ငံသား ဥပဒေအရ အမျိုးသားမှတ်ပုံတင်ကဒ် ကိုင်ဆောင်ထားကြောင်း တရားခံအား ထောင်ချစေသည့် ဥပဒေက ထောက်ပြသည်။

အကယ်၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော ရိုဟင်ဂျာများမှာ ခိုးဝင်ဘင်္ဂါလီများဖြစ်ပါက ဘင်္ဂလားဒေ့ခ်ျသံအမတ်ကို ဆင့်ခေါ်ပြီး သက်ဆိုင်ရာနိုင်ငံသို့ ပို့ပေးရန်သာ တာဝန်ရှိသည်။ ပြည်သူ့ဘဏ္ဍငွေ ဖြုန်းတီးစေလိုသည့်သဘောသဖြင့် နိုင်ငံတွင်း နေခွင့်မပေးသင့်ပေ။

ခိုးဝင်ဘင်္ဂါလီများအား ရခိုင်ပြည်နယ်အတွင်း ပိတ်လှောင်ထားခြင်းသည် နိုင်ငံတော်ကို သစ္စာဖောက်ရာရောက်ရုံမက ဂျီနိုဆိုဒ်အမှုပါ ကျူးလွန်ရာရောက်သည်။ ထို့ပြင် နိုင်ငံတော်ခေါင်းဆောင်ဆိုသူများက ဘင်္ဂလားဒေ့ခ်ျဘက်သို့ အသက်လုထွက်ပြေးခဲ့သူများကိုပင် မြန်မာနိုင်ငံအတွင်း အကျဉ်းစခန်းဖွင့်ပြီး ပိတ်လှောင်ထားရန် စီစဉ်နေခြင်းမှာ ပြည်သူ့ဘဏ္ဍကို အလွှဲသုံးစားလုပ်နေရုံမက အလွန်ပင် လူသားမဆန်သော လုပ်ရပ်လည်းဖြစ်သည်။

ရိုဟင်ဂျာတို့အပေါ် ဂျီနိုဆိုဒ်အမှု ကျူးလွန်နေကြသော အဆိုပါ နိုင်ငံတော်သစ္စာဖောက်များ ICC မရောက်မီ ပြည်သူအားလုံးက အရေးယူရမည်။

 

Facebook Comments
Comments are closed.

Check Also

စစ်တိုင်းမှူး အပြောင်းအလဲကြောင့် ICC အမှု ပြောင်းလဲသွားမည်မဟုတ်

ဂျီနိုဆိုဒ်တရားခံများအနက် ထိပ်ဆုံးအဆင့်ကို နေရာယူထားသူ မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ်​ …