မြန်မာနိုင်ငံ၏ အရေးအပါဆုံး၊ အရှုပ်ထွေးဆုံး၊ ရှင်းရအခက်ဆုံး၊ အက္ခရာအကျဆုံးပြဿနာမှာ ရခိုင်အရေးဖြစ်သည်ကို လူတိုင်းသိပြီး ဖြစ်ကြပါလိမ့်မည်။ ရခိုင်အရေးဟူသည် ရိုဟင်ဂျာတို့အား တရုတ်အားကိုးဖြင့် ဂျီနိုဆိုဒ် ကျူးလွန်နေခြင်းသာဖြစ်ပြီး တရုတ်ကြီး၏ အကျိုးစီးပွားအတွက် “အမျိုးဘာသာသာသနာ”၏ ဂုဏ်သိက္ခာ အလုံးစုံကို နင်းခြေဖျက်ဆီးနေသော လုပ်ရပ်ပင် ဖြစ်သည်။

“ရခိုင်အရေး” တွင် အမြတ်အစွန်း အများဆုံးရသူများမှာ တရုတ်ကြီး၊ အာဏာရူး စစ်ခေါင်းဆောင်များနှင့် အနောက်သား ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည်။ ရခိုင် အများစုက “အီးချမ်းပါဇီ၊ ရက္ခမြီ” သီချင်းဆိုနေကြသော်လည်း အဆိုပါ ဂျီနိုဆိုဒ် ကျူးလွန်နေသော အုပ်စုများမှာ ရခိုင်ပြည်၏ တည်ငြိမ်အေးချမ်းရေးသည် သူတို့၏ အကျိုးစီးပွားကို အန္တရာယ်ပြုနိုင်ကြောင်း တရားသေ မှတ်ယူထားကြသည်။

သို့ဖြစ်၍ ဝီရသူနှင့် သီတဂူတို့ကိုပါ အသုံးချပြီး ဂေါတမမြတ်စွာဘုရား၏ တရားတော်များကို ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး၏ တံတွေးခွက်ထဲ မျောနေအောင် လုပ်ဆောင်နေကြသည်။ ဂျီနိုဆိုဒ် ကျူးလွန်နေသူတို့၏ ရက်စက်ကြမ်းကြုတ်မှုများမှာ ရေးမကုန်၊ ဖတ်မကုန်နိုင်အောင် များပြားလွန်းသည်။ ၁၉၆၅မှ စတင်၍ ရိုဟင်ဂျာတို့အပေါ် ဖိနှိပ်ချုပ်ချယ်မှုကို စတင်ခဲ့သည်။ ၁၉၇၀မှစ၍ ရိုဟင်ဂျာလူမျိုးများသည် ဂျီနိုဆိုဒ် ကျူးလွန်သူတို့၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရခိုင်ပြည်နယ်၏ ရှိသမျှ တံခါးပေါက်စုံမှ တွေ့ရာအရပ်သို့ ထွက်ပြေးနေကြသည်မှာ ယနေ့အထိပင် ဖြစ်သည်။

၁၉၇၈တွင် ရခိုင်ပြည်နယ်၌ အနောက်တံခါးမှ ခိုးဝင်လာသူများနှင့် အနောက်တံခါးမှ ခိုးထွက်သူဟူ၍ သိသာထင်ရှားစွာ တွေ့မြင်ရသည်။ အနောက်တံခါးမှ အဝကျွန်းသားခေါ် ရခိုင်များခိုးဝင်လာပြီး ရိုဟင်ဂျာတို့မှာမူ အနောက်တံခါးမှ ခိုးထွက်သူများသာ ဖြစ်သည်။ ခိုးဝင်သူများ၏သက်သေက ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှာ သိန်းချီသော ရခိုင်တိုင်းရင်းသားများ အခွင့်အရေးအပြည့်အဝ ခံစားလျက် နေထိုင်ခွင့်ရခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ခ်ျနေ သိန်းချီသောရခိုင်တိုင်းရင်းသားများကို ဥပဒေအကြောင်းအရ အကာအကွယ်အပြည့် အဝပေးနေခြင်းသည် “အစ္စလာမ့်အလှတရား” အဖြစ်ပုံဖော်နေပြီး ရိုဟင်ဂျာတို့အား ခိုးပြေးရအောင် ရက်စက် ကြမ်းကြုတ်နေခြင်းမှာ “ဗုဒ္ဓဘာသာ၏အဆုံးအမ” အဖြစ် ပုံဖော်နေသည်။ ဤသည်ကို ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများအနက် ဩဇာတိက္ကမအရှိဆုံး ဆရာတော်တစ်ပါးဖြစ်သူ သီတဂူက လူသိရှင်ကြားထုတ်ဖော်ခဲ့ပြီ။ “ဗုဒ္ဓဘာသာမဟုတ်သူများကို စစ်အာဏာရှင်များနှင့် အနောက်သားရခိုင်တို့ သတ်ခွင့်ရှိသည်” ဟု ပြောခဲ့ပြီ။

တစ်နည်းအားဖြင့် သီတဂူအဟောအရ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များအတွက် “ရိုဟင်ဂျာတို့အပေါ် လွတ်လပ်စွာ ဂျီနိုဆိုဒ်” လုပ်ခွင့်ရှိသည်။ ရခိုင်ပြည်နယ်ရှိ သတင်းထောက်အားလုံးလည်း ဂျီနိုဆိုဒ် စီမံကိန်းဖြင့် မွေးထုတ်ထားသော အနောက်သား သတင်းထောက်များဖြစ်သည်။ BBC, VOA, RFA နှင့် DVB စသည့် သတင်းမီဒီယာကြီးများတွင် တာဝန်ထမ်းဆောင်နေသော ရခိုင်သတင်းသမားများသည်လည်း အဆိုပါ စီမံကိန်း၏ အစိတ်အပိုင်းသာဖြစ်ပြီး သူတို့၏ အားအထားရဆုံး သတင်းဌာနမှာ အနောက်သားမီဒီယာ နီရဉ္စရာပင် ဖြစ်သည်။

ရာဇဝတ်ကောင် ဇော်ဌေးက နိုင်ငံတော်၏ မီဒီယာအားလုံးကို ဂျီနိုဆိုဒ်စီမံကိန်းအရ ချုပ်ကိုင်ထားသည်။ ဂျီနိုဆိုဒ် ကျူးလွန်သူတို့က မီဒီယာကို ထိထိရောက်ရောက်အသုံးချပြီး မြန်မာပြည်သူအများစုကို သတင်းမှောင်ထဲ၍ ပျော်မြူးစေ၏။ ဥပမာအားဖြင့်- ၂၀.၉.၂၀၁၇ နေ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ စစ်တွေ-ရန်ကုန် ကားလမ်းမပေါ် ဆပ်ကျာရွာနှင့် ကမ်းဆိပ်ရွာကြား ညနေ ၇း၃၀မိနစ်၌ လက်လုပ်မိုင်း ၃-လုံး ပေါက်ကွဲခဲ့သည်။

ဤသတင်းကို ပထမဦးဆုံး နိရဉ္စရာက ရေးပြီး ၎င်းနောက်တွင် MRTV နှင့် တခြားမီဒီယာများက ရေးလာခဲ့သည်။ ၁၆.၁၀.၂၀၁၇ နေ့တွင် ဗုံးပေါက်ခဲ့သည့် တရားခံ အနောက်သားတစ်ဦးကို မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ သက်သေအထောက်အထား ခိုင်လုံသည့်အတွက် ဖမ်းဆီးခြင်းဟု ဆိုထားသည်။

သို့သော် ရခိုင်ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် တန်ဆိပ်ရွာမှ အပြစ်မဲ့ ရိုဟင်ဂျာ ၅ ဦးကို လွန်ခဲ့သော နှစ်ပတ်လောက်က ဖမ်းဆီးပြီး နှိပ်စက်ခဲ့သည်။ ညှင်းပန်းနှိပ်စက်မှုကို မခံနိုင်သည့်အတွက် အဆိုပါ ရိုဟင်ဂျာ ၅ ဦးအနက် ၃ ဦးက ကျွန်တော်တို့ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ကြသည်ဟု ဝန်ခံခဲ့ကြသည်။

၎င်းတို့ ၅ဦးမှာ အောက်ပါပုဂ္ဂိုလ်များဖြစ်ပြီး သူတို့ကို ၆.၁၁.၁၇နေ့ မြောင်းဘွယ်တရားရုံး၍ ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရထားသည်။

၁။ မော်လဝီ နူရ်ဒီန် (ဘ) နူရ်အာမတ်

၂။ အဘူရှားမား (ဘ) ကာလာချေ

၃။ မော်လဝီ မာမက် ဖိုင်ဇေး (ဘ) အူမရ် ဖဇလ်

၎။ မော်လဝီ မာမက် ဟာဘီ (ဘ) မာမဒူလ်ဟော့ခ်

၅။ မော်လဝီ ကမာလုဒိန် (ဘ) အဒူကော်ရိမ်

အလားတူ ရခိုင်ပြည်နယ်အနှံ့တွင် နေထိုင်သော ရိုဟင်ဂျာများ မြန်မြန်ထွက်ပြေးအောင် အနောက်သား ရခိုင်များနှင့် စစ်ခေါင်းဆောင်များ၊ ဝီရသူနှင့် သီတဂူ၊ နယူးယောက်မှ အနောက်သား ခိုင်အောင်ကျော်၊ ဂျပန်မှ အနောက်သားမုဒိန်းကောင် အေးချမ်းနှင့် ဘင်္ဂလားဒေ့ခ်ျနေ ရခိုင်အစွန်းရောက်ခေါင်းဆောင်တချို့က နည်းမျိုးစုံဖြင့် ဝါဒဖြန့်တိုက်ခိုက်၊ ရက်စက်ကြမ်းကြုတ်၊ လုယက်ဖျက်ဆီးနေကြသည်။

ဂျီနိုဆိုဒ် ကျူးလွန်သူတို့ နေ့စဉ် ရက်စက်ကြမ်းကြုတ်သမျှ အသေးစိတ်ကို အချိန်နှင့်တပြေးညီ တင်ဆက်နေသော RB News, Arkan Times နှင့် R Vision တို့တွင် ဖတ်ရှုနိုင်သည်။ အနောက်သား ရခိုင်သတင်းထောက်များ၏ သတင်းပေးပို့မှု မှန်သမျှသည် ဂျီနိုဆိုဒ်စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့်အတွက် သတင်းမှန်ရလိုလျှင် သတင်းသမား ကျင့်ဝတ်လိုက်နာသည့် သတင်းသမားများ၊ နိုင်ငံတကာမီဒီယာများကို ဝင်ခွင့်ပေးမည်သာ။

ရိုဟင်ဂျာတို့အပေါ် ဂျီနိုဆိုဒ် ကျူးလွန်နေသူများက “ခိုးဝင်ဘင်္ဂလီ” ခေါင်းစဉ်ဖြင့် ခိုးထွက်အောင် နှစ်ပေါင်းများစွာ ရက်စက်ကြမ်းကြုတ်ခဲ့သည်။ NLD အစိုးရလက်ထက်တွင် “အကြမ်းဖက်” ခေါင်းစဉ်ဖြင့် မီးရှို့ဖျက်ဆီး၊ အုပ်စုလိုက်မုဒိန်းကျင့်၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်နေမှုများ လုပ်ခဲ့သည်။ သိန်းချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ခ်ျဘက် ဒုက္ခသည်အဖြစ် အသက်လုထွက်ပြေးသည့်အခါ ခွေးသူတောင်းစား ဂျီနိုဆိုဒ်တရားခံများက နှစ်လအတွင်း ထိုသို့ များပြားသော လူဦးရေပမာဏ မထွက်ပြေးနိုင်ဟု ငြင်းဆိုခဲ့သည်။

အဆိုပါ ရာဇဝတ်ကောင်များက သိန်းချီသတ်ဖြတ်ရန် စီစဉ်သော်လည်း ရိုဟင်ဂျာများ ထွက်ပြေးနိုင်ခဲ့ခြင်းကို အစာမကျေ ဖြစ်နေခြင်းသာ။ နိုင်ငံတော်အဆင့် သူတောင်းစားများက ၂၀၁၂တွင် သိန်းချီသော ရိုဟင်ဂျာတို့၏ အိုးအိမ်များကို မီးရှို့ ဖျက်ဆီးပြီး သူတို့ကို အကျဉ်းစခန်းများ၌ ပိတ်လှောင်ထားခဲ့သည်။ သူတို့၏အိမ် ပြန်လည်ထူထောင်ရေးအတွက်ဟု နိုင်ငံတကာထံမှ ဒေါ်လာ သန်းချီအလှူငွေ ကောက်ခဲ့သော်လည်း ယနေ့အထိ အဆိုပါဒုက္ခသည်များ အကျဉ်းစခန်းထဲမှာပင် မည်သည့်အခြေခံ အခွင့်အရေးမျှမရဘဲ နေထိုင်နေကြရသည်။

၂၀၁၇ ဩဂုတ်လ ၂၅ရက် နေ့မှစ၍ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရိုဟင်ဂျာ ၆သိန်းကျော် အသက်လု ထွက်ပြေးနေရသည်ကို အကြမ်းဖက်မှုကြောင့် ရခိုင်သားများစွာ ဒုက္ခရောက်သကဲ့သို့ ထင်ယောင်ထင်မှားဖြစ်အောင် နိုင်ငံတော်အဆင့် လိမ်လည်လှည့်စားနေသော ခွေးသူတောင်းစားအလုပ်ကို စတင်နေပြီ။ ပြည်တွင်းပြည်ပမှ အလှူရှင်များအား သူတောင်းစားခွက်ထဲ လှူးဒါန်းကြရန် နှိုးဆော်နေကြသည်။

“နိုင်ငံသားစီစစ်ရေးကဒ်”နှင့်“နိုင်ငံသားစီစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား” ၏ ဆိုလိုရင်းအဓိပ္ပါယ်ကို မသိနားမလည်သော ခွေးသူတောင်းစားများက နိုင်ငံသားဥပဒေအတိုင်း မလိုက်နာ၊ “နိုင်ငံသား” ဟူသည်ကို လည်း သဘောမပေါက်သူများဖြစ်သည့်အတွက် တိုင်းသူပြည်သားများ၏ အကျိုးအတွက် မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်။ ဂျီနိုဆိုဒ်အမှု ကျူးလွန်ပြီး ပြည်သူ့စီးပွား ဖျက်ဆီးနေခြင်းသာ ဖြစ်သည်။

 

Facebook Comments
Comments are closed.

Check Also

တရုတ်အားကိုး ပုဆိန်ရိုး ဂျီနိုဆိုဒ်ကျူးလွန်သူ လူရိုင်းဆိုး

“ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများကို ဆန့်ကျင်ကြ” ဆောင်ပုဒ်နဲ့ နှစ်ပေါ…