“ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများကို ဆန့်ကျင်ကြ” ဆောင်ပုဒ်နဲ့ နှစ်ပေါင်းများစွာ ပြည်သူတွေကို လိမ်လည်လှည်းစားနေတဲ့ တရုတ်အားကိုး ပုဆိန်ရိုးတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသုတ်သင်ရေးကို စနစ်တကျ  ဆောင်ရွက်နေကြတဲ့ လူရိုင်းဆိုးတွေဖြစ်ကြတယ်။

အဆိုပါလူရိုင်းတွေ အားကိုးနေတဲ့ တရုတ်ကြီးက မြန်မာနိုင်ငံရဲ့ အကျိုးအတွက် ဘာလုပ်ပေးသလဲ။ တရုတ်ကြီးရဲ့ ရင်နှီးမြုပ်နှံမှုက ဘင်္ဂလားဒေ့ခ်ျနဲ့ ပါကိစ္စတန်မှာ မြန်မာထက် အဆမတန် များနေတာ ဘာကြောင်းလဲ။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ပရိုဂျက်တွေမှာ မြန်မာနိုင်ငံသား ဘယ်နှစ်ယောက်ကို အလုပ်ခန့်ထားသလဲ။ တရုတ်ကြီးက မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားပါသလား။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို လိုလားနေတာမှန်ရင် “ဝ” ကိုးကန့် ကချင် ကရင် နဲ့ ရခိုင် (အေအေ) တို့ကို ကူညီနေတာ ဘာကြောင့်လဲ။ စတဲ့ မေးခွန်းတွေကို ဖြေနိုင်မှ တရုတ်ကြီးအကြောင်း သိရလိမ့်မယ်။

တရုတ်ကြီးက ဗီဒိုပါဝါ (veto) သုံးပြီး ဂျီနိုဆိုဒ် ကျူးလွန်သူတွေကို ကယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ကြီးစွာ အားကိုးနေတဲ့ လူရိုင်းတွေက မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်သူတွေရဲ့ ကံကြမ္မာကို တရုတ်ကြီးလက်ထဲ ရောင်းလိုက်တယ်။ ရခိုင်ပြည်ကနေ သဘာဝသယံဇာတ အလုံးစုံကို တရုတ်ပြည်ထဲသို့ သယ်ယူမည့် ပိုက်လိုင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒအဖြစ် ပုံဖော်ပြီး တနိုင်ငံလုံးမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်စေခဲ့တယ်။

ရိုဟင်ဂျာတွေကို နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားပြီး လူမျိုးတုံးသုတ်သင်ရေး စီမံကိန်းနဲ့အတူ ရခိုင်တွေကိုလဲ ကမ္ဘာ့အရိုင်းဆုံးလူမျိုး ဖြစ်စေခဲ့တယ်။ တရုတ်အားကိုးပုဆိန်ရိုးတွေ ဖြစ်တဲ့ စစ်အာဏာရှင်တွေ အေးမောင်ဦးဆောင်တဲ့ အဝကျွန်းသား အနောက်သားရခိုင်တွေ ခရိုနီတွေ သင်္ဃန်းခြုံ  အကြမ်းဖက်သမားတွေက ရိုဟင်ဂျာတွေကို သုတ်သင်နေခြင်းအား “အမျိုးဘာသာသာသနာ” နဲ့ ” နိုင်ငံတော်လုံခြုံရေး” ဟု ဝါဒဖြန့်ပြီး ပြည်သူတွေကို လိမ်လည်လှည်းစား လာခဲ့ကြတယ်။

တရုတ်ကျွန်ဘဝအောက်မှာ ပြည်သူ့ ဘဏ္ဌာတော်ကို မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လောဘတကြီးရယူပြီး တရုတ်အပါအဝင် နိုင်ငံခြားတိုင်းပြည်မှာ မြုပ်နှံထားတဲ့ စစ်အာဏာရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ သိအောင် မဖော်ထုတ်ရဲတဲ့ မီဒီယာတွေလဲ တရုတ်အားကိုး ပုဆိန်ရိုးတွေ ဖြစ်ကြတယ်။ တရုတ်ကြီးရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အနေနဲ့ အကြမ်းဖက်ခေါင်းစဉ်တပ်ပြီး ရသေ့တောင် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ၉၀ ရာခိုင်နှုံးကို မတော်မတရား မီးရှို့ဖျက်ဆီးခြင်း အုပ်စုလိုက် မုဒိန်းကျင့်ခြင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စတဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုကို လက်နက်သဖွယ်အသုံးချပြီး ရိုဟင်ဂျာ ခြောက်သိန်းကျော်အား အသက်လု ထွက်ပြေးစေခဲ့တယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုဒ် ကျူးလွန်နေကြောင်း အထောက်အထားနဲ့ ထောက်ပြလာတော့”လူ့အခွင့်ရေး ချိုးဖောက်မှု့များ ရှိမရှိ အသေအချာ မပြောနိုင်ကြောင်း “အဲဒါတွေ တကယ်ဖြစ်ခဲ့သလား။ မဖြစ်ခဲ့ဘူးလား ဆိုတာကိုတော့ ကျမ မပြောနိုင်ပါဘူး ။ အစိုးရမှာ တာဝန်ရှိတဲ့ အတိုင်း နောက်မဖြစ်အောင်တော့ အသေအချာ ဆောင်ရွက်ပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ခြင်းလဲ တရုတ်အားကိုး ပုဆိန်ရိုး ပေါ်လစီသာဖြစ်တယ်။

ဒေါ်စု ကိုယ်တိုင် “နိုင်ငံသားစီစစ်ရေးကဒ်ပြ” ကိုသာ ကိုင်ထားပြီး နိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အထား မရှိမှန်းသိပါလျက် အိုးအိမ်ပိုင်ဆိုင်မှုအလုံးစုံ မီးရှို့ဖျက်ဆီးခံရပြီး အသက်လုထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေအား နိုင်ငံသားဖြစ်ကြောင်း အထောက်အထား ပြရမည်ဟု ပြောခြင်းသည် ဂျီနိုဆိုဒ် ကျူးလွန်နေခြင်းပင်ဖြစ်တယ်။

“ပြန်ဝင်လာမဲ့ ဒုက္ခသည်တွေအတွက် သူတို့နေထိုင်ခဲ့တဲ့ မူလနေရာတွေ အစား ခေတ်မီတဲ့ ကျေးရွာ အသစ်တွေမှာ ပြန်လည်နေရာချထားပေးဖို့ မြန်မာအစိုးရက ရည်ရွယ်ထားတယ်လို့ ပြောခြင်းဟာ အစကတည်းက ရိုဟင်ဂျာပိုင် နယ်မြေများကို သိမ်းယူရန် စီမံကိန်းရေးဆွဲထားကြောင်း ပေါ်လွှင်ထင်ရှားနေတယ်။

တရုတ်အားကိုးနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသုတ်သင်ရေး လုပ်နေခြင်းအား မရပ်မချင်း ပြည်သူတွေက တရုတ်အားကိုးပုဆိန်ရိုးတွေကို မဆန့်ကျင်သရွေး မြန်မာနိုင်ငံရဲ့ စီးပွားရေး ပညာရေး နိုင်ငံရေး အစစအရာရာ ယိုယွင်းလာလိမ့်မယ်။

 

Facebook Comments
Comments are closed.

Check Also

Jews under Nazis’ Democracy and Rohingya under Burmese Democracy transition

Once in power, Hitler moved quickly to end German democracy. Jews, who numbered about 525,…