မောင်တောအကြမ်းဖက် တိုက်ခိုက်သူတွေကို ငွေကြေးထောက်ပံ့ခဲ့တဲ့အတွက်ဟု အကြောင်းပြကာ ယခင်လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်တယ်။ ဦးအောင်ဇော်ဝင်းဟာ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌဖြစ်ပြီး ယခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မောင်တော လွှတ်တော်အမတ်ဟောင်းတစ်ဦးလဲ ဖြစ်ပါတယ်။ နဝတ အစိုးရလက်ထက်ကတည်းက မြန်မာ့စစ်ခေါင်းဆောင်တွေ အသုံးချခံရဆုံးနဲ့ ယုံကြည်စိတ်အချရဆုံးပုဂ္ဂိုလ်လဲ ဖြစ်ပါတယ်။

ဦးအောင်ဇော်ဝင်းဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ နေပြည်တော် ရာဇဌာနေလမ်းက မြင့်မိုလ်နန်းဟိုတယ်ဟာ ဦးသန်းရွှေအကျိုးစီးပွားအတွက် ဦးသန်းရွှေ ပီအေ ဗိုလ်ချုပ်ရာပြည့်နဲ့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်ထားတာဖြစ်တယ်။ ကန်တော်ကြီးပတ်လမ်းရှိ ဟော်တယ် ESPERADO ဆိုရင်လဲ ကြံ့ခိုင်ရေး ဥက္ကဌဟောင်း ဦးဌေးဦးနဲ့ စပ်တူလုပ်ဆောင်ထားတာဖြစ်တယ်။

ယခင် ရခိုင်ပြည်နယ် စစ်တိုင်းမှူးနဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်ဦး လဝက ဒုဝန်ကြီး ဘုန်းဆွေတို့နဲ့ ပေါင်းပြီးတော့ ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရနဲ့ နိုင်ငံတကာဆီက ဒေါ်လာသန်းနဲ့ချီ ရယူခဲ့တယ်။ လက်ရှိ သူရဦးရွှေမန်းကလဲ သူ့ရဲ့ စီးပွားရေးတွေမှာ ခေါ်ယူအသုံးချနေတဲ့ လူယုံတစ်ယောက်လဲဖြစ်တယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့စစ်ခေါင်းဆောင်တွေကို သန်းပေါင်းများစွာ ထောက်ပံ့ခဲ့သူလဲဖြစ်တယ်။ စစ်ခေါင်းဆောင်များက ဦးအောင်ဇော်ဝင်းအား ရိုဟင်ဂျာအမည်ကို ဘင်္ဂလီပြောင်းခေါ်ရေးအတွက် အကျပ်ကိုင်ခဲ့တယ်။

စစ်ခေါင်းဆောင်များက သူ့ပိုင်ဆိုင်မှုတွေကို အန္တရာယ်ပြု ခြိမ်းခြောက်လာတာကြောင့် ဒေါက်တာကျော်ရင်လှိုင် ကိုယ်စားလှယ်အဖွဲ့တွေကို ကျွေးမွေးဧည့်ခံပြီး ရိုဟင်ဂျာကို ဘင်္ဂလီပြောင်းရန် စည်းရုံးခဲ့တယ်။ ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေတဲ့ ကျေးရွာတွေမှာလဲ အလှူဒါနနဲ့ ငွေကြေး ပေးကမ်းပြီး ဘင်္ဂလီစည်းရုံးရေးဆင်းခဲ့တယ်။

၂၀၁၂ မှစပြီး ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်ကို ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်ရန် အသုံးချခဲ့တယ်။ ဦးအောင်ဇော်ဝင်းကိုတော့ ရိုဟင်ဂျာကို ဘင်္ဂလီအဖြစ် ပြောင်းလဲရေးစီမံကိန်းအတွက် အသုံးချခဲ့တယ်။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စီမံကိန်းဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်ရေးဟာ နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်ပင် ဖြစ်တယ်။

ရိုက်တာ သတင်းထောက်နှစ်ဦးက အဆိုပါ လျှို့ဝှက်ချက်စီမံကိန်းကို လူသိရှင်ကြား ထုတ်ဖော်မိတဲ့အတွက် အရေးယူခြင်းခံရတယ်။ မြန်မာ့ စစ်ခေါင်းဆောင်တွေက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ရာဇဝတ်ကောင်တွေကို အကာအကွယ်ပေးနေကြောင်း တစ်ကမ္ဘာလုံးက မြင်လာကြပြီး စစ်ရာဇဝတ်ကောင်တွေကို ICC ပို့ရန် တောင်းဆိုလာကြတယ်။

ဒီတော့ စစ်ခေါင်းဆောင်တွေက သွေးရူးသွေးတန်းနဲ့ ကိုယ့်လူရင်းတွေဖြစ်တဲ့ ဒေါက်တာအေးမောင်နဲ့ ဦးအောင်ဇော်ဝင်းတို့ကို ဖမ်းဆီးတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့တယ်။

စစ်ခေါင်းဆောင်တွေရဲ့ စာရင်းအရဆိုရင် သူတို့ အသုံးချခဲ့တဲ့ လူ ၂၈ ယောက်ကို ဖမ်းဖို့ရှိနေတယ်။ ဒေါက်တာအေးမောင်နဲ့ ဦးအောင်ဇော်ဝင်းတို့အပါအဝင် လူ ၆ ယောက်ကိုတော့ ဖမ်းထားတယ်။ နောက်ထပ်လဲ ဖမ်းဦးမယ်။ နိုင်ငံတကာတပ် ဝင်လာတဲ့အချိန်မှာ စစ်ခေါင်းဆောင်တွေ အသုံးချခဲ့တဲ့ ပုဂ္ဂိုလ်တွေက အမှန်အတိုင်း ပြောလိုက်လို့ရှိရင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် သက်သေခိုင်မာ သွားလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ဒေါက်တာအေးမောင်နဲ့ ဦးအောင်ဇော်ဝင်းတို့ နှစ်ယောက်က ရခိုင်ဒေသမှာ ရခိုင်နဲ့ရိုဟင်ဂျာတွေ ဘာဖြစ်လဲဆိုတာ အပ်ကျတာက အစ သိတဲ့ သူတွေဖြစ်တယ်။ သူတို့ နှစ်ယောက်စလုံးကို စစ်တပ်က ခေါ်ယူ အသုံးချခဲ့သူတွေဖြစ်တော့ ရခိုင်ဒေသမှာ စစ်တပ်ဘာတွေလုပ်ခဲ့သလဲဆိုတာ သက်သေအထောက်အထားတွေ တပုံတခေါင်းကြီး ရှိနေတဲ့သူတွေ ဖြစ်နေလို့ပါပဲ။

ဒါကို စစ်ခေါင်းဆောင်တွေက ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကိုယ့်လူရင်းတွေကို ဖမ်းဆီးနေခြင်းဖြစ်တယ်။ ဘုရားပြီး ငြမ်းဖျက်ဆိုသလိုပါပဲ။ ARSA ဆိုတာကလဲ စစ်ခေါင်းဆောင်တွေ မွေးထားတဲ့ အုပ်စုတစ်ခုပဲ။ ဒီလိုမွေးနိုင်အောင် ဦးအောင်ဇော်ဝင်းနဲ့ ဒေါက်တာအေးမောင်ကို ခေါ်ယူအသုံးချခဲ့တယ်။ ရွာပေါင်းများစွာကို မီးရှို့ခဲ့တယ်။ ARSA တစ်ယောက်မှ မဖမ်းဆီးနိုင်ခဲ့ဘူး။

ရိုဟင်ဂျာတွေ ရာနဲ့ချီရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတယ်။ ဒါပေမဲ့ ARSA တစ်ယောက်မှ မပါဝင်ခဲ့ဘူး။ ဟိန္ဒူ၊မြို၊ ခမီနဲ့ ရခိုင်တိုင်းရင်းသားတွေလဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်။ ဒါပေမဲ့ သတ်တဲ့သူတွေ ARSA ဖြစ်ကြောင်း သက်သေအထောက်ထားမပြနိုင်ခဲ့ဖူး။ ဒါဆိုရင် နိုင်ငံစစ်ခေါင်းဆောင်တွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဂျီနိုဆိုဒ်ကျူးလွန်တဲ့ သက်သေအထောက်အထားတွေက နိုင်ငံတကာမှာ ခိုင်ခိုင်လုံလုံ ရရှိထားပြီ ဖြစ်ပါတယ်။

အခုချိန်ခါမှာ နိုင်ငံတကာက R2P နဲ့ ICC အသံတွေ ဆူညံလာတဲ့အခါမှာ နိုင်ငံတော်အဆင့် Genocide လျှို့ဝှက်ချက်တွေ ဦးအောင်ဇော်ဝင်းနဲ့ ဒေါက်တာအေးမောင်ထံမှ မပေါက်ကြားခင် ကြိုတင်လက်ဦးမှု ယူလိုက်ခြင်းသာ ဖြစ်ပါတယ်။ အကယ်၍ ဦးအောင်ဇော်ဝင်းကို ARSA နဲ့ ဆက်နွယ်မှုရှိလို့ ဖမ်းဆီးတယ်ဆိုရင် ကြံ့ခိုင်ရေးပါတီ ထိပ်သီးခေါင်းဆောင်တွေ နဲ့ စစ်ဗိုလ်ချုပ်တွေကိုပါ ARSA နဲ့ ဆက်နွယ်တဲ့ကိစ္စအတွက် ဖမ်းဆီးအရေးယူရမှာဖြစ်ပါတယ်။

 

Comments are closed.

Check Also

ခိုးဝင်ဘင်္ဂလီများ အဖမ်းခံရခြင်း၏ ပဟေဠိဖြစ်နေသော ပုစ္ဆာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ခုံကြီးကျေးရွာ အနောက်ဘက် (၆)မိုင်ခန့်အကွ…