ပုထုစဥ္လူသားက ကံသံုးပါးျဖစ္ေသာ ကာယကံ၊ ဝစီကံ၊ မေနာကံ ကိုယ္ ၊ႏႈတ္ ၊ စိတ္ႏွလံုးသံုးပါးစလံုးျဖင့္ ရိုးသားေျဖာင့္မတ္စြာ ျပဳမူေျပာဆိုဆက္ဆံပါက နတ္အဆင့္ထက္ပင္ ျမင့္ျမတ္ႏုိင္ၿပီး အာဏာဂုဏ္မက္ေမာ၍ အမွန္တရားကို လ်စ္လ်ဴရႈသူတို႔မွာမူ ေျခေလးေခ်ာင္းသတၱဝါထက္ ပုိ၍ နိမ့္က်ႏုိင္သည္။
၁၉၈၈မွစ၍ တစ္ကမာၻလံုးက ဒီမိုကေရစီေခါင္းေဆာင္ဟု အျမတ္တႏိုးေခၚဆိုၿပီး ၾကည္ညိဳေလးစားလာခဲ့ရံုမက ဒီမိုကေရစီႏွင့္ ၿငိမ္းခ်မ္းေရးကို ကိုယ္စားျပဳသူအျဖစ္ သေဘာထား၍ ႏိုဘယ္ဆုပါ ခ်ီးျမွင့္ခဲ့သည့္ ေဒၚေအာင္ဆန္းစုၾကည္ကို ယခု အခါ ဂ်ီႏိုဆိုဒ္တရားခံအျဖစ္ ျမင္လာၾကသည္။
ေဒၚေအာင္ဆန္းစုၾကည္သည္ အစိုးရဖြဲ႕ၿပီးသည့္အခ်ိန္မွစ၍ ယေန႔အထိ ျပည္သူအား သူမ ေပးခဲ့သမွ် မည္သည့္ ကတိကဝတ္ကိုမွ် အေကာင္အထည္ေဖာ္ေပးျခငး္လည္းမရွိ ကတိတည္ျခင္းလည္း မရွိေပ။ ရခိုင္ ျပႆနာမွာ အမွန္တရားကို သိပါလ်က္ ဂ်ီႏိုဆုိဒ္တရားခံမ်ားကို အကာအကြယ္ေပးခဲ့သည္။
ကမာၻ႕အထင္ကရ မီဒီယာမ်ားက ဗြီဒီယိုဓါတ္ပံုမ်ားႏွင့္တကြ သက္ေသအေထာက္အထား စံုစံုလြင္လြင္ျဖင့္ ပညာရွိဆန္ဆန္ သတင္း တင္ဆက္ေနျခင္းအား ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ျငင္းဆန္ေနျခင္းသည္ သူမကိုလည္း ဂ်ီႏုိဆုိဒ္တရားခံ အေပါင္းအပါမ်ားအနက္ တစ္ဦးျဖစ္ေၾကာင္း ထင္ရွားေစ၏။
ကမာၻ႔ ေခါင္းေဆာင္မ်ားက ေဒၚေအာင္ဆန္းစုၾကည္အား ဂုဏ္ေပးေလးစားရသည့္ အဓိကအေၾကာင္းရင္းကိုပင္ သူမ အေလးထားဟန္မတူေပ။ ကိုယ့္ကိုကိုယ္ခ်စ္လွ်င္ ကိုယ္၊ ႏႈတ္၊ စိတ္တို႔အားျဖင့္ ေကာင္းေသာ အမႈကို ျပဳရမည္ဟု ျမတ္စြာဘုရားေဟာခဲ့သည္ကိုလည္း သိထားပံုမရ။
အာဏာရွင္ဆန္ဆန္ လူမိုက္ဆန္ဆန္ “ငါ့ ႏုိင္ငံမွာ ငါတို႔လုပ္ခ်င္တာ လုပ္မယ္” ဟု ေျပာဆိုေနျခင္း ဟစ္တလာက ဂ်ဴးလူမ်ဳိးမ်ားကို ႏုိင္ငံသားျဖစ္ခြင့္ တားျမစ္သကဲ့သို႔ ရိုဟင္ဂ်ာတို႔အား NVC ထုတ္ေပးၿပီး လူမ်ဳိးေရး သုတ္သင္ေရးစီမံကိန္းအတိုင္း ဆက္လက္လုပ္ေဆာင္ေနျခင္းတို႔သည္ မိမိကိုယ္တုိင္ ဂ်ီႏုိဆိုဒ္တရားခံျဖစ္ေၾကာင္း ဝန္ခံရာေရာက္၏။ ရိုက္တာႏွင့္ ေအပီသတင္းဌာနမွ ထုတ္ျပန္ေသာ သတင္းအခ်က္အလက္မ်ား ရာႏႈန္းျပည့္ မွန္ကန္ေၾကာင္း သိပါလ်က္ ျငင္းဆိုေနျခင္းသည္ မိမိ၏ အဆင့္အတန္း မည္မွ်နိမ့္က်ေနသည္ကို ေဖၚက်ဴးေနသည္။
အၾကင္ သူရဲေကာင္းတစ္ေယာက္သည္ စစ္ေျမျပင္၌ စစ္သည္ ဗိုလ္ပါတို႔ကို အႀကိမ္တစ္သန္းေအာင္ ႏုိင္ရာ၏။ အၾကင္ သူရဲေကာင္းတစ္ေယာက္သည္ကား ကိုယ္တြင္း ကိေလသာကို တစ္ႀကိမ္တစ္ခါမွ် ေအာင္ႏုိင္ရာ၏။ ကိေလသာကုိ တစ္ႀကိမ္တစ္ခါ ေအာင္ႏုိင္ေသာ ထုိသူရဲေကာင္းသည္သာလွ်င္ စစ္ႏုိင္သူတို႔တြင္ အျမတ္ဆံုးျဖစ္၏။ (ဓမၼပဒ)
(Unicode Version)
နိုဘယ်ဆုရှင်မှသည် ဂျီနိုဆိုဒ်တရားခံအဖြစ်သို့
ပုထုစဉ်လူသားက ကံသုံးပါးဖြစ်သော ကာယကံ၊ ဝစီကံ၊ မနောကံ ကိုယ် ၊နှုတ် ၊ စိတ်နှလုံးသုံးပါးစလုံးဖြင့် ရိုးသားဖြောင့်မတ်စွာ ပြုမူပြောဆိုဆက်ဆံပါက နတ်အဆင့်ထက်ပင် မြင့်မြတ်နိုင်ပြီး အာဏာဂုဏ်မက်မော၍ အမှန်တရားကို လျစ်လျူရှုသူတို့မှာမူ ခြေလေးချောင်းသတ္တဝါထက် ပို၍ နိမ့်ကျနိုင်သည်။
၁၉၈၈မှစ၍ တစ်ကမ္ဘာလုံးက ဒီမိုကရေစီခေါင်းဆောင်ဟု အမြတ်တနိုးခေါ်ဆိုပြီး ကြည်ညိုလေးစားလာခဲ့ရုံမက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသူအဖြစ် သဘောထား၍ နိုဘယ်ဆုပါ ချီးမြှင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ယခု အခါ ဂျီနိုဆိုဒ်တရားခံအဖြစ် မြင်လာကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရဖွဲ့ပြီးသည့်အချိန်မှစ၍ ယနေ့အထိ ပြည်သူအား သူမ ပေးခဲ့သမျှ မည်သည့် ကတိကဝတ်ကိုမျှ အကောင်အထည်ဖော်ပေးခြင်းလည်းမရှိ ကတိတည်ခြင်းလည်း မရှိပေ။ ရခိုင် ပြဿနာမှာ အမှန်တရားကို သိပါလျက် ဂျီနိုဆိုဒ်တရားခံများကို အကာအကွယ်ပေးခဲ့သည်။
ကမ္ဘာ့အထင်ကရ မီဒီယာများက ဗွီဒီယိုဓါတ်ပုံများနှင့်တကွ သက်သေအထောက်အထား စုံစုံလွင်လွင်ဖြင့် ပညာရှိဆန်ဆန် သတင်း တင်ဆက်နေခြင်းအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြင်းဆန်နေခြင်းသည် သူမကိုလည်း ဂျီနိုဆိုဒ်တရားခံ အပေါင်းအပါများအနက် တစ်ဦးဖြစ်ကြောင်း ထင်ရှားစေ၏။
ကမ္ဘာ့ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပေးလေးစားရသည့် အဓိကအကြောင်းရင်းကိုပင် သူမ အလေးထားဟန်မတူပေ။ ကိုယ့်ကိုကိုယ်ချစ်လျှင် ကိုယ်၊ နှုတ်၊ စိတ်တို့အားဖြင့် ကောင်းသော အမှုကို ပြုရမည်ဟု မြတ်စွာဘုရားဟောခဲ့သည်ကိုလည်း သိထားပုံမရ။
အာဏာရှင်ဆန်ဆန် လူမိုက်ဆန်ဆန် “ငါ့ နိုင်ငံမှာ ငါတို့လုပ်ချင်တာ လုပ်မယ်” ဟု ပြောဆိုနေခြင်း ဟစ်တလာက ဂျူးလူမျိုးများကို နိုင်ငံသားဖြစ်ခွင့် တားမြစ်သကဲ့သို့ ရိုဟင်ဂျာတို့အား NVC ထုတ်ပေးပြီး လူမျိုးရေး သုတ်သင်ရေးစီမံကိန်းအတိုင်း ဆက်လက်လုပ်ဆောင်နေခြင်းတို့သည် မိမိကိုယ်တိုင် ဂျီနိုဆိုဒ်တရားခံဖြစ်ကြောင်း ဝန်ခံရာရောက်၏။ ရိုက်တာနှင့် အေပီသတင်းဌာနမှ ထုတ်ပြန်သော သတင်းအချက်အလက်များ ရာနှုန်းပြည့် မှန်ကန်ကြောင်း သိပါလျက် ငြင်းဆိုနေခြင်းသည် မိမိ၏ အဆင့်အတန်း မည်မျှနိမ့်ကျနေသည်ကို ဖေါ်ကျူးနေသည်။
အကြင် သူရဲကောင်းတစ်ယောက်သည် စစ်မြေပြင်၌ စစ်သည် ဗိုလ်ပါတို့ကို အကြိမ်တစ်သန်းအောင် နိုင်ရာ၏။ အကြင် သူရဲကောင်းတစ်ယောက်သည်ကား ကိုယ်တွင်း ကိလေသာကို တစ်ကြိမ်တစ်ခါမျှ အောင်နိုင်ရာ၏။ ကိလေသာကို တစ်ကြိမ်တစ်ခါ အောင်နိုင်သော ထိုသူရဲကောင်းသည်သာလျှင် စစ်နိုင်သူတို့တွင် အမြတ်ဆုံးဖြစ်၏။ (ဓမ္မပဒ)