ဧရာဝတီတုိင္းေဒသႀကီး၊ ဟသၤာတခရုိင္၊ ႀကံခင္းၿမိဳ႕နယ္ ခုံႀကီးေက်းရြာ အေနာက္ဘက္ (၆)မုိင္ခန္႔အကြာ ရခုိင္ရုိးမေတာစပ္တြင္ ခုိးဝင္ဘဂၤလီ ၁ဝ ဦးအား ေမလ ၉ ရက္ေန႔တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း မီဒီယာမ်ား၌ ေဖာ္ျပခဲ့ၾကသည္။
ဘဂၤလီမ်ား ခုိးဝင္လာေၾကာင္း သတင္းရထားသည့္အတြက္ ေမ ၉ ရက္ ည နယ္ေျမရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေနလင္းစုိး ဦးစီးေသာ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ခုံႀကီးေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဖြဲ႔တုိ႔ ပူးေပါင္းၿပီး ခိုးဝင္လာသူမ်ားကို ဖမ္းဆီးေၾကာင္း သတင္းမ်ားတြင္ ေရးသားၾကသည္။
စစ္ေတြၿမိဳ႕နယ္တြင္ေနထုိင္သည့္ အာယုမ္အာလီ (ခ) လွေက်ာ္၊ အာဒူလ္လာ (ခ)ေမာင္ေက်ာ္ဝင္း၊ ေဇာ္ကီအာမက္ (ခ)ေက်ာ္ႏုိင္၊ ေဂ်ာင္ဘုိ(ခ)ေမာင္လွ၊ မာမြတ္ဂ်ာဘယ္(ခ)လွေက်ာ္၊ ဇာႏုရာ ေဘဂြမ္(ခ) ခင္ခင္ႏု၊ ဘီဘီအာရွား(ခ)လွလွစိန္၊ ေခၚရီမာေဘဂြမ္ (ခ)သန္းသန္းႏု၊ ေရွာ္ဘီခါေဘဂြမ္(ခ) မမေအးစသည့္ ခိုးဝင္လာသူ ၁၀ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ၎တို႔အား သက္ဆုိင္ရာ တာဝန္ရွိသူမ်ားက အေသးစိတ္စစ္ေဆးမႈမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း ေဖာ္ျပၾကသည္။
ျမန္မာစာဖတ္တတ္သည့္ စာဖတ္ပရိသတ္တို႔အား ႏိုင္ငံေတာ္ပိုင္ မီဒီယာမ်ားႏွင့္ ပုဂၢိလိက မီဒီယာမ်ားတြင္ မၾကာခဏ ေဖာ္ျပေလ့ရွိသည့္ ခိုးဝင္ ဘဂၤလီဟူသည့္ အသုံးႏႈန္း အဘယ္ေႀကာင့္ သုံးစြဲေနရပါ သနည္းဆိုသည့္ အဆိုပါ ခိုးဝင္ဘဂၤလီ၏ပေဟဠိကို ေထာက္ျပလိုပါသည္။
၁။ အဆိုပါခိုးဝင္မ်ားမွာ ျမန္မာႏိုင္ငံအတြင္း ေနထိုင္သူမ်ားျဖစ္ေၾကာင္း မီဒီယာမ်ားေဖာ္ျပသည္႔ သတင္းမ်ား၌ပင္ ရွိပါလ်က္ အဘယ္ေၾကာင္း ခိုးဝင္ဟု ေခၚရသနည္း။
၂။ ခိုးဝင္လာသူမ်ားကို ျပည္မသို႔ ခိုးသြင္းေနၾကသူမ်ားမွာ မည္သူတို႔နည္း။
၃။ ခိုးဝင္ဆိုသူမ်ားသာ အစဥ္အဖမ္းခံရေလ႔ရွိျပီး သူတို႔ကိုေခၚလာသူမ်ား မည္သည့္အခါမွ် အဘယ္ေၾကာင့္ အဖမ္းမခံရသနည္း။
ခိုးဝင္ဘဂၤလီဟူေသာစကားလုံးကို အစိုးရပိုင္ မီဒီယာမ်ားတြင္ ၂၀၁၁ မွစတင္သုံးစြဲလာျပီး ၂၀၁၂ ရခိုင္အၾကမ္းဖက္မႈေနာက္ပိုင္းတြင္ မီဒီယာအားလုံး၌ တြင္တြင္က်ယ္က်ယ္ သုံးစြဲလာၾကသည္။ ခိုးဝင္ဘဂၤလီသည္ စစ္အာဏာရွင္ သိန္းစိန္က တရုတ္တို႔၏ ေရႊဂတ္စ္စီမံကိန္းကို ဆန္႔က်င္ဆႏၵျပခဲ့ၾကေသာ ရခိုင္တို႔အား အာရုံေျပာင္းေစရန္ အသုံးျပဳသည့္ မေနာေသြးတိုးေဆးပင္ ျဖစ္သည္။
၂၀၁၁ မွစ၍ ခိုးဝင္လာသူဟု မေခၚခံရသူမ်ားသည္ ၂၀၁၀အထိ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္အေရြးခံခြင့္ မဲထည့္ခြင့္ ရွိခဲ့ၾကသူမ်ားျဖစ္ၾကသည္။
အကယ္၍ သူတို႔ခိုးဝင္လာသူမ်ား မွန္ကန္ခဲ့ပါလ်ွင္ သမၼတေဟာင္း ဦးသိန္းစိန္ႏွင့္တကြ အစိုးရအဖြဲ႔ဝင္အားလုံး ခိုးဝင္လာသူမ်ားကို လႊတ္ေတာ္ထဲ ေခၚသြင္းခဲ့သည့္ ႏိုင္ငံေတာ္အား သစၥာေဖာက္မႈျဖင့္ အေရးယူရမည္ ျဖစ္ေပသည္။
စစ္အာဏာရွင္ သိန္းစိန္လက္ထက္ ၂၀၁၂-၂၀၁၃ တြင္ ခိုးဝင္ဘဂၤလီ ဝါဒျဖန္႔ျခင္း မဘသအၾကမ္းဖက္အုပ္စုအား ခိုးဝင္ဘဂၤလီ တရားေဟာေစျခင္း တို႔ျဖင့္ တရုတ္တို႔၏ ေရႊဂတ္စ္လိႈင္းကို အျပီး တည္ေဆာက္ရာ တိုင္းႏွင့္ျပည္နယ္အားလုံး၌ မြတ္စလက္မ်ားကို ရက္ရက္စက္စက္ အၾကမ္းဖက္ခဲ့ၾကသည္။ ၎ကို လူမႈေရးဘာသာေရးပဋိပကၡဟု ဝါဒျဖန္႔ခဲ့သည္။
အၾကမ္းဖက္မႈအျပီးတြင္ ရခိုင္ျပည္နယ္ရွိ ရိုဟင္ဂ်ာအားလုံးကို အက်ဥ္းစခန္းမ်ားတြင္လည္းေကာင္း အိုးအိမ္ မီးရႈိ႔ခံရသူမ်ားကို IDP ေခၚ ဒုကၡသည္စခန္းမ်ားတြင္လည္းေကာင္း ပိတ္ေလွာင္ထားလာခဲ့ၾကသည္။
အက်ဥ္းစခန္းမ်ား ႏွင့္ IDP စခန္းမ်ား၌ ပိတ္ေလွာက္ခံရသူမ်ားကို ရဲကင္းစခန္းမ်ား လုံျခဳံေရးစခန္းမ်ားျဖင့္ ၂၄ နာရီ ေစာင့္ၾကည့္ေနၾကသည္။ ထိုစခန္းမ်ားမွ ခိုးထြက္ႏိုင္သည့္ တစ္ခုတည္းေသာ နည္းလမ္းမွာ လုံျခဳံေရးအရာရွိမ်ားကို သူတို႔ေတာင္းဆိုသည့္ ေငြေၾကးပမာဏေပး၍ သူတို႔၏အကူအညီျဖင့္ ခိုးထြက္ျခင္းသာ ျဖစ္သည္။
ခိုးဝင္ဘဂၤလီဟူေသာေဝါဟာရသည္ ရိုဟင္ဂ်ာတို႔ လူမ်ိဳးတုံးသုတ္သင္ရာတြင္ အသုံးျပဳ အေရးပါေသာလက္နက္ႏွင့္ စစ္အာဏာရွင္တို႔ မဟာဗ်ဴဟာလည္းျဖစ္သည္။ ဂ်ီႏိုဆိုဒ္တရားခံမ်ားကို ICC ေခၚ ႏုိင္ငံတကာရာဇဝတ္ခုံရုံး အေရာက္ပို႔ေပးမည္႔ ခိုင္မာေသာ သက္ေသအေထာက္အထားလည္းျဖစ္သည္။
ႏိုင္ငံတကာ အသိုင္းအဝိုင္းက IDP စခန္းမ်ားပိတ္သိမ္းရန္ႏွင့္ ဒုကၡသည္မ်ားကို သူတို႔၏ မူလေနရာမ်ားတြင္ ျပန္လည္အေျခခ်ေနထိုင္ခြင့္ေပးရန္ေတာင္းဆိုလာသည္႔အခါ စစ္တပ္မွအရာရွိမ်ားႏွင့္ လုံျခဳံေရးတပ္ပြဲမ်ား ရိုဟင္ဂ်ာတို႔အေပၚ ပို၍ ဖိႏွိပ္ခ်ဳပ္ခ်ယ္လာသည္။ ထိုအခါ အက်ဥ္းစခန္းတြင္ ေနထိုင္ၾကရသူမ်ားအတြက္ အခြင့္အလန္းႏွစ္ခုသာရွိ၏။
ပထမတစ္ခုမွာ ေဆးဝါးႏွင့္ အစာေရဆာ ျဖတ္လ်က္ အက်ဥ္းစခန္းမ်ား၌ပင္ ေသေစျခင္းျဖစ္ျပီး ဒုတိယတစ္ခု အရာရွိမ်ားေတာင္းဆိုသည့္ ေငြေၾကးပမာဏေပး၍ ကုန္းလမ္းႏွင့္ ေရလမ္းအတိုင္း ေနရပ္စြန္႔ျခင္းတို႔ ျဖစ္သည္။
ကုန္းလမ္းအတိုင္း ေခၚလာသူတို႔အား သူတို႔ကို ေခၚလာသည့္အရာမ်ားက ျပည္မတစ္ေနရာရာသို႔ ေရာက္သည္ႏွင့္ ခိုးဝင္သူေတြ႔သည္ဟု ရဲကို အေၾကာင္းၾကားလ်က္ ဖမ္းဆီးေစသည္။ ထိုသို႔ျဖင့္ မ်ိဳးတုံးသုတ္သင္ေရးလည္း ေအာင္ျမင္သည့္ နည္းလမ္းေကာင္းတစ္ခုပင္။
၂၀၁၂မွ ယေန႔အထိ ျပည္မတြင္ ခိုးဝင္ပုဒ္မျဖင့္ ဖမ္းဆီးသူမ်ားကို ေပၚတာေခၚျခင္း အလုပ္ၾကမ္းခိုင္းေစျခင္းတို႔ျဖင့္ ေဖ်ာက္ပစ္ခဲ့ၾကသည္။ မည္သူတစ္ဦးတစ္ေယာက္မွ် မိမိ၏ ေနရပ္သို႔ မျပန္ႏိုင္ခဲ့ေခ်။
ေရေၾကာင္းအတိုင္း ေနရပ္စြန္႔ရန္ စက္ေလွမ်ား ေပၚတင္ေပးသည့္ လုံျခဳံေရးအရာရွိမ်ားက အေၾကာင္းအမ်ိဳးမ်ိဳးျပကာ အစာေရဆာႏွင့္စက္သုံးဆီ မေလာက္မင တင္ခြင့္ေပးျပီး ေလွတစ္ခုေပၚ လူအေယာက္ ၇၀ မွ ၁၂၀ အထိ သယ္ယူခြင့္ေပးထားသည္။ ပိုက္ဆံရရုံမက ပင္လယ္မွာေသပါေစဟု စြန္႔ပစ္ရာလည္းေရာက္သည့္အတြက္ စစ္အာဏာရွင္တို႔၏ ဂ်ီႏိုဆိုဒ္စီမံကိန္းကို အေထာက္အကူျပဳ ေနျခင္းပင္ ျဖစ္ေပေတာ့၏။
(Unicode Version)
ခိုးဝင်ဘင်္ဂလီများ အဖမ်းခံရခြင်း၏ ပဟေဠိဖြစ်နေသော ပုစ္ဆာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ခုံကြီးကျေးရွာ အနောက်ဘက် (၆)မိုင်ခန့်အကွာ ရခိုင်ရိုးမတောစပ်တွင် ခိုးဝင်ဘင်္ဂလီ ၁ဝ ဦးအား မေလ ၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မီဒီယာများ၌ ဖော်ပြခဲ့ကြသည်။
ဘင်္ဂလီများ ခိုးဝင်လာကြောင်း သတင်းရထားသည့်အတွက် မေ ၉ ရက် ည နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နေလင်းစိုး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် ခုံကြီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ ပူးပေါင်းပြီး ခိုးဝင်လာသူများကို ဖမ်းဆီးကြောင်း သတင်းများတွင် ရေးသားကြသည်။
စစ်တွေမြို့နယ်တွင်နေထိုင်သည့် အာယုမ်အာလီ (ခ) လှကျော်၊ အာဒူလ်လာ (ခ)မောင်ကျော်ဝင်း၊ ဇော်ကီအာမက် (ခ)ကျော်နိုင်၊ ဂျောင်ဘို(ခ)မောင်လှ၊ မာမွတ်ဂျာဘယ်(ခ)လှကျော်၊ ဇာနုရာ ဘေဂွမ်(ခ) ခင်ခင်နု၊ ဘီဘီအာရှား(ခ)လှလှစိန်၊ ခေါ်ရီမာဘေဂွမ် (ခ)သန်းသန်းနု၊ ရှော်ဘီခါဘေဂွမ်(ခ) မမအေးစသည့် ခိုးဝင်လာသူ ၁၀ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြကြသည်။
မြန်မာစာဖတ်တတ်သည့် စာဖတ်ပရိသတ်တို့အား နိုင်ငံတော်ပိုင် မီဒီယာများနှင့် ပုဂ္ဂိလိက မီဒီယာများတွင် မကြာခဏ ဖော်ပြလေ့ရှိသည့် ခိုးဝင် ဘင်္ဂလီဟူသည့် အသုံးနှုန်း အဘယ်ကြောင့် သုံးစွဲနေရပါ သနည်းဆိုသည့် အဆိုပါ ခိုးဝင်ဘင်္ဂလီ၏ပဟေဠိကို ထောက်ပြလိုပါသည်။
၁။ အဆိုပါခိုးဝင်များမှာ မြန်မာနိုင်ငံအတွင်း နေထိုင်သူများဖြစ်ကြောင်း မီဒီယာများဖော်ပြသည့် သတင်းများ၌ပင် ရှိပါလျက် အဘယ်ကြောင်း ခိုးဝင်ဟု ခေါ်ရသနည်း။
၂။ ခိုးဝင်လာသူများကို ပြည်မသို့ ခိုးသွင်းနေကြသူများမှာ မည်သူတို့နည်း။
၃။ ခိုးဝင်ဆိုသူများသာ အစဉ်အဖမ်းခံရလေ့ရှိပြီး သူတို့ကိုခေါ်လာသူများ မည်သည့်အခါမျှ အဘယ်ကြောင့် အဖမ်းမခံရသနည်း။
ခိုးဝင်ဘင်္ဂလီဟူသောစကားလုံးကို အစိုးရပိုင် မီဒီယာများတွင် ၂၀၁၁ မှစတင်သုံးစွဲလာပြီး ၂၀၁၂ ရခိုင်အကြမ်းဖက်မှုနောက်ပိုင်းတွင် မီဒီယာအားလုံး၌ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြသည်။ ခိုးဝင်ဘင်္ဂလီသည် စစ်အာဏာရှင် သိန်းစိန်က တရုတ်တို့၏ ရွှေဂတ်စ်စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသော ရခိုင်တို့အား အာရုံပြောင်းစေရန် အသုံးပြုသည့် မနောသွေးတိုးဆေးပင် ဖြစ်သည်။
၂၀၁၁ မှစ၍ ခိုးဝင်လာသူဟု မခေါ်ခံရသူများသည် ၂၀၁၀အထိ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံခွင့် မဲထည့်ခွင့် ရှိခဲ့ကြသူများဖြစ်ကြသည်။
အကယ်၍ သူတို့ခိုးဝင်လာသူများ မှန်ကန်ခဲ့ပါလျှင် သမ္မတဟောင်း ဦးသိန်းစိန်နှင့်တကွ အစိုးရအဖွဲ့ဝင်အားလုံး ခိုးဝင်လာသူများကို လွှတ်တော်ထဲ ခေါ်သွင်းခဲ့သည့် နိုင်ငံတော်အား သစ္စာဖောက်မှုဖြင့် အရေးယူရမည် ဖြစ်ပေသည်။
စစ်အာဏာရှင် သိန်းစိန်လက်ထက် ၂၀၁၂-၂၀၁၃ တွင် ခိုးဝင်ဘင်္ဂလီ ဝါဒဖြန့်ခြင်း မဘသအကြမ်းဖက်အုပ်စုအား ခိုးဝင်ဘင်္ဂလီ တရားဟောစေခြင်း တို့ဖြင့် တရုတ်တို့၏ ရွှေဂတ်စ်လှိုင်းကို အပြီး တည်ဆောက်ရာ တိုင်းနှင့်ပြည်နယ်အားလုံး၌ မွတ်စလက်များကို ရက်ရက်စက်စက် အကြမ်းဖက်ခဲ့ကြသည်။ ၎င်းကို လူမှုရေးဘာသာရေးပဋိပက္ခဟု ဝါဒဖြန့်ခဲ့သည်။
အကြမ်းဖက်မှုအပြီးတွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအားလုံးကို အကျဉ်းစခန်းများတွင်လည်းကောင်း အိုးအိမ် မီးရှို့ခံရသူများကို IDP ခေါ် ဒုက္ခသည်စခန်းများတွင်လည်းကောင်း ပိတ်လှောင်ထားလာခဲ့ကြသည်။
အကျဉ်းစခန်းများ နှင့် IDP စခန်းများ၌ ပိတ်လှောက်ခံရသူများကို ရဲကင်းစခန်းများ လုံခြုံရေးစခန်းများဖြင့် ၂၄ နာရီ စောင့်ကြည့်နေကြသည်။ ထိုစခန်းများမှ ခိုးထွက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ လုံခြုံရေးအရာရှိများကို သူတို့တောင်းဆိုသည့် ငွေကြေးပမာဏပေး၍ သူတို့၏အကူအညီဖြင့် ခိုးထွက်ခြင်းသာ ဖြစ်သည်။
ခိုးဝင်ဘင်္ဂလီဟူသောဝေါဟာရသည် ရိုဟင်ဂျာတို့ လူမျိုးတုံးသုတ်သင်ရာတွင် အသုံးပြု အရေးပါသောလက်နက်နှင့် စစ်အာဏာရှင်တို့ မဟာဗျူဟာလည်းဖြစ်သည်။ ဂျီနိုဆိုဒ်တရားခံများကို ICC ခေါ် နိုင်ငံတကာရာဇဝတ်ခုံရုံး အရောက်ပို့ပေးမည့် ခိုင်မာသော သက်သေအထောက်အထားလည်းဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက IDP စခန်းများပိတ်သိမ်းရန်နှင့် ဒုက္ခသည်များကို သူတို့၏ မူလနေရာများတွင် ပြန်လည်အခြေချနေထိုင်ခွင့်ပေးရန်တောင်းဆိုလာသည့်အခါ စစ်တပ်မှအရာရှိများနှင့် လုံခြုံရေးတပ်ပွဲများ ရိုဟင်ဂျာတို့အပေါ် ပို၍ ဖိနှိပ်ချုပ်ချယ်လာသည်။ ထိုအခါ အကျဉ်းစခန်းတွင် နေထိုင်ကြရသူများအတွက် အခွင့်အလန်းနှစ်ခုသာရှိ၏။
ပထမတစ်ခုမှာ ဆေးဝါးနှင့် အစာရေဆာ ဖြတ်လျက် အကျဉ်းစခန်းများ၌ပင် သေစေခြင်းဖြစ်ပြီး ဒုတိယတစ်ခု အရာရှိများတောင်းဆိုသည့် ငွေကြေးပမာဏပေး၍ ကုန်းလမ်းနှင့် ရေလမ်းအတိုင်း နေရပ်စွန့်ခြင်းတို့ ဖြစ်သည်။
ကုန်းလမ်းအတိုင်း ခေါ်လာသူတို့အား သူတို့ကို ခေါ်လာသည့်အရာများက ပြည်မတစ်နေရာရာသို့ ရောက်သည်နှင့် ခိုးဝင်သူတွေ့သည်ဟု ရဲကို အကြောင်းကြားလျက် ဖမ်းဆီးစေသည်။ ထိုသို့ဖြင့် မျိုးတုံးသုတ်သင်ရေးလည်း အောင်မြင်သည့် နည်းလမ်းကောင်းတစ်ခုပင်။
၂၀၁၂မှ ယနေ့အထိ ပြည်မတွင် ခိုးဝင်ပုဒ်မဖြင့် ဖမ်းဆီးသူများကို ပေါ်တာခေါ်ခြင်း အလုပ်ကြမ်းခိုင်းစေခြင်းတို့ဖြင့် ဖျောက်ပစ်ခဲ့ကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ မိမိ၏ နေရပ်သို့ မပြန်နိုင်ခဲ့ချေ။
ရေကြောင်းအတိုင်း နေရပ်စွန့်ရန် စက်လှေများ ပေါ်တင်ပေးသည့် လုံခြုံရေးအရာရှိများက အကြောင်းအမျိုးမျိုးပြကာ အစာရေဆာနှင့်စက်သုံးဆီ မလောက်မင တင်ခွင့်ပေးပြီး လှေတစ်ခုပေါ် လူအယောက် ၇၀ မှ ၁၂၀ အထိ သယ်ယူခွင့်ပေးထားသည်။ ပိုက်ဆံရရုံမက ပင်လယ်မှာသေပါစေဟု စွန့်ပစ်ရာလည်းရောက်သည့်အတွက် စစ်အာဏာရှင်တို့၏ ဂျီနိုဆိုဒ်စီမံကိန်းကို အထောက်အကူပြု နေခြင်းပင် ဖြစ်ပေတော့၏။