(၁၂.၃.၂၀၁၂) နေ့ မြန်မာ့အသံကနေ ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စ(၃)ရပ်ကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်တယ်” လို့ပြောခဲ့တာကို ပြည်သူတွေ မှတ်မိပါလိမ့်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က မေ့နေပြီထင်တယ်။
ယနေ့အထိ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုး ရေးဆိုတာတောင် ဘယ်ပုံစံမျိုးလဲဆိုတာ သိရခက်လောက်အောင် ကင်းမဲ့နေတယ်။ ကျွန်တော် ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေရဲ့ အခြေအနေကို စပြောပါရစေ။ ၂၀၁၂ မတိုင်မီ အင်မတန်စည်ကားခဲ့တဲ့ စစ်တွေမြို့ ရဲ့ လမ်းမကြီးဟာ စစ်တပ်နဲ့ အဝကျွန်းသားရခိုင်တွေ စတင်ခဲ့တဲ့ ၂၀၁၂ အကြမ်းဖက်မှုပြီးကတည်းက ယနေ့ အထိ မလုံခြုံတော့ဘူး။ ရခိုင်လူမျိုးတွေ ညဘက်ဆို အပြင်မထွက်ရဲဘူး။ လုယက်မှုနဲ့ အနိုင်ကျင့်မှုတွေ ရှိနေတယ်။
နိုင်ငံတော်က တိုင်းရင်းသားပါလို့ အသိအမှတ်ပြုခဲ့တဲ့ ကမန်တိုင်းရင်းသားတွေတောင် ကျောင်းတက်ခွင့်၊ ဈေးသွားခွင့်၊ အလုပ်လုပ်ခွင့် မရှိသေးဘူး။ မကြာသေးမီက ကမန်တွေ ကျောင်းအပ်ဖို့ သွားတော့ ကျောင်းအုပ်က “ကျွန်တော်တို့ ကျောင်းသားလက်ခံနိုင်တယ် ဒါပေမဲ့ အိမ်ကနေ ကျောင်းရောက်တဲ့အထိ လုံခြုံရေး တာဝန်မယူနိုင်ဘူး”လို့ ပြန်ဖြေခဲ့တယ်။
လူမျိုးတုံးသတ်ဖြတ်ရေးစီမံကိန်းအရ သုတ်သင်ရှင်းလင်းနေတဲ့ ရိုဟင်ဂျာတို့ဘဝလဲ “ငတ်ပြတ်ပြီး အမြန်သေပါစေ” လို့ အစိုးရကိုယ်တိုင် သန္နိဋ္ဌာန်ချထားသလိုပဲ။ မီးရှို့မခံရတဲ့ ရွာလို့ တစ်ရွာတည်းသာ ကျန်ခဲ့တဲ့ အောင်မင်္ဂလာမှာ နေထိုင်သူတွေတောင် ယနေ့အထိ အလုပ်လုပ်ခွင့်၊ ကျောင်းသွားခွင့်၊ ဆေးကုသခွင့် လုံးဝလုံးဝမရှိသေးဘူး။
ဒုက္ခသည်စခန်းတွေကတော့ နာဇီအကျဉ်းထောင်မှာ နေထိုင်ရသလိုဖြစ်ပြီး အစိုးရက ဒုက္ခသည်စခန်းတွေ ဖျက်သိမ်းတော့မယ်လို့ အော်နေပေမဲ့ အဆိုပါ ဒုက္ခသည်တွေကို မသေမချင်း ပိတ်ဆို့ထားမယ့် အနေအထားပါ။ ကျန်းမာရေး၊ ပညာရေး၊ အစာရေစာ ပြတ်တောက်ပြီး အကျဉ်းစခန်းကနေ ဘယ်လိုထွက်ရမလဲ ဆိုတာပဲ တစ်ချိန်လုံး တွေးနေကြရတယ်။ ထွက်မယ်ဆိုလည်း ရဲ၊ စစ်တပ်နဲ့ ရေတပ်ကို ပိုက်ဆံပေးရတယ်။ ပြီးတော့ စစ်တွေက ထွက်သွားပြီး တခြားမြို့ကိုရောက်တာနဲ့အာဏာပိုင်တွေရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံရတယ်။ ခိုးဝင်ဘင်္ဂလီပုဒ်မနဲ့ ထောင်ချခံရတယ်။ အာဏာပိုင်တွေ ကျင်လည်နေတဲ့စားကျက်၊ လူမျိုးတုံးသတ်ဖြတ်ရေးကို အကောင်အတည်ဖော်နေခြင်းပဲ မဟုတ်လား၊
အကျဉ်းစခန်းတွေမှာ နေသူတွေသာမက ယခင်က ငါးဖမ်းလုပ်စားသူတွေ၊ လယ်လုပ်စားသူ တွေလဲ အလုပ်လုပ်ခွင့်၊ ကျောင်းတက်ခွင့်မရှိဘူး။ ငါးဖမ်းသမားတွေက ငါးဖမ်းလှေတစ်စီးအတွက် အာဏာပိုင်တွေကို သုံးသိန်းပေးရတယ်။ သိန်းစိန်အစိုးရလက်ထက်မှာ ပိုက်ဆံပေးပြီး ငါးဖမ်းခွင့်ရှိခဲ့ပေမဲ့ NLD အစိုးရလက် ထက်မှာတော့ ငါးဖမ်းခွင့်၊ အလုပ်လုပ်ခွင့်ကို ပိုပြီးတင်းကျပ်ပိတ်ဆို့လာတာ တွေ့ရတယ်။
အလားတူ ပေါက်တော ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေလဲ ယခင်က လုံခြုံရေးကို ပိုက်ဆံပေးပြီး ငါးဖမ်းခွင့်ရှိခဲ့ပေမဲ့ ဒေါ်စုအစိုးရလက်ထက်မှာ ပိုပြီး ကန့်သတ်လာတာတွေ့ရတယ်။ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ကျောက်ဖြူနဲ့ ရသေ့တောင်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေလဲ အလုပ်လုပ်ခွင့်၊ ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်၊ လုံးဝ လုံးဝ မရှိသေးပါ။ သူတို့နေထိုင်ရာ အနီးတဝိုက်မှာ စားလို့ရသမျှကို စိုက်ပြီး အသက်ရှင်နိုင်အောင် မနည်းရုန်းကန် နေရတယ်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ တုတ်၊ ဓါးကိုင်ဆောင်ပြီး လုံခြုံရေးစခန်းကို တိုက်ခိုက်စေခဲ့တဲ့ စစ်တပ်ရဲ့မွေးစားသား အာဆာကို အကြောင်းပြကာ မောင်းတောနဲ့ ဘူးသီးတောင်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကိုလဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ပြီး မောင်းထုတ်ခဲ့တယ်။ ရိုဟင်ဂျာ တစ်သန်းနီးပါး ဘင်္ဂလားဒေ့ချ်ဘက် အသက်လုထွက်ပြေးခဲ့ရတယ်။ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို အသာထား ရခိုင်ပြည်ထဲမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကိုတောင် လုံခြုံရေးအကြောင်းပြုပြီး နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားနေဆဲဖြစ်တယ်။
တရားဥပဒေစိုးမိုးရေးအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ တရားဥပဒေ စိုးမိုးရေးကို မလုပ်ရုံမက “ဖွဲ့စည်းပုံမပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မဝင်ဘူး” လို့ ပြည်သူကို လှည့်စားကာ ရွေးကောက် ပွဲဝင်ပြီး အနိုင်ရပါလျက် ဖွဲ့စည်းပုံပြင်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ဦးကိုနီအား လုပ်ကြံသူတွေကိုတောင် အရေးမယူသေးပါ။
(Zawgyi Version)
(၁၂.၃.၂၀၁၂) ေန႔ ျမန္မာ့အသံကေန ေဒၚေအာင္ဆန္းစုၾကည္က “အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရဲ႕ အဓိက ရည္ရြယ္ခ်က္ေတြအနက္ ထိပ္တန္းတင္ထားတဲ့ ကိစၥ(၃)ရပ္ကေတာ့ တရားဥပေဒ စိုးမိုးေရး၊ ျပည္တြင္း ၿငိမ္းခ်မ္းေရးနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးတို႔ ျဖစ္တယ္” လို႔ေျပာခဲ့တာကို ျပည္သူေတြ မွတ္မိပါလိမ့္မယ္။ ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္က ေမ့ေနၿပီထင္တယ္။
ယေန႔အထိ ရခိုင္ျပည္နယ္မွာ တရားဥပေဒစိုးမိုး ေရးဆိုတာေတာင္ ဘယ္ပံုစံမ်ဳိးလဲဆိုတာ သိရခက္ေလာက္ေအာင္ ကင္းမဲ့ေနတယ္။ ကြ်န္ေတာ္ ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ျဖစ္တဲ့ စစ္ေတြရဲ႕ အေျခအေနကို စေျပာပါရေစ။ ၂၀၁၂ မတုိင္မီ အင္မတန္စည္ကားခဲ့တဲ့ စစ္ေတြၿမိဳ႕ ရဲ႕ လမ္းမႀကီးဟာ စစ္တပ္နဲ႔ အဝကြ်န္းသားရခိုင္ေတြ စတင္ခဲ့တဲ့ ၂၀၁၂ အၾကမ္းဖက္မႈၿပီးကတည္းက ယေန႔ အထိ မလံုၿခံဳေတာ့ဘူး။ ရခုိင္လူမ်ဳိးေတြ ညဘက္ဆို အျပင္မထြက္ရဲဘူး။ လုယက္မႈနဲ႔ အႏုိင္က်င့္မႈေတြ ရွိေနတယ္။
ႏိုင္ငံေတာ္က တုိင္းရင္းသားပါလို႔ အသိအမွတ္ျပဳခဲ့တဲ့ ကမန္တုိင္းရင္းသားေတြေတာင္ ေက်ာင္းတက္ခြင့္၊ ေစ်းသြားခြင့္၊ အလုပ္လုပ္ခြင့္ မရွိေသးဘူး။ မၾကာေသးမီက ကမန္ေတြ ေက်ာင္းအပ္ဖို႔ သြားေတာ့ ေက်ာင္းအုပ္က “ကြ်န္ေတာ္တို႔ ေက်ာင္းသားလက္ခံႏုိင္တယ္ ဒါေပမဲ့ အိမ္ကေန ေက်ာင္းေရာက္တဲ့အထိ လံုၿခံဳေရး တာဝန္မယူႏုိင္ဘူး”လို႔ ျပန္ေျဖခဲ့တယ္။
လူမ်ဳိးတံုးသတ္ျဖတ္ေရးစီမံကိန္းအရ သုတ္သင္ရွင္းလင္းေနတဲ့ ရိုဟင္ဂ်ာတို႔ဘဝလဲ “ငတ္ျပတ္ၿပီး အျမန္ေသပါေစ” လို႔ အစိုးရကိုယ္တိုင္ သႏၷိ႒ာန္ခ်ထားသလိုပဲ။ မီးရိႈ႕မခံရတဲ့ ရြာလို႔ တစ္ရြာတည္းသာ က်န္ခဲ့တဲ့ ေအာင္မဂၤလာမွာ ေနထုိင္သူေတြေတာင္္ ယေန႔အထိ အလုပ္လုပ္ခြင့္၊ ေက်ာင္းသြားခြင့္၊ ေဆးကုသခြင့္ လံုးဝလံုးဝမရွိေသးဘူး။
ဒုကၡသည္စခန္းေတြကေတာ့ နာဇီအက်ဥ္းေထာင္မွာ ေနထိုင္ရသလိုျဖစ္ၿပီး အစိုးရက ဒုကၡသည္စခန္းေတြ ဖ်က္သိမ္းေတာ့မယ္လို႔ ေအာ္ေနေပမဲ့ အဆိုပါ ဒုကၡသည္ေတြကုိ မေသမခ်င္း ပိတ္ဆို႔ထားမယ့္ အေနအထားပါ။ က်န္းမာေရး၊ ပညာေရး၊ အစာေရစာ ျပတ္ေတာက္ၿပီး အက်ဥ္းစခန္းကေန ဘယ္လိုထြက္ရမလဲ ဆိုတာပဲ တစ္ခ်ိန္လံုး ေတြးေနၾကရတယ္။ ထြက္မယ္ဆိုလည္း ရဲ၊ စစ္တပ္နဲ႔ ေရတပ္ကို ပိုက္ဆံေပးရတယ္။ ၿပီးေတာ့ စစ္ေတြက ထြက္သြားျပီး တျခားၿမိဳ႕ကိုေရာက္တာနဲ႔အာဏာပိုင္ေတြရဲ႕ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းကို ခံရတယ္။ ခုိးဝင္ဘဂၤလီပုဒ္မနဲ႔ ေထာင္ခ်ခံရတယ္။ အာဏာပိုင္ေတြ က်င္လည္ေနတဲ့စားက်က္၊ လူမ်ိဳးတုံးသတ္ျဖတ္ေရးကို အေကာင္အတည္ေဖာ္ေနျခင္းပဲ မဟုတ္လား၊
အက်ဥ္းစခန္းေတြမွာ ေနသူေတြသာမက ယခင္က ငါးဖမ္းလုပ္စားသူေတြ၊ လယ္လုပ္စားသူ ေတြလဲ အလုပ္လုပ္ခြင့္၊ ေက်ာင္းတက္ခြင့္မရွိဘူး။ ငါးဖမ္းသမားေတြက ငါးဖမ္းေလွတစ္စီးအတြက္ အာဏာပိုင္ေတြကို သံုးသိန္းေပးရတယ္။ သိန္းစိန္အစုိးရလက္ထက္မွာ ပိုက္ဆံေပးၿပီး ငါးဖမ္းခြင့္ရွိခဲ့ေပမဲ့ NLD အစုိးရလက္ ထက္မွာေတာ့ ငါးဖမ္းခြင့္၊ အလုပ္လုပ္ခြင့္ကို ပိုၿပီးတင္းက်ပ္ပိတ္ဆို႔လာတာ ေတြ႕ရတယ္။
အလားတူ ေပါက္ေတာ ဒုကၡသည္စခန္းမွာ ေနထုိင္သူေတြလဲ ယခင္က လံုၿခံဳေရးကို ပိုက္ဆံေပးၿပီး ငါးဖမ္းခြင့္ရွိခဲ့ေပမဲ့ ေဒၚစုအစုိးရလက္ထက္မွာ ပိုၿပီး ကန္႔သတ္လာတာေတြ႕ရတယ္။ မင္းျပား၊ ေျမပံု၊ ေက်ာက္ေတာ္၊ ေက်ာက္ျဖဴနဲ႔ ရေသ့ေတာင္မွာ ေနထုိင္တဲ့ ရိုဟင္ဂ်ာေတြလဲ အလုပ္လုပ္ခြင့္၊ ေက်ာင္းတက္ခြင့္၊ ေဆးကုသခြင့္၊ လံုးဝ လံုးဝ မရွိေသးပါ။ သူတို႔ေနထုိင္ရာ အနီးတဝုိက္မွာ စားလို႔ရသမွ်ကို စိုက္ၿပီး အသက္ရွင္ႏုိင္ေအာင္ မနည္းရုန္းကန္ ေနရတယ္။
ေဒၚေအာင္ဆန္းစုၾကည္ အစိုးရလက္ထက္မွာ တုတ္၊ ဓါးကိုင္ေဆာင္ၿပီး လံုၿခံဳေရးစခန္းကို တုိက္ခိုက္ေစခဲ့တဲ့ စစ္တပ္ရဲ႕ေမြးစားသား အာဆာကို အေၾကာင္းျပကာ ေမာင္းေတာနဲ႔ ဘူးသီးေတာင္မွာ ေနထုိင္တဲ့ ရိုဟင္ဂ်ာေတြကိုလဲ အစုလိုက္အၿပံဳလိုက္ သတ္ျဖတ္မီးရိႈ႕ျပီး ေမာင္းထုတ္ခဲ့တယ္။ ရိုဟင္ဂ်ာ တစ္သန္းနီးပါး ဘဂၤလားေဒ့ခ်္ဘက္ အသက္လုထြက္ေျပးခဲ့ရတယ္။ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရးကို အသာထား ရခိုင္ျပည္ထဲမွာ ေနထုိင္တဲ့ ရိုဟင္ဂ်ာေတြကိုေတာင္ လံုၿခံဳေရးအေၾကာင္းျပဳၿပီး နာဇီအက်ဥ္းစခန္းပမာ ပိတ္ေလွာင္ထားေနဆဲျဖစ္တယ္။
တရားဥပေဒစိုးမိုးေရးအတြက္ ဘယ္သူ႔မွာ တာဝန္ရွိသလဲ။ တရားဥပေဒ စိုးမိုးေရးကို မလုပ္ရံုမက “ဖြဲ႕စည္းပံုမျပင္လွ်င္ ၂၀၁၅ ေရြးေကာက္ပြဲ မဝင္ဘူး” လို႔ ျပည္သူကို လွည့္စားကာ ေရြးေကာက္ ပြဲဝင္ၿပီး အႏုိင္ရပါလ်က္ ဖြဲ႔စည္းပံုျပင္ေရးအတြက္ ႀကိဳးပမ္းခဲ့တဲ့ ဦးကိုနီအား လုပ္ႀကံသူေတြကိုေတာင္ အေရးမယူေသးပါ။