ဒီကေန႔ ၂၄.၁.၂၀၁၉ ေန႔ မြန္းတည္ တစ္နာရီခြဲေလာက္မွာ ေမာင္ေတာျမိဳ႔မွ ရိုဟင္ဂ်ာ အမ်ိဳးသား ၁၆ ေယာက္ အမ်ိဳးသမီး တစ္ေယာက္နဲ႔ ကေလးတစ္ေယာက္အား ႏိုင္ငံေတာ္အစီစဥ္နဲ႔ စစ္ေတြျမိဳ႕ကို ေခၚလာခဲ့တယ္။ ဟိႏၵဴ အုပ္စုတစ္ခုကိုလဲ ေခၚလာခဲ့တယ္။ အမည္မေဖာ္လိုသူ ရခိုင္လုံျခဳံေရးဝန္ထမ္းတစ္ဦးက သူတို႔ကို ေခၚလာရတဲ့အေၾကာင္းရင္းက ႏိုင္ငံတကာသံအဖြဲ႔ကို လိမ္လည္ဖို႔ ျဖစ္တယ္လို႔ ေျပာခ့ဲတယ္။ သူက “ႏိုင္ငံေတာ္က ႏိုင္ငံတကာသံအဖြဲ႔ေတြကို လိမ္လည္လွည့္စားဖို႔အတြက္ ဆင္းရဲတဲ့ ရိုဟင္ဂ်ာတစ္စုနဲ႔ ရခိုင္တစ္စုကို စစ္ေတြေခၚလာျပီး အသင့္ျပင္ထားတယ္။
ရိုဟင္ဂ်ာအုပ္စုနဲ႔ ဟိႏၵဴအဖြဲ႔ေတြအား “သူတို႔ကို ရက္စက္ၾကမ္းၾကဳတ္သူမွာ ARSA ျဖစ္တယ္”လို႔ ေျပာဖို႔ နဲ႔ ရခိုင္အုပ္စုအား “သူတို႔ကို AA က ရက္စက္ခဲ့ေၾကာင္း ေျပာျပဖို႔ ” ေငြေၾကးအနည္းအက်ဥ္းေပးျပီး ျခိမ္းေျခာက္မႈလဲလုပ္ခ့ဲတယ္” လို႔ ေျပာခဲ့တယ္။ NLD ဖြဲ႔ေပးခဲ့တဲ့ ေကာ္မရွင္အဖြဲ႕ကလဲ အဆိုပါအုပ္စုေတြနဲ႔ ေတြ႔ဆုံျပီး ႏိုင္ငံတကာကို အယုံသြင္းႏိုင္တဲ့ အစီရင္ခံစာေရးဖို႔ စီစဥ္ေနတယ္။
ႏိုင္ငံေတာ္က အဲဒီလို လိမ္လည္ဖို႔ ျပင္ဆင္ထားေပမ့ဲ ငါက သက္ဆိုင္တဲ့ႏိုင္ငံတကာအဖြဲ႔အား အစိုးရရဲ႕ အၾကံအစည္နဲ႔ပတ္သက္ျပီး ၾကိဳတင္ အသိေပးခဲ့တယ္လို႔လဲ အဆိုပါ လုံျခဳံေရးဝန္ထမ္းက ေျပာခ့ဲတယ္။ တကယ္ေတာ့ ရခိုင္နဲ႔ ရိုဟင္ဂ်ာေတြကို ရက္စက္ၾကမ္းၾကဳတ္သူမွာ ဗမာစစ္တပ္သာ ျဖစ္တယ္။ ၂၀၁၁ မွာ တရုတ္နဲ႔ ျမန္မာအစိုးရတို႔ ေရႊဂက္စ္စီမံကိန္းအတြက္ စာခ်ဳပ္ခ်ဳပ္ေတာ့ ရခိုင္အမ်ားစုက ဆႏၵျပကန္႔ကြက္ခဲ့တယ္။
၂၀၁၂ မွာ ဗမာစစ္တပ္က မဘသ လက္ေရြးစင္ အၾကမ္းဖက္အုပ္စုနဲ႔ လူမ်ိဳးေရးဘာသာေရး အဓိကရုန္းပုစံ ဖန္တီးျပီး ရိုဟင္ဂ်ာေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြကို ရက္ရက္စက္စက္ ဖ်က္ဆီးခဲ့တယ္။ ၂၀၁၂ ေအာက္တိုဘာလ (၁၀)ရက္ေန႔ ေန႔လည္မွာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) စစ္ေတြၿမိဳ႕က အမ်ဳိးသမီးေရးရာတာ၀န္ခံ ေဒၚညိဳေအး ဦးေဆာင္ၿပီး OIC အလိုမရွိ UN အလိုမရွိ ႏိုင္ငံတကာအကူအညီအလိုမရွိေၾကာင္းနဲ႔ “ေျမမ်ဳိ၍ လူမ်ဳိးမျပဳတ္၊ လူမ်ဳိမွ လူမ်ဳိးျပဳတ္မည္” ေဆာင္ပုဒ္ကို ဦးထိပ္ပန္ေၾကာင္း ဆႏၵျပ ေတာင္းဆိုခဲ့ၾကတယ္။
အခု AA နဲ႔ ဗမာစစ္တပ္ၾကားျဖစ္တဲ့ တိုက္ပြဲေၾကာင္း ရခိုင္ ၆၀၀၀ နီးပါး ဒုကၡသည္ျဖစ္လာေတာ့ ရခိုင္ေတြက ႏိုင္ငံတကာအဖြဲ႔ေတြကို “အျမန္လာၾကပါ ကူၾကပါ ကယ္ၾကပါ”လို႔ ေတာင္းဆိုရုံမက အစိုးရရဲ႕ ၾကံစည္မႈနဲ႔ပတ္သက္တဲ့ သတင္းေတြကို ႏိုင္ငံတကာအဖြဲ႔ထံ အတတ္ႏိုင္ဆုံး အျမန္ဆုံး ပို႔ေပးေနၾကတယ္။
ရခိုင္အေရးနဲ႔ပတ္သက္ျပီး ႏိုင္ငံတကာအဖြဲ႔ေတြက ျမန္မာအစိုးရကို ဖိအားေပးလာေတာ့ ရခိုင္အေရးပိုရႈပ္ေထြးလာဖို႔ ႏိုင္ငံေတာ္က မဘသ ဆရာေတာ္ ဝီရသူကိုလဲ ရခိုင္ျပည္လႊတ္ျပီး ေသြးတိုးလႈံ႕ေဆာ္ခိုင္းတာဟာ ႏိုင္ငံတကာ အဖြဲ႔စည္းေတြကို လိမ္လည္ဖို႔ ၾကိဳးစားေနတာျဖစ္ေၾကာင္း ထင္ရွားတဲ့ သက္ေသျဖစ္ပါတယ္။

နိုင်ငံတကာသံအဖွဲ့အား လိမ်လည်လှည့်စားနိုင်ရန် မောင်တောမြို့မှ စစ်တွေသို့ ခေါ်လာသည့် ရိုဟင်ဂျာများအား စစ်တွေမြို့နေ ဒေသခံများက ဧည့်ခံ ကျွေးမွေးနေစဉ်
(Unicode Version)
ဒီကနေ့ ၂၄.၁.၂၀၁၉ နေ့ မွန်းတည် တစ်နာရီခွဲလောက်မှာ မောင်တောမြို့မှ ရိုဟင်ဂျာ အမျိုးသား ၁၆ ယောက် အမျိုးသမီး တစ်ယောက်နဲ့ ကလေးတစ်ယောက်အား နိုင်ငံတော်အစီစဉ်နဲ့ စစ်တွေမြို့ကို ခေါ်လာခဲ့တယ်။ ဟိန္ဒူ အုပ်စုတစ်ခုကိုလဲ ခေါ်လာခဲ့တယ်။ အမည်မဖော်လိုသူ ရခိုင်လုံခြုံရေးဝန်ထမ်းတစ်ဦးက သူတို့ကို ခေါ်လာရတဲ့အကြောင်းရင်းက နိုင်ငံတကာသံအဖွဲ့ကို လိမ်လည်ဖို့ ဖြစ်တယ်လို့ ပြောခဲ့တယ်။ သူက “နိုင်ငံတော်က နိုင်ငံတကာသံအဖွဲ့တွေကို လိမ်လည်လှည့်စားဖို့အတွက် ဆင်းရဲတဲ့ ရိုဟင်ဂျာတစ်စုနဲ့ ရခိုင်တစ်စုကို စစ်တွေခေါ်လာပြီး အသင့်ပြင်ထားတယ်။
ရိုဟင်ဂျာအုပ်စုနဲ့ ဟိန္ဒူအဖွဲ့တွေအား “သူတို့ကို ရက်စက်ကြမ်းကြုတ်သူမှာ ARSA ဖြစ်တယ်”လို့ ပြောဖို့ နဲ့ ရခိုင်အုပ်စုအား “သူတို့ကို AA က ရက်စက်ခဲ့ကြောင်း ပြောပြဖို့ ” ငွေကြေးအနည်းအကျဉ်းပေးပြီး ခြိမ်းခြောက်မှုလဲလုပ်ခဲ့တယ်” လို့ ပြောခဲ့တယ်။ NLD ဖွဲ့ပေးခဲ့တဲ့ ကော်မရှင်အဖွဲ့ကလဲ အဆိုပါအုပ်စုတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတကာကို အယုံသွင်းနိုင်တဲ့ အစီရင်ခံစာရေးဖို့ စီစဉ်နေတယ်။
နိုင်ငံတော်က အဲဒီလို လိမ်လည်ဖို့ ပြင်ဆင်ထားပေမဲ့ ငါက သက်ဆိုင်တဲ့နိုင်ငံတကာအဖွဲ့အား အစိုးရရဲ့ အကြံအစည်နဲ့ပတ်သက်ပြီး ကြိုတင် အသိပေးခဲ့တယ်လို့လဲ အဆိုပါ လုံခြုံရေးဝန်ထမ်းက ပြောခဲ့တယ်။ တကယ်တော့ ရခိုင်နဲ့ ရိုဟင်ဂျာတွေကို ရက်စက်ကြမ်းကြုတ်သူမှာ ဗမာစစ်တပ်သာ ဖြစ်တယ်။ ၂၀၁၁ မှာ တရုတ်နဲ့ မြန်မာအစိုးရတို့ ရွှေဂက်စ်စီမံကိန်းအတွက် စာချုပ်ချုပ်တော့ ရခိုင်အများစုက ဆန္ဒပြကန့်ကွက်ခဲ့တယ်။
၂၀၁၂ မှာ ဗမာစစ်တပ်က မဘသ လက်ရွေးစင် အကြမ်းဖက်အုပ်စုနဲ့ လူမျိုးရေးဘာသာရေး အဓိကရုန်းပုစံ ဖန်တီးပြီး ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့တယ်။ ၂၀၁၂ အောက်တိုဘာလ (၁၀)ရက်နေ့ နေ့လည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စစ်တွေမြို့က အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ညိုအေး ဦးဆောင်ပြီး OIC အလိုမရှိ UN အလိုမရှိ နိုင်ငံတကာအကူအညီအလိုမရှိကြောင်းနဲ့ “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်” ဆောင်ပုဒ်ကို ဦးထိပ်ပန်ကြောင်း ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်။
အခု AA နဲ့ ဗမာစစ်တပ်ကြားဖြစ်တဲ့ တိုက်ပွဲကြောင်း ရခိုင် ၆၀၀၀ နီးပါး ဒုက္ခသည်ဖြစ်လာတော့ ရခိုင်တွေက နိုင်ငံတကာအဖွဲ့တွေကို “အမြန်လာကြပါ ကူကြပါ ကယ်ကြပါ”လို့ တောင်းဆိုရုံမက အစိုးရရဲ့ ကြံစည်မှုနဲ့ပတ်သက်တဲ့ သတင်းတွေကို နိုင်ငံတကာအဖွဲ့ထံ အတတ်နိုင်ဆုံး အမြန်ဆုံး ပို့ပေးနေကြတယ်။
ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့တွေက မြန်မာအစိုးရကို ဖိအားပေးလာတော့ ရခိုင်အရေးပိုရှုပ်ထွေးလာဖို့ နိုင်ငံတော်က မဘသ ဆရာတော် ဝီရသူကိုလဲ ရခိုင်ပြည်လွှတ်ပြီး သွေးတိုးလှုံ့ဆော်ခိုင်းတာဟာ နိုင်ငံတကာ အဖွဲ့စည်းတွေကို လိမ်လည်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း ထင်ရှားတဲ့ သက်သေဖြစ်ပါတယ်။