မင်းအောင်လှိုင်က လက်နက်မဲ့ ပြည်သူကို စစ်ကျေညာပြီလား
233 views
နှစ်ပေါင်းများစွာ သူပုန်တွေကို တိုက်နေရတယ်လို့ အကြောင်းပြကာ ပြည်သူ့ဘဏ္ဍာငွေကို အများဆုံး သုံးစွဲခွင့် ယူနေတဲ့ မင်းအောင်လှိုင်ဟာ သူ့ရဲ့ မဟာဗျူဟာအရှိဆုံး တပ်မတွေ ဖြစ်တဲ့ တပ်မ 33 တပ်မ 77 တပ်မ 99 တွေကို လက်နက်မဲ့ ပြည်သူတွေအား ရက်ရက်စက်စက် ပစ်သတ်ဖို့ သုံးခဲ့ပြီ။ ကျောင်းဆရာမ၊ ဆရာဝန်၊ အင်ဂျီနီယာ၊ လက်လုပ်လက်စား ကျောင်းသားလူငယ် သက်ကြီးပိုင်း လူလတ်ပိုင်း၊ ကလေးသူငယ်အပါအဝင် လူမျိုးဘာသာမရွေးကို ပြည်သူ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့အကောင်းဆုံး လက်နက်တွေကို သုံးပြီး လူမဆန်စွာ ရက်ရက်စက်စက်ပစ်သတ်ခဲ့ပြီ။ ကမ္ဘာမကြေဘူး။
သြော် ကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန် ဟစ်တလာလို လူမျိုးကပင် အပြစ်မဲ့လက်နက်မဲ့ ပြည်သူတွေကို မသတ်ရဘူး။ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေကို မသတ်ရဘူး။ အိမ်တံခါးရိုက်ချိုးပြီး မတရားမလုရဘူး။ ဆိုတာကို စစ်ရေးကျင့်ဝတ်အဖြစ် လက်ခံခဲ့တယ်။ မင်းအောင်လှိုင်ရဲ့ လက်နက်ကိုင်တွေ လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူအပေါ် ထားရှိတဲ့သဘောထား ဟစ်တလာရဲ့အတွေးအခေါ်ထက် ဆိုးတယ်ဆိုတာ မင်းအောင်လှိုင် ကိုယ်တိုင် မနေ့က သက်သေထူခဲ့ပြီ။ ဟစ်တလာထက်ဆိုးတဲ့ကောင်ရဲ့ လက်အောက်မှာ သူ့အမိန့်နာခံပြီး ပြည်သူတွေကို ရက်ရက်စက်စက်သတ်နေသူတွေက ခွေးနဲ့နှိုင်းနိုင်တဲ့အဆင့်တောင်မဟုတ်ဘူး။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့သတ္တဝါတွေက မိစ္ဆာထက် ဆိုးတယ်။ မြန်မာစာအဓိကမဟုတ်တော့ ဒီကောင်တွေအတွက် စကားလုံး ရှာမတွေ့ဘူး။ ကမ္ဘာမကြေဘူး။
(Zawgyi Version)
You may also like