UN USA UK တို့က မြန်မာ့အရေးကို ဘာကြောင့် အချိန်ဆွဲနေသလဲ

1125 views

လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ရုရှား ဗီတိုသုံးခွင့်ရှိပေမဲ့ US နဲ့ UK တို့လုပ်ချင်ရင် တရုတ်နဲ့ရုရှားကို ဂရုစိုက်တာမဟုတ်ဘူး။ အာဖဂန်၊ အီရတ်၊ ဆီးရီးယား၊ လီဗီးယားစတဲ့ နိုင်ငံတွေမှာ US စွက်ဖက်တဲ့အချိန် ဂရုမစိုက်ခဲ့တာ အထင်အရှားပါပဲ။ ဒီတော့ မြန်မာ့အရေးမှာ ဘာဖြစ်လို့ တွန့်ဆုတ်နေတာလဲ။

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးက ကြေညာချက်တစုံတရာ ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ပြီးဆုံးသွားတယ်။

ရုရှားနဲ့တရုတ်တို့က မြန်မာပြည်တွင်ဖြစ်ပေါ်နေတဲ့ကိစ္စများဟာ ပြည်တွင်းရေးသာဖြစ်တဲ့အတွက် ပြင်ပမှဝင်ရောက်စွက်ဖက်စရာမလိုကြောင်း ပြောဆိုထားတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံအမတ် Christine Schraner Burgener က ကောင်စီဝင်တွေ စည်းလုံးကြဖို့တိုက်တွန်းပြီး မြန်မာပြည်သူရဲ့ မျှော်လင့်ချက်ဟာ ဆုတ်ယုတ်လာနေပြီလို့ ပြောခဲ့တယ်။

မြန်မာ့အရေးမှာ US နဲ့ UK တို့က 1988 ကတည်းက အင်တိုက်အားတိုက် တွန်းအား ပေးနေတယ်။ ဒီမိုကရေစီလိုလားသူတွေကို ဘက်ပေါင်းစုံက ကူညီခဲ့တယ်။ ဒါပေမဲ့ မြန်မာ့ ဒီမိုကရေစီလိုလားသူတွေဟာ အမှန်တကယ် ဒီမိုကရေစီလိုနေတာ ဟုတ်မဟုတ် ယုံရခက်နေတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်နေတဲ့အချိန် ဗုဒ္ဓဘာသာဝင်အားလုံးက တညီတညွတ်တည်း ငြင်းကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ရခိုင်တွေပြောသမျှ ယုံပြီး ရိုဟင်ဂျာတွေကို လူသားအဖြစ်ပင် တန်ဖိုးမထားတတ်တဲ့ racist တွေ၊ နာဇီဝါဒီတွေ များတယ်။

မီဒီယာတွေကလဲ ဘက်လိုက်ကြတယ်။ အထူးသဖြင့် ရဟန်းသံဃာ ထောင်ပေါင်းများစွာက လမ်းပေါ်ထွက်ပြီး ရိုဟင်ဂျာမရှိဘူး။ မွတ်စလင်တွေက တိရိစ္ဆာန်ဝါဒီတွေ ဖြစ်တယ်လို့ ဆန္ဒပြခဲ့ကြတယ်။ နိုဘယ်လ်ဆုရှင်ကပင် ရိုဟင်ဂျာနဲ့စစ်တပ်မှာ စစ်တပ်ဘက်ကို ဦးစားပေးခဲ့တယ်။ စစ်ဗိုလ်ချုပ်တွေ ဗုဒ္ဓဘာသာဝင်မို့ မွတ်စလင်ဖြစ်တဲ့ ရိုဟင်ဂျာကို သတ်ဖြတ်ခွင့်ရှိတဲ့ လေသံနဲ့ ပြောခဲ့တယ်။

ရိုဟင်ဂျာဆန့်ကျင်ရေးအတွက် ဆန္ဒပြခဲ့တဲ့ ရဟန်းသံဃာတွေ ဘယ်ရောက်နေပြီလဲ။ နွေဦးတော်လှန်ရေးမှာ လမ်းပေါ်ထွက်တဲ့ သံဃာဘယ်နှစ်ပါးတွေ့ရသလဲ။ ဒါတွေကို အနောက်နိုင်ငံတွေက စောင့်ကြည့်နေတယ်။ တိုင်းရင်းသားလို့အော်ပြီး ရိုဟင်ဂျာမပါ မွတ်စလင်မပါ ပြောမယ့် တရုတ်တပိုင်းဒီမိုကရေစီအတွက် US နဲ့ UK က အနစ်နာခံရမလား။ US အကူအညီနဲ့ တရုတ်အလိုကျ လုပ်မယ့်သူတွေလား သို့လောသို့လော ဖြစ်နေတယ်။ CRPH ကလဲ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို မသုံးဘူး။ မွတ်စလင်မုန်းတီးရေးပေါ်အခြေခံတဲ့ ဒီမိုကရေစီ လိုချင်လို့ဘဲ။ ရခိုင်တွေက ဒေါ်စုဆန့်ကျင်ရေး ဘယ်လောက်လုပ်လုပ် သူတို့က ဗုဒ္ဓဘာသာဝင်ဆိုတဲ့အတွေးအခေါ် ၊ အင်မတန်နိမ့်ကျတဲ့ အတွေးအခေါ်နဲ့ ဒီမိုကရေစီရနိုင်မလား။

အနောက်နိုင်ငံတွေက အဲဒီအချက်တွေကို ဆက်လေ့လာအုံးမယ်။ တဖက်မှာ စစ်ကောင်စီကလဲ အာရဗ်နိုင်ငံတွေကို ရိုဟင်ဂျာနဲ့ပတ်သက်ပြီး အာမခံချက်ပေးမယ်လို့ ကတိပေးနေတယ်။ လူ့အခွင့်အရေးချစ်သူတွေဖြစ်တဲ့ အနောက်တိုင်းက ဗုဒ္ဓဘာသာဝင်ဦးစားပေး ဒီမိုကရေစီဘက်တော်သားနဲ့ အာဏာရူးစစ်ကောင်စီကြား ဆုံးဖြတ်ရခက်နေပြီ။ ဒုက္ခသည်တစ်သန်းကျော်ကိုလဲ အနောက်နိုင်ငံတွေက ထောက်ပံ့နေရတယ်။

ရခိုင်သတင်းသမားတစ်ဦးက ဘင်္ဂလီကုလား၊ ခိုးဝင်ဘင်္ဂလီ၊ ARSA စတဲ့ စကားလုံးတွေနဲ့ သတင်းတစ်ခုခု ပို့ပေးရင် ဗုဒ္ဓဘာသာဝင် မီဒီယာအားလုံးက မစစ်မစုံစမ်းဘဲ ရေးချကြတယ်။ ဗုဒ္ဓဘာသာဦးစားပေး ဒီမိုကရေစီ လိုချင်တာလား။ ဂေါတမမြတ်စွာဘုရားကပဲ ဗုဒ္ဓဘာသာဝင်မှန်ရင် ရိုဟင်ဂျာတွေကို ချေမှုန်းရမယ်လို့ ဟောခဲ့သလား ဆိုတာ ကာယကံရှင်တွေသာ သိလိမ့်မယ်။

(Zawgyi Version)

UN USA UK တို႔က ျမန္မာ့အေရးကို ဘာေၾကာင့္ အခ်ိန္ဆြဲေနသလဲ

လုံၿခဳံေရးေကာင္စီမွာ တ႐ုတ္နဲ႔႐ုရွား ဗီတိုသုံးခြင့္ရွိေပမဲ့ US နဲ႔ UK တို႔လုပ္ခ်င္ရင္ တ႐ုတ္နဲ႔႐ုရွားကို ဂ႐ုစိုက္တာမဟုတ္ဘူး။ အာဖဂန္၊ အီရတ္၊ ဆီးရီးယား၊ လီဗီးယားစတဲ့ ႏိုင္ငံေတြမွာ US စြက္ဖက္တဲ့အခ်ိန္ ဂ႐ုမစိုက္ခဲ့တာ အထင္အရွားပါပဲ။ ဒီေတာ့ ျမန္မာ့အေရးမွာ ဘာျဖစ္လို႔ တြန္႔ဆုတ္ေနတာလဲ။

ျမန္မာ့အေရး လုံၿခဳံေရးေကာင္စီ တံခါးပိတ္အစည္းအေဝးက ေၾကညာခ်က္တစုံတရာ ထုတ္ျပန္ႏိုင္ျခင္းမရွိဘဲ ၿပီးဆုံးသြားတယ္။

႐ုရွားနဲ႔တ႐ုတ္တို႔က ျမန္မာျပည္တြင္ျဖစ္ေပၚေနတဲ့ကိစၥမ်ားဟာ ျပည္တြင္းေရးသာျဖစ္တဲ့အတြက္ ျပင္ပမွဝင္ေရာက္စြက္ဖက္စရာမ
လိုေၾကာင္း ေျပာဆိုထားတယ္။ျမန္မာႏိုင္ငံဆိုင္ရာကုလအထူးသံအမတ္ Christine Schraner Burgener က ေကာင္စီဝင္ေတြ စည္းလုံးၾကဖို႔တိုက္တြန္းၿပီး ျမန္မာျပည္သူရဲ႕ ေမွ်ာ္လင့္ခ်က္ဟာ ဆုတ္ယုတ္လာေနၿပီလို႔ ေျပာခဲ့တယ္။

ျမန္မာ့အေရးမွာ US နဲ႔ UK တို႔က 1988 ကတည္းက အင္တိုက္အားတိုက္ တြန္းအား ေပးေနတယ္။ ဒီမိုကေရစီလိုလားသူေတြကို ဘက္ေပါင္းစုံက ကူညီခဲ့တယ္။ ဒါေပမဲ့ ျမန္မာ့ ဒီမိုကေရစီလိုလားသူေတြဟာ အမွန္တကယ္ ဒီမိုကေရစီလိုေနတာ ဟုတ္မဟုတ္ ယုံရခက္ေနတယ္။ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္ေနတဲ့အခ်ိန္ ဗုဒၶဘာသာဝင္အားလုံးက တညီတၫြတ္တည္း ျငင္းၾကတယ္။ ဗုဒၶဘာသာဝင္ျဖစ္တဲ့ ရခိုင္ေတြေျပာသမွ် ယုံၿပီး ႐ိုဟင္ဂ်ာေတြကို လူသားအျဖစ္ပင္ တန္ဖိုးမထားတတ္တဲ့ racist ေတြ၊ နာဇီဝါဒီေတြ မ်ားတယ္။

မီဒီယာေတြကလဲ ဘက္လိုက္ၾကတယ္။ အထူးသျဖင့္ ရဟန္းသံဃာ ေထာင္ေပါင္းမ်ားစြာက လမ္းေပၚထြက္ၿပီး ႐ိုဟင္ဂ်ာမရွိဘူး။ မြတ္စလင္ေတြက တိရိစာၦန္ဝါဒီေတြ ျဖစ္တယ္လို႔ ဆႏၵျပခဲ့ၾကတယ္။ ႏိုဘယ္လ္ဆုရွင္ကပင္ ႐ိုဟင္ဂ်ာနဲ႔စစ္တပ္မွာ စစ္တပ္ဘက္ကို ဦးစားေပးခဲ့တယ္။ စစ္ဗိုလ္ခ်ဳပ္ေတြ ဗုဒၶဘာသာဝင္မို႔ မြတ္စလင္ျဖစ္တဲ့ ႐ိုဟင္ဂ်ာကို သတ္ျဖတ္ခြင့္ရွိတဲ့ ေလသံနဲ႔ ေျပာခဲ့တယ္။

႐ိုဟင္ဂ်ာဆန္႔က်င္ေရးအတြက္ ဆႏၵျပခဲ့တဲ့ ရဟန္းသံဃာေတြ ဘယ္ေရာက္ေနၿပီလဲ။ ေႏြဦးေတာ္လွန္ေရးမွာ လမ္းေပၚထြက္တဲ့ သံဃာဘယ္ႏွစ္ပါးေတြ႕ရသလဲ။ ဒါေတြကို အေနာက္ႏိုင္ငံေတြက ေစာင့္ၾကည့္ေနတယ္။ တိုင္းရင္းသားလို႔ေအာ္ၿပီး ႐ိုဟင္ဂ်ာမပါ မြတ္စလင္မပါ ေျပာမယ့္ တ႐ုတ္တပိုင္းဒီမိုကေရစီအတြက္ US နဲ႔ UK က အနစ္နာခံရမလား။ US အကူအညီနဲ႔ တ႐ုတ္အလိုက် လုပ္မယ့္သူေတြလား သို႔ေလာသို႔ေလာ ျဖစ္ေနတယ္။ CRPH ကလဲ ႐ိုဟင္ဂ်ာဆိုတဲ့စကားလုံးကို မသုံးဘူး။ မြတ္စလင္မုန္းတီးေရးေပၚအေျခခံတဲ့ ဒီမိုကေရစီ လိုခ်င္လို႔ဘဲ။ ရခိုင္ေတြက ေဒၚစုဆန္႔က်င္ေရး ဘယ္ေလာက္လုပ္လုပ္ သူတို႔က ဗုဒၶဘာသာဝင္ဆိုတဲ့အေတြးအေခၚ ၊ အင္မတန္နိမ့္က်တဲ့ အေတြးအေခၚနဲ႔ ဒီမိုကေရစီရႏိုင္မလား။

အေနာက္ႏိုင္ငံေတြက အဲဒီအခ်က္ေတြကို ဆက္ေလ့လာအုံးမယ္။ တဖက္မွာ စစ္ေကာင္စီကလဲ အာရဗ္ႏိုင္ငံေတြကို ႐ိုဟင္ဂ်ာနဲ႔ပတ္သက္ၿပီး အာမခံခ်က္ေပးမယ္လို႔ ကတိေပးေနတယ္။ လူ႔အခြင့္အေရးခ်စ္သူေတြျဖစ္တဲ့ အေနာက္တိုင္းက ဗုဒၶဘာသာဝင္ဦးစားေပး ဒီမိုကေရစီဘက္ေတာ္သားနဲ႔ အာဏာ႐ူးစစ္ေကာင္စီၾကား ဆုံးျဖတ္ရခက္ေနၿပီ။ ဒုကၡသည္တစ္သန္းေက်ာ္ကိုလဲ အေနာက္ႏိုင္ငံေတြက ေထာက္ပံ့ေနရတယ္။

ရခိုင္သတင္းသမားတစ္ဦးက ဘဂၤလီကုလား၊ ခိုးဝင္ဘဂၤလီ၊ ARSA စတဲ့ စကားလုံးေတြနဲ႔ သတင္းတစ္ခုခု ပို႔ေပးရင္ ဗုဒၶဘာသာဝင္ မီဒီယာအားလုံးက မစစ္မစုံစမ္းဘဲ ေရးခ်ၾကတယ္။ ဗုဒၶဘာသာဦးစားေပး ဒီမိုကေရစီ လိုခ်င္တာလား။ ေဂါတမျမတ္စြာဘုရားကပဲ ဗုဒၶဘာသာဝင္မွန္ရင္ ႐ိုဟင္ဂ်ာေတြကို ေခ်မႈန္းရမယ္လို႔ ေဟာခဲ့သလား ဆိုတာ ကာယကံရွင္ေတြသာ သိလိမ့္မယ္။

You may also like