စစ်တွေ နာဇီအကျဥ်းစခန်းမှ ဒေါက်တာဆာဆာထံသို့ အိပ်ဖွင့်ပေးစာ

807 views

လေးစားအပ်ပါသော ဒေါက်တာဆာဆာခင်ဗျား –

ဘုရားသခင်၏မျက်နှာသာပေးမှုကြောင့် ဒေါက်တာက ကုလအထူးသံတမန်ဖြစ်ကြောင်းကို များစွာ ဂုဏ်ယူပါ၏။ ကျွန်တော်သည် ၂၀၁၂ မှ ယနေ့အထိ နာဇီအကျဥ်းစခန်းပမာ ပိတ်လှောင်ခံထားရရုံသာမက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး အစရှိသည့် မည်သည့်လူ့အခွင့်အရေးကိုမျှ မခံစားရဘဲ ဘဝရှင်သန်နေသော ဂျီနိုဆိုဒ် victim တစ်ဦးဖြစ်ပါသည်။ ဒေါက်တာက အလုပ်များသည့်အတွက် လိုရင်းကိုသာ အဓိကထား၍ အတိုချုံ့ဖော်ပြပါရစေ။

(၁) စစ်ကောင်စီအာဏာသိမ်းပြီးနောက် (2.2.2021) နေ့တွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ နာဇီအကျဥ်းစခန်းပမာ ပိတ်လှောင်ခံထားသော ရိုဟင်ဂျာတို့ထံ ဒစကမှူး၊ နယ်စပ်ရေးရာတပ်မှူး၊ တပ်ရင်းမှူး နှင့်အဖွဲ့တို့ လာရောက်ခဲ့၏။ 45 မိနစ် စကားပြောရာတွင် ရိုဟင်ဂျာတို့အား 2016-2017 အရေးအခင်းသည် ဒေါ်စု၏အမိန့်အတိုင်းသာလုပ်ကြောင်း၊ ဦးသိန်းစိန်လက်ထက် 2012-2013 အရေးအခင်းမှာ ရခိုင်အစွန်းရောက်အုပ်စုက လုပ်ခဲ့ကြောင်း၊ ရိုဟင်ဂျာကို လက်မခံသူမှာ ရခိုင်တိုင်းရင်းသားများနှင့်ဒေါ်စုအစိုးရသာ ဖြစ်​ကြောင်း၊ မကြာမီ ရိုဟင်ဂျာအားလုံးကို လက်ခံမည်ဖြစ်ကြောင်း ပြောဆိုပြီး ငွေသားကျပ်ငါးသိန်းကို အောင်မင်္ဂလာရပ်ကွက်ရှိ ရပ်မိရပ်ဘထံ အပ်နှံခဲ့သည်။
(၂) ကမ္ဘာ့တရားသူကြီးများက ICJ မှာ မင်းအောင်လှိုင်တို့အုပ်စုအား ရိုဟင်ဂျာဂျီနိုဆိုဒ်အတွက် အမှုစွဲခဲ့စဥ် ဒေါ်စုက မင်းအောင်လှိုင်အုပ်စုမှာ ဂျီနိုဆိုဒ်တရားခံများ မဟုတ်ကြောင်း ချေပခဲ့၏။ အစိုးရတစ်ခုက ယင်းလက်ထက်မှာ ပြည်သူတစ်သန်းအား မီးရှို့သတ်ဖြတ်မုဒိန်းကျင့်ပြီး အခြားနိုင်ငံတစ်ခုသို့ မောင်းထုတ်ခြင်းကို ယင်းမီးရှို့သတ်ဖြတ်မုဒိန်းကျင့်ပြီးသော ကိစ္စဟု ပြောနိုင်မည်လော။
(၃) ဒေါ်စုက ရိုဟင်ဂျာဂျီနိုဆိုဒ်ကို စစ်တပ်က မကျူးလွန်ကြောင်းပြောခဲ့သည်။ စစ်ကောင်စီက ထိုအချက်ကို ထောက်ပြပြီး လော်ဘီမှတစ်ဆင့် ကမ္ဘာကြီးအား အယုံသွင်းနေ၏။ သို့သော် ယနေ့အထိ ဦးကျော်မိုးထွန်းအပါအဝင် NLD နှင့် CRPH မှ မည်သူတစ်ဦးတစ်ယောက်မျှ တရားဝင်စာထုတ်ပြီး ဂျီနိုဆိုဒ်တရားခံမှာ ဒေါ်စုမဟုတ်ဘဲ မင်းအောင်လှိုင်သာဖြစ်ကြောင်းကို ပြောခဲ့ခြင်း မရှိသေးပါ။ သို့ဖြစ်ပေရာ ဒေါ်စုက အမှန်ပင် နယ်မြေရှင်းလင်းရေးကို လုပ်ခဲ့သလော။
(၄) ယနေ့အထိ CRPH က Rome Statute ၌ ပါဝင်ရန်ငြင်းပယ်နေခြင်း၊ ရိုဟင်ဂျာကို လက်မခံခြင်းသည်လည်း ဂျီနိုဆိုဒ်တရားခံမှာ မင်းအောင်လှိုင်၏စစ်တပ် ဟုတ်မဟုတ်ဟူသည်ကို သံသယဖြစ်စေ၏။ အကယ်၍ ဒေါ်စုအစိုးရက ရိုဟင်ဂျာဂျီနိုဆိုဒ်အမှုကို အမှန်ပင်ကျူးလွန်ခဲ့သော် ထိုသို့သော အစိုးရကို အနောက်အုပ်စုက ထောက်ခံသင့်မသင့်စဥ်းစားစရာ ဖြစ်နေ၏။
(၅) နို့စို့အရွယ်ကလေးသူငယ်အပါအဝင် ရိုဟင်ဂျာထောင်ပေါင်းများစွာကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်မုဒိန်းကျင့်ခဲ့ရုံသာမက လူတစ်သန်းနီးပါး အသက်လုထွက်ပြေးရသည်အထိ ဂျီနိုဆိုဒ်အမှုကျူးလွန်ကြောင်းကို နားမျက်စိကန်းသူများပမာ ငြင်းပယ်သည့် NLD အစိုးရက ယခုအခါ ဆန္ဒပြသူ 100 နီးပါးအသတ်ခံရခြင်းအတွက် ICC တင်မည်ဟု ပြောခြင်းသည် ယုတ္တိရှိပါသလော။ ဒေါ်စုအစိုးက တရားခံမဟုတ်ကြောင်းကို တရားဝင် Statement မထုတ်ပြန်သရွေး ကမ္ဘာက NLD အစိုးရကို တရားခံအဖြစ် သတ်မှတ်ရပါလိမ့်မည်။
(၆) 2015 ခုနှစ်တွင် NLD မဲဆွယ်စည်းရုံးစဥ် ဒီမိုကရေစီဖော်ဆောင်မည်ဟု ပြည်သူအား ကတိပေးပါလျက် အစိုးရဖြစ်လာသည့်အခါ အနောက်အုပ်စုကို ဂရုမစိုက်ဘဲ ကွန်မြူနစ်တရုတ်ထံ ပြေးကပ်ကာ အနောက်အုပ်စုကို စော်ကားခဲ့၏။ ယခု ဒုက္ခရောက်မှ အနောက်အုပ်စုထံ အကူအညီတောင်းခြင်းသည် သဘောရိုးဖြင့်ဟု ယုံကြည်နိုင်မည်လော။
(၇) Federal အစိုးရပေါ်ပေါက်လာရန် ကြိုးစားမည်ဟူသော CRPH သည် ပင်လုံစာချုပ်မှာ မပါဝင်သည့်အပြင် Federal Democracy ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်နေရုံမက စစ်ကောင်စီနှင့်ပါ ပူးပေါင်းသည့် ရခိုင်တိုင်းရင်းသားကို ဦးစားပေးပြီး ပင်လုံစာချုပ်သာမက 1947 ဖွဲ့စည်းပုံရေးဆွဲရာ၌ပင် ပါဝင်ခဲ့သော ရိုဟင်ဂျာတို့အား လူမဆန်စွာ ဘေးဖယ်ထားခြင်းမှာ လူမျိုးစွဲ၊ ဘာသာစွဲကြောင်းလော။ ဒီမိုကရေစီက ရိုဟင်ဂျာအတွက်မဟုတ်ဟု ယူဆနေခြင်းလော။ ရခိုင်အပါအဝင် လက်နက်ကိုင်တိုင်းရင်းသားအားလုံးက “ဝ” ကဲ့သို့ တရုတ်သြဇာခံနိုင်ငံငယ်များအဖြစ် ထူထောင်လျှင် မြန်မာမြေပုံ ပျောက်သွားမည် မဟုတ်လော။
(၈) Rome Statute လက်မှတ်ထိုးပြီး ICC လမ်းကြောင်းအတိုင်း စစ်ကောင်စီကို အရေးယူခြင်းသည်သာ အမြန်ဆုံးနှင့်အလွယ်ကူဆုံးသော လွတ်မြောက်ရေးလမ်းစဥ်ဖြစ်၏။ တိုင်းရင်းသားလက်နက်ကိုင်များကို အားကိုးနေခြင်းသည် ပြည်တွင်းစစ်ကိုသာ ဦးတည်ပါလိမ့်မည်။
(၉) လတ်တလော နွေဦးတော်လှန်ကြောင့် စားဝတ်နေရေး ကျပ်တည်းသူများအတွက် ရိုင်းပင်းကူညီမှုလိုအပ်နေ၏။ အကယ်၍ နောက်တစ်လအတွင်း နွေဦးတော်လှန်ရေးမအောင်မြင်ဘဲ စစ်ကောင်စီက အတင်းအားဓမ္မ အုပ်ချုပ်​ရေး ယန္တားလည်ပတ်စေနိုင်လျှင် ပြည်သူအားလုံး တရုတ် ကျွန်ဘဝသို့ ရောက်သွားပါလိမ့်မည်။
(၁၀) မြန်မာနိုင်ငံသည် တရုတ်၏လက်အောက်ခံဖြစ်နေသည့်အတွက် မဟာဗျူဟာအရ အမေရိကန်၏အမျိုးသားလုံခြုံရေးကို အန္တရယ်ပြုနေ၏။ သို့ဖြစ်ပေရာ CRPH ၏လက်တွေ့ကျသော ဒီမိုကရေစီ ကတိကဝတ်များပေါ်မူတည်၍ အမေရိကန်အပါအဝင် အနောက်အုပ်စု မြန်မာပြည်သူအား တရုတ်ကျွန်ဘဝမှ လွတ်မြောက်စေလိမ့်မည်။ CRPHက ရိုဟင်ဂျာဂျီနိုဆိုဒ်နှင့် ပတ်သက်၍ ပြတ်သားသော မူဝါဒ ရှိရပေလိမ့်မည်။ သို့မှသာ အရေးတော်ပုံ မုချအောင်မြင်မည် ဖြစ်၏။

(Zawgyi Version)

စစ္ေတြ နာဇီအက်ဥ္းစခန္းမွ ေဒါက္တာဆာဆာထံသို႔ အိပ္ဖြင့္ေပးစာ

ေလးစားအပ္ပါေသာ ေဒါက္တာဆာဆာခင္ဗ်ား –

ဘုရားသခင္၏မ်က္ႏွာသာေပးမႈေၾကာင့္ ေဒါက္တာက ကုလအထူးသံတမန္ျဖစ္ေၾကာင္းကို မ်ားစြာ ဂုဏ္ယူပါ၏။ ကြၽန္ေတာ္သည္ ၂၀၁၂ မွ ယေန႔အထိ နာဇီအက်ဥ္းစခန္းပမာ ပိတ္ေလွာင္ခံထားရ႐ုံသာမက က်န္းမာေရး၊ ပညာေရး၊ စီးပြားေရး၊ ဘာသာေရး အစရွိသည့္ မည္သည့္လူ႔အခြင့္အေရးကိုမွ် မခံစားရဘဲ ဘဝရွင္သန္ေနေသာ ဂ်ီႏိုဆိုဒ္ victim တစ္ဦးျဖစ္ပါသည္။ ေဒါက္တာက အလုပ္မ်ားသည့္အတြက္ လိုရင္းကိုသာ အဓိကထား၍ အတိုခ်ဳံ႕ေဖာ္ျပပါရေစ။

(၁) စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ (2.2.2021) ေန႔တြင္ စစ္ေတြၿမိဳ႕ ေအာင္မဂၤလာရပ္ကြက္ရွိ နာဇီအက်ဥ္းစခန္းပမာ ပိတ္ေလွာင္ခံထားေသာ ႐ိုဟင္ဂ်ာတို႔ထံ ဒစကမႉး၊ နယ္စပ္ေရးရာတပ္မႉး၊ တပ္ရင္းမႉး ႏွင့္အဖြဲ႕တို႔ လာေရာက္ခဲ့၏။ 45 မိနစ္ စကားေျပာရာတြင္ ႐ိုဟင္ဂ်ာတို႔အား 2016-2017 အေရးအခင္းသည္ ေဒၚစု၏အမိန္႔အတိုင္းသာလုပ္ေၾကာင္း၊ ဦးသိန္းစိန္လက္ထက္ 2012-2013 အေရးအခင္းမွာ ရခိုင္အစြန္းေရာက္အုပ္စုက လုပ္ခဲ့ေၾကာင္း၊ ႐ိုဟင္ဂ်ာကို လက္မခံသူမွာ ရခိုင္တိုင္းရင္းသားမ်ားႏွင့္ေဒၚစုအစိုးရသာ ျဖစ္​ေၾကာင္း၊ မၾကာမီ ႐ိုဟင္ဂ်ာအားလုံးကို လက္ခံမည္ျဖစ္ေၾကာင္း ေျပာဆိုၿပီး ေငြသားက်ပ္ငါးသိန္းကို ေအာင္မဂၤလာရပ္ကြက္ရွိ ရပ္မိရပ္ဘထံ အပ္ႏွံခဲ့သည္။
(၂) ကမာၻ႔တရားသူႀကီးမ်ားက ICJ မွာ မင္းေအာင္လႈိင္တို႔အုပ္စုအား ႐ိုဟင္ဂ်ာဂ်ီႏိုဆိုဒ္အတြက္ အမႈစြဲခဲ့စဥ္ ေဒၚစုက မင္းေအာင္လႈိင္အုပ္စုမွာ ဂ်ီႏိုဆိုဒ္တရားခံမ်ား မဟုတ္ေၾကာင္း ေခ်ပခဲ့၏။ အစိုးရတစ္ခုက ယင္းလက္ထက္မွာ ျပည္သူတစ္သန္းအား မီးရႈိ႕သတ္ျဖတ္မုဒိန္းက်င့္ၿပီး အျခားႏိုင္ငံတစ္ခုသို႔ ေမာင္းထုတ္ျခင္းကို ယင္းမီးရႈိ႕သတ္ျဖတ္မုဒိန္းက်င့္ၿပီးေသာ ကိစၥဟု ေျပာႏိုင္မည္ေလာ။
(၃) ေဒၚစုက ႐ိုဟင္ဂ်ာဂ်ီႏိုဆိုဒ္ကို စစ္တပ္က မက်ဴးလြန္ေၾကာင္းေျပာခဲ့သည္။ စစ္ေကာင္စီက ထိုအခ်က္ကို ေထာက္ျပၿပီး ေလာ္ဘီမွတစ္ဆင့္ ကမာၻႀကီးအား အယုံသြင္းေန၏။ သို႔ေသာ္ ယေန႔အထိ ဦးေက်ာ္မိုးထြန္းအပါအဝင္ NLD ႏွင့္ CRPH မွ မည္သူတစ္ဦးတစ္ေယာက္မွ် တရားဝင္စာထုတ္ၿပီး ဂ်ီႏိုဆိုဒ္တရားခံမွာ ေဒၚစုမဟုတ္ဘဲ မင္းေအာင္လႈိင္သာျဖစ္ေၾကာင္းကို ေျပာခဲ့ျခင္း မရွိေသးပါ။ သို႔ျဖစ္ေပရာ ေဒၚစုက အမွန္ပင္ နယ္ေျမရွင္းလင္းေရးကို လုပ္ခဲ့သေလာ။
(၄) ယေန႔အထိ CRPH က Rome Statute ၌ ပါဝင္ရန္ျငင္းပယ္ေနျခင္း၊ ႐ိုဟင္ဂ်ာကို လက္မခံျခင္းသည္လည္း ဂ်ီႏိုဆိုဒ္တရားခံမွာ မင္းေအာင္လႈိင္၏စစ္တပ္ ဟုတ္မဟုတ္ဟူသည္ကို သံသယျဖစ္ေစ၏။ အကယ္၍ ေဒၚစုအစိုးရက ႐ိုဟင္ဂ်ာဂ်ီႏိုဆိုဒ္အမႈကို အမွန္ပင္က်ဴးလြန္ခဲ့ေသာ္ ထိုသို႔ေသာ အစိုးရကို အေနာက္အုပ္စုက ေထာက္ခံသင့္မသင့္စဥ္းစားစရာ ျဖစ္ေန၏။
(၅) ႏို႔စို႔အ႐ြယ္ကေလးသူငယ္အပါအဝင္ ႐ိုဟင္ဂ်ာေထာင္ေပါင္းမ်ားစြာကို ရက္ရက္စက္စက္ မီးရႈိ႕သတ္ျဖတ္မုဒိန္းက်င့္ခဲ့႐ုံသာမက လူတစ္သန္းနီးပါး အသက္လုထြက္ေျပးရသည္အထိ ဂ်ီႏိုဆိုဒ္အမႈက်ဴးလြန္ေၾကာင္းကို နားမ်က္စိကန္းသူမ်ားပမာ ျငင္းပယ္သည့္ NLD အစိုးရက ယခုအခါ ဆႏၵျပသူ 100 နီးပါးအသတ္ခံရျခင္းအတြက္ ICC တင္မည္ဟု ေျပာျခင္းသည္ ယုတၱိရွိပါသေလာ။ ေဒၚစုအစိုးက တရားခံမဟုတ္ေၾကာင္းကို တရားဝင္ Statement မထုတ္ျပန္သေ႐ြး ကမာၻက NLD အစိုးရကို တရားခံအျဖစ္ သတ္မွတ္ရပါလိမ့္မည္။
(၆) 2015 ခုႏွစ္တြင္ NLD မဲဆြယ္စည္း႐ုံးစဥ္ ဒီမိုကေရစီေဖာ္ေဆာင္မည္ဟု ျပည္သူအား ကတိေပးပါလ်က္ အစိုးရျဖစ္လာသည့္အခါ အေနာက္အုပ္စုကို ဂ႐ုမစိုက္ဘဲ ကြန္ျမဴနစ္တ႐ုတ္ထံ ေျပးကပ္ကာ အေနာက္အုပ္စုကို ေစာ္ကားခဲ့၏။ ယခု ဒုကၡေရာက္မွ အေနာက္အုပ္စုထံ အကူအညီေတာင္းျခင္းသည္ သေဘာ႐ိုးျဖင့္ဟု ယုံၾကည္ႏိုင္မည္ေလာ။
(၇) Federal အစိုးရေပၚေပါက္လာရန္ ႀကိဳးစားမည္ဟူေသာ CRPH သည္ ပင္လုံစာခ်ဳပ္မွာ မပါဝင္သည့္အျပင္ Federal Democracy ကိုလည္း ျပင္းျပင္းထန္ထန္ ကန္႔ကြက္ေန႐ုံမက စစ္ေကာင္စီႏွင့္ပါ ပူးေပါင္းသည့္ ရခိုင္တိုင္းရင္းသားကို ဦးစားေပးၿပီး ပင္လုံစာခ်ဳပ္သာမက 1947 ဖြဲ႕စည္းပုံေရးဆြဲရာ၌ပင္ ပါဝင္ခဲ့ေသာ ႐ိုဟင္ဂ်ာတို႔အား လူမဆန္စြာ ေဘးဖယ္ထားျခင္းမွာ လူမ်ိဳးစြဲ၊ ဘာသာစြဲေၾကာင္းေလာ။ ဒီမိုကေရစီက ႐ိုဟင္ဂ်ာအတြက္မဟုတ္ဟု ယူဆေနျခင္းေလာ။ ရခိုင္အပါအဝင္ လက္နက္ကိုင္တိုင္းရင္းသားအားလုံးက “ဝ” ကဲ့သို႔ တ႐ုတ္ၾသဇာခံႏိုင္ငံငယ္မ်ားအျဖစ္ ထူေထာင္လွ်င္ ျမန္မာေျမပုံ ေပ်ာက္သြားမည္ မဟုတ္ေလာ။
(၈) Rome Statute လက္မွတ္ထိုးၿပီး ICC လမ္းေၾကာင္းအတိုင္း စစ္ေကာင္စီကို အေရးယူျခင္းသည္သာ အျမန္ဆုံးႏွင့္အလြယ္ကူဆုံးေသာ လြတ္ေျမာက္ေရးလမ္းစဥ္ျဖစ္၏။ တိုင္းရင္းသားလက္နက္ကိုင္မ်ားကို အားကိုးေနျခင္းသည္ ျပည္တြင္းစစ္ကိုသာ ဦးတည္ပါလိမ့္မည္။
(၉) လတ္တေလာ ေႏြဦးေတာ္လွန္ေၾကာင့္ စားဝတ္ေနေရး က်ပ္တည္းသူမ်ားအတြက္ ႐ိုင္းပင္းကူညီမႈလိုအပ္ေန၏။ အကယ္၍ ေနာက္တစ္လအတြင္း ေႏြဦးေတာ္လွန္ေရးမေအာင္ျမင္ဘဲ စစ္ေကာင္စီက အတင္းအားဓမၼ အုပ္ခ်ဳပ္​ေရး ယႏၲားလည္ပတ္ေစႏိုင္လွ်င္ ျပည္သူအားလုံး တ႐ုတ္ ကြၽန္ဘဝသို႔ ေရာက္သြားပါလိမ့္မည္။
(၁၀) ျမန္မာႏိုင္ငံသည္ တ႐ုတ္၏လက္ေအာက္ခံျဖစ္ေနသည့္အတြက္ မဟာဗ်ဴဟာအရ အေမရိကန္၏အမ်ိဳးသားလုံၿခဳံေရးကို အႏၲရယ္ျပဳေန၏။ သို႔ျဖစ္ေပရာ CRPH ၏လက္ေတြ႕က်ေသာ ဒီမိုကေရစီ ကတိကဝတ္မ်ားေပၚမူတည္၍ အေမရိကန္အပါအဝင္ အေနာက္အုပ္စု ျမန္မာျပည္သူအား တ႐ုတ္ကြၽန္ဘဝမွ လြတ္ေျမာက္ေစလိမ့္မည္။ CRPHက ႐ိုဟင္ဂ်ာဂ်ီႏိုဆိုဒ္ႏွင့္ ပတ္သက္၍ ျပတ္သားေသာ မူဝါဒ ရွိရေပလိမ့္မည္။ သို႔မွသာ အေရးေတာ္ပုံ မုခ်ေအာင္ျမင္မည္ ျဖစ္၏။

ကျေးဇူးတင်ပါတယ်။

ဘုရားသခင် စောင့်ရှောက်တော်မူပါစေ။

အောင်အောင်(စစ်တွေ)

You may also like