CRPH ကို ဖျက်ဆီးလိုသော ပြည်သူ့ရန်သူများ

319 views

စစ်ကောင်စီရဲ့ လုပ်ရပ်အားလုံးက အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း သံသယဖြစ်စရာမလိုပါ။ နှစ်ပေါင်းခုနှစ်ဆယ်အထိ တိုင်းရင်းသားလက်နက်ကိုင်တွေကို အလင်းဝင်ဖို့ အမိန့်ပေးခဲ့တဲ့ အာဏရူးစစ်ခေါင်းဆောင်တွေက နိုင်ငံအဝှမ်းမှာ အဖျက်အမှောင့်တွေကိုသာ လုပ်နေကြောင်း ကမ္ဘာသိ ထင်ရှားနေပြီ။ အမှောင်ကျမှ အကြမ်းဖက်နေတဲ့ စစ်ကောင်စီသည်ပင် အမှောင်ထဲမှာ ရှိနေကြောင်း သူတို့သည်သာ ပြည်သူထံ အလင်းဝင်ရမည်ဖြစ်ကြောင်း (6-3-2021) နဲ့ (7-3-2021) နေ့ ညတွေမှာ လုပ်ခဲ့တဲ့အကြမ်းဖက်မှုကြောင့် ကမ္ဘာက မျက်ဝါးထင်ထင် မြင်ခဲ့ကြပြီ။

ဒီလိုမျိုး ပြည်သူတွေကို အဘက်ဘက်မှ အကြမ်းဖက်နေတဲ့အချိန်မှာ CRPH က 2008 ခြေဥ ဖျက်မယ် မပြောဘူး၊ ဟိုဟာမပြောဘူး၊ ဒီဟာမပြောဘူး။ စတဲ့ ဖျက်လိုဖျက်ဆီး ကြံစည်နေသူတွေ၊ CRPH မကောင်းကြောင်းကို သွယ်ဝိုက်တဲ့နည်းနဲ့ interview တွေလုပ်ပြီး ဝါဒဖြန့်နေသူတွေ၊ တိုင်းရင်းသားအရေးကို အလေးမထားဘူးလို့ စွပ်စွဲနေသူတွေအားလုံးက ဒီအချိန်မှာ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတွေကို ရန်မူနေခြင်းသာ ဖြစ်တယ်။

CRPH ရဲ့ အခက်အခဲကို ကျနော့်လို နာဇီအကျဥ်းစခန်းပမာ ပိတ်လှောင်ခံထားရသူက ပိုပြီး နားလည်ပါတယ်။ NLD အမတ်တွေအားလုံး အသက်လုပြေးနေရတဲ့အချိန်၊ တော်လှန်ရေးခေါင်းဆောင်တွေက စက္ကန့်နဲ့အမျှ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ စစ်ကောင်စီကို မတိုက်ပဲ CRPH ကို တိုက်ခိုက်ပြောဆိုနေခြင်းဟာ ပြည်သူတွေကို ရန်မူနေခြင်းပဲမဟုတ်လား။

ရခိုင်ပြည်နယ်ရှိ အကျဥ်းစခန်းမှာနေရတဲ့ ရိုဟင်ဂျာတချို့က ပြည်သူနဲ့အတူ တော်လှန်မှာပါဝင်ဖို့ ကြိုးစားပေမဲ့ ရခိုင်အစွန်းရောက်အုပ်စုနဲ့လုံခြုံရေးအဖွဲ့တွေက ဖြိုခွင်းလိုက်ပြီ။ ရခိုင်တမျိုးသားလုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ဒေါက်တာအေးမောင်က တစ်မြို့ပြီးတစ်မြို့ ခရီးနှင်ကာ ရခိုင်ပြည်အနှံ့ရှိ ရခိုင်ပြည်သူတွေကို နွေဦးတော်လှန်ရေးမှာ မပါဝင်ဖို့၊ Federal ဒီမိုကရေစီဟာ ရခိုင်တွေလိုချင်တဲ့ အခွင့်အရေးမဟုတ်တဲ့အတွက် ၎င်းကို ဆန့်ကျင်ဖို့၊ ဝ လိုမျိုး အခွင့်အရေးအတွက် မအလနဲ့ပူးပေါင်းဖို့ စည်းရုံးရေးဆင်းနေတယ်။ ရခိုင်မီဒီယာတွေကလဲ နည်းမျိုးစုံနဲ့ NLD ကိုရော CRPH ကိုပါ ထိုးစစ်ဆင်နေတာတွေ့ရတယ်။

ဒီတော်လှန်ရေးအောင်မှ ပြည်သူတွေက စစ်အာဏာရူးနဲ့တရုတ်ကျွန်ဘဝမှ လွတ်မြောက်မယ်ဆိုတာ ပြည်သူ (95) ရာခိုင်နှုံးက သိနေပြီဖြစ်ကြောင်း ပြည်သူတွေအချင်းချင်း ရိုင်းပင်းကူညီနေမှုက သက်သေထူနေပြီ။ တော်လှန်ရေးကို ဦးဆောင်နေတဲ့သူတွေအနေနဲ့ ဒီအရေးတော်ပုံမှာ အကြမ်းဖက်အုပ်စုကို ထောက်ခံအားပေးနေတဲ့ ရဟန်းသံဃာအပါအဝင် မီဒီယာ အဖွဲ့အစည်းအားလုံးကို စာရင်းပြုစုပြီး တော်လှန်ရေးအောင်မြင်တဲ့အချိန် အရေးယူရမယ်။

အထူးသဖြင့် တော်လှန်ရေးနဲ့ CRPH ကို ဖျက်လိုဖျက်ဆီး ကြံစည်နေသူတွေအားလုံးဟာ ပြည်သူ့ရန်သူတွေ ဖြစ်ကြောင်း မှတ်တမ်းတင်ရပါလိမ့်မယ်။ တနိုင်ငံလုံးက အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေချိန်မှာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ထူးခြားနေတယ်။ ရခိုင်ပြည်သူတချို့နဲ့ ရခိုင် NLD တွေ တော်လှန်ရေးမှာ ပါဝင်ခွင့် ဟန့်တားခံနေရပြီ။ ရခိုင်နိုင်ငံရေးသမားတွေနဲ့ AA ရဲ့ မူဝါဒက “နွေဦးတော်လှန်ဟာ ငါတို့ရဲ့တော်လှန်ရေးမဟုတ်၊ တော်လှန်ရေးပြီးမှ ငါတို့လိုချင်တဲ့ အခွင့်အရေးအတွက် တိုက်ပွဲစမယ်” ဆိုတဲ့မူဝါဒမျိုးပါ။

ညည ခွေးဆွဲခံရတာက ရပ်ကွက်ထဲမှာရှိတဲ့ ဒလံတွေကြောင်းပဲ ဖြစ်တယ်။ ရပ်ကွက်မှာ ရှိတဲ့ ဒလံတွေကို အထူးသတိထားကြပါ။ ပြည်သူတွေသိထားရမှာက CRPH ဝင်တွေက NLD သက်သက်မဟုတ်ပါ။ NLD မဟုတ်တဲ့ ပြည်တွင်းပြည်ပ ပညာရှင်တွေလဲပါပါတယ်။ NLD လက်ထက်မှာ အဓိက ဝန်ကြီးဌာနတွေကို မအလက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ တော်လှန်ရေး အောင်မြင်တဲ့ အချိန် အဲသလို ထိန်းချုပ်ခွင့် ရှိလိမ့်မည် မဟုတ်ပေ။ ဖွဲ့စည်းပုံသစ်နဲ့ ထူထောင်မှာဖြစ်ကြောင်း တွေဝေနေစရာ မလိုပါ။
အရေးတော်ပုံ မုချအောင်ရမည်။

(Zawgyi Version)

CRPH ကို ဖျက်ဆီးလိုသော ပြည်သူ့ရန်သူများ

စစ္ေကာင္စီရဲ႕ လုပ္ရပ္အားလုံးက အၾကမ္းဖက္လုပ္ရပ္ျဖစ္ေၾကာင္း သံသယျဖစ္စရာမလိုပါ။ ႏွစ္ေပါင္းခုႏွစ္ဆယ္အထိ တိုင္းရင္းသားလက္နက္ကိုင္ေတြကို အလင္းဝင္ဖို႔ အမိန္႔ေပးခဲ့တဲ့ အာဏ႐ူးစစ္ေခါင္းေဆာင္ေတြက ႏိုင္ငံအဝွမ္းမွာ အဖ်က္အေမွာင့္ေတြကိုသာ လုပ္ေနေၾကာင္း ကမာၻသိ ထင္ရွားေနၿပီ။ အေမွာင္က်မွ အၾကမ္းဖက္ေနတဲ့ စစ္ေကာင္စီသည္ပင္ အေမွာင္ထဲမွာ ရွိေနေၾကာင္း သူတို႔သည္သာ ျပည္သူထံ အလင္းဝင္ရမည္ျဖစ္ေၾကာင္း (6-3-2021) နဲ႔ (7-3-2021) ေန႔ ညေတြမွာ လုပ္ခဲ့တဲ့အၾကမ္းဖက္မႈေၾကာင့္ ကမာၻက မ်က္ဝါးထင္ထင္ ျမင္ခဲ့ၾကၿပီ။

ဒီလိုမ်ိဳး ျပည္သူေတြကို အဘက္ဘက္မွ အၾကမ္းဖက္ေနတဲ့အခ်ိန္မွာ CRPH က 2008 ေျခဥ ဖ်က္မယ္ မေျပာဘူး၊ ဟိုဟာမေျပာဘူး၊ ဒီဟာမေျပာဘူး။ စတဲ့ ဖ်က္လိုဖ်က္ဆီး ႀကံစည္ေနသူေတြ၊ CRPH မေကာင္းေၾကာင္းကို သြယ္ဝိုက္တဲ့နည္းနဲ႔ interview ေတြလုပ္ၿပီး ဝါဒျဖန္႔ေနသူေတြ၊ တိုင္းရင္းသားအေရးကို အေလးမထားဘူးလို႔ စြပ္စြဲေနသူေတြအားလုံးက ဒီအခ်ိန္မွာ ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္ေနတဲ့ ျပည္သူေတြကို ရန္မူေနျခင္းသာ ျဖစ္တယ္။

CRPH ရဲ႕ အခက္အခဲကို က်ေနာ့္လို နာဇီအက်ဥ္းစခန္းပမာ ပိတ္ေလွာင္ခံထားရသူက ပိုၿပီး နားလည္ပါတယ္။ NLD အမတ္ေတြအားလုံး အသက္လုေျပးေနရတဲ့အခ်ိန္၊ ေတာ္လွန္ေရးေခါင္းေဆာင္ေတြက စကၠန္႔နဲ႔အမွ် အသက္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ အၾကမ္းဖက္အဖြဲ႕ျဖစ္တဲ့ စစ္ေကာင္စီကို မတိုက္ပဲ CRPH ကို တိုက္ခိုက္ေျပာဆိုေနျခင္းဟာ ျပည္သူေတြကို ရန္မူေနျခင္းပဲမဟုတ္လား။

ရခိုင္ျပည္နယ္ရွိ အက်ဥ္းစခန္းမွာေနရတဲ့ ႐ိုဟင္ဂ်ာတခ်ိဳ႕က ျပည္သူနဲ႔အတူ ေတာ္လွန္မွာပါဝင္ဖို႔ ႀကိဳးစားေပမဲ့ ရခိုင္အစြန္းေရာက္အုပ္စုနဲ႔လုံၿခဳံေရးအဖြဲ႕ေတြက ၿဖိဳခြင္းလိုက္ၿပီ။ ရခိုင္တမ်ိဳးသားလုံးရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ေဒါက္တာေအးေမာင္က တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕ ခရီးႏွင္ကာ ရခိုင္ျပည္အႏွံ႔ရွိ ရခိုင္ျပည္သူေတြကို ေႏြဦးေတာ္လွန္ေရးမွာ မပါဝင္ဖို႔၊ Federal ဒီမိုကေရစီဟာ ရခိုင္ေတြလိုခ်င္တဲ့ အခြင့္အေရးမဟုတ္တဲ့အတြက္ ၎ကို ဆန္႔က်င္ဖို႔၊ ဝ လိုမ်ိဳး အခြင့္အေရးအတြက္ မအလနဲ႔ပူးေပါင္းဖို႔ စည္း႐ုံးေရးဆင္းေနတယ္။ ရခိုင္မီဒီယာေတြကလဲ နည္းမ်ိဳးစုံနဲ႔ NLD ကိုေရာ CRPH ကိုပါ ထိုးစစ္ဆင္ေနတာေတြ႕ရတယ္။

ဒီေတာ္လွန္ေရးေအာင္မွ ျပည္သူေတြက စစ္အာဏာ႐ူးနဲ႔တ႐ုတ္ကြၽန္ဘဝမွ လြတ္ေျမာက္မယ္ဆိုတာ ျပည္သူ (95) ရာခိုင္ႏႈံးက သိေနၿပီျဖစ္ေၾကာင္း ျပည္သူေတြအခ်င္းခ်င္း ႐ိုင္းပင္းကူညီေနမႈက သက္ေသထူေနၿပီ။ ေတာ္လွန္ေရးကို ဦးေဆာင္ေနတဲ့သူေတြအေနနဲ႔ ဒီအေရးေတာ္ပုံမွာ အၾကမ္းဖက္အုပ္စုကို ေထာက္ခံအားေပးေနတဲ့ ရဟန္းသံဃာအပါအဝင္ မီဒီယာ အဖြဲ႕အစည္းအားလုံးကို စာရင္းျပဳစုၿပီး ေတာ္လွန္ေရးေအာင္ျမင္တဲ့အခ်ိန္ အေရးယူရမယ္။

အထူးသျဖင့္ ေတာ္လွန္ေရးနဲ႔ CRPH ကို ဖ်က္လိုဖ်က္ဆီး ႀကံစည္ေနသူေတြအားလုံးဟာ ျပည္သူ႔ရန္သူေတြ ျဖစ္ေၾကာင္း မွတ္တမ္းတင္ရပါလိမ့္မယ္။ တႏိုင္ငံလုံးက အၾကမ္းဖက္စစ္ေကာင္စီကို ေတာ္လွန္ေနခ်ိန္မွာ ရခိုင္ျပည္နယ္ရဲ႕ အေျခအေနက ထူးျခားေနတယ္။ ရခိုင္ျပည္သူတခ်ိဳ႕နဲ႔ ရခိုင္ NLD ေတြ ေတာ္လွန္ေရးမွာ ပါဝင္ခြင့္ ဟန္႔တားခံေနရၿပီ။ ရခိုင္ႏိုင္ငံေရးသမားေတြနဲ႔ AA ရဲ႕ မူဝါဒက “ေႏြဦးေတာ္လွန္ဟာ ငါတို႔ရဲ႕ေတာ္လွန္ေရးမဟုတ္၊ ေတာ္လွန္ေရးၿပီးမွ ငါတို႔လိုခ်င္တဲ့ အခြင့္အေရးအတြက္ တိုက္ပြဲစမယ္” ဆိုတဲ့မူဝါဒမ်ိဳးပါ။

ညည ေခြးဆြဲခံရတာက ရပ္ကြက္ထဲမွာရွိတဲ့ ဒလံေတြေၾကာင္းပဲ ျဖစ္တယ္။ ရပ္ကြက္မွာ ရွိတဲ့ ဒလံေတြကို အထူးသတိထားၾကပါ။ ျပည္သူေတြသိထားရမွာက CRPH ဝင္ေတြက NLD သက္သက္မဟုတ္ပါ။ NLD မဟုတ္တဲ့ ျပည္တြင္းျပည္ပ ပညာရွင္ေတြလဲပါပါတယ္။ NLD လက္ထက္မွာ အဓိက ဝန္ႀကီးဌာနေတြကို မအလက ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမဲ့ ေတာ္လွန္ေရး ေအာင္ျမင္တဲ့ အခ်ိန္ အဲသလို ထိန္းခ်ဳပ္ခြင့္ ရွိလိမ့္မည္ မဟုတ္ေပ။ ဖြဲ႕စည္းပုံသစ္နဲ႔ ထူေထာင္မွာျဖစ္ေၾကာင္း ေတြေဝေနစရာ မလိုပါ။
အေရးေတာ္ပုံ မုခ်ေအာင္ရမည္။

You may also like