စစ်အာဏာရူးကျဆုံးခန်းနှင့် အဝကျွန်းသားတို့၏အန္တရာယ်

688 views

CRPH ရဲ့ ကြိုးပမ်းမှု၊ Gen Z တွေရဲ့ ကိုယ်ကျိုးမငံ့စွန့်စားမှု၊ ပြည်တွင်းပြည်ပက ပညာရှင်တွေရဲ့ ထောက်ခံမှု၊ CDM မှာ 80 ရာခိုင်နှုံး ပါဝင်မှု၊ စစ်ကောင်စီကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုမှု၊ အနောက်နိုင်ငံတွေက စစ်အာဏာရှင်တွေကို အရေးယူရန်ပြင်ဆင်မှု စတဲ့အချက်တွေက စစ်အာဏာရူးတွေ မကြာမီ ကျဆုံးတော့မယ့် နိမိတ်လက္ခဏာတွေပါ။ ပြည်သူတွေ အတိုင်းအတာတစ်ခုအထိ သည်းခံစောင့်ဆိုင်းရမှာ ဖြစ်တဲ့အတွက် ပြည်သူအချင်းချင်းကြား လူသားဆန်မှုကို အဓိကထားပြီး ရိုင်းပင်းကူညီစေချင်တယ်။ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ဆိုတဲ့ ကြွေးကြော်သံကို လက်တွေ့ ကျင့်သုံးစေချင်ပါတယ်။ ICC လမ်းကြောင်းနဲ့ သွားနိုင်ရင်တော့ မအလအုပ်စုက အမြန်ဆုံးကျဆုံးနိုင်ပါတယ်။

အမှန်တရားကို မျက်ကွယ်ပြုခြင်းက ဓမ္မကို ပစ်ဖယ်ထားခြင်းပင်။ ကျနော်က ရခိုင် ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာတဲ့အတွက် ရခိုင်ဘုန်းကြီး​တွေအကြောင်းကို ပိုသိပါတယ်။ အဝကျွန်းသားရခိုင်တွေနဲ့ပတ်သက်ပြီး မုသားကို လီဆယ်ရေးသားမိရင် ​သေဒဏ်ပေးခြင်းကိုပါ ကြည်ဖြူစွာ လက်ခံမှာပါ။ ကျနော်က ရခိုင်ကို မုန်းတီးသူလဲ မဟုတ်ပါ။ 2010 မတိုင်ခင်အထိ ရိုဟင်ဂျာတွေ ဖိနှိပ်ခံဘဝနဲ့ နေခဲ့ရပေမဲ့ ရခိုင်တွေနဲ့ရိုဟင်ဂျာကြားမှာ ဘာပြသနာမှ မရှိခဲ့ပေ။ 2010 မှစပြီး ဒေါက်တာအေးမောင်ဦးဆောင်တဲ့ အဝကျွန်းသားအုပ်စုက ရက္ခိုင့်ထိပ်ပိုင်း နိုင်ငံရေးသမားတွေ အဖြစ် နေရာယူတော့ လူမျိုးရေးဘာသာရေးမုန်းတီးမှုတွေကို စတင်ခဲ့တယ်။ 2012 ၊ 2013 ၊ 2016 ၊ 2017 ခုနှစ်တွေမှာ ရိုဟင်ဂျာမျိုးတုန်း သတ်ဖြတ်ရေးလုပ်တဲ့အချိန် အဝကျွန်းသား ရခိုင်တွေက စစ်တပ်နဲ့အတူ ရိုဟင်ဂျာတွေကို မီးရှို့သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ ဓါတ်ပုံမှတ်တမ်းတွေကို နိုင်ငံခြားမီဒီယာတွေထံ ရောင်းစားခဲ့တယ်။

RFA သတင်းအရ ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် AA နဲ့ 2020 မတ် ၇ ရက်နေ့ တိုက်ပွဲတွေမှာ တပ်မတော်က ဓာတုအဆိပ်ငွေ့ပါတဲ့ ဗုံးတွေအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက စွပ်စွဲ​ကြောင်း ဖော်ပြခဲ့တယ်။ 2020 စက်တင်ဘာမှာတော့ တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှု လုပ်ကြောင်း ဖော်ကောင်သက်သေလုပ်ဖို့ ရက္ခိုင် စစ်တပ် (AA) ဘက်က ဖမ်းမိထားတဲ့တပ်သား၂ ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းခဲ့တယ်။ တကယ်တော့ ငွေကြေးများစွာရလို့ ရောင်းစားခဲ့တာပါ။ အဲဒီကိစ္စကြောင်း ရိုဟင်ဂျာတွေက AA ကို အပြုသဘောနဲ့ မြင်ကြလေတော့ ဘင်္ဂလားဒေ့ချ်မှာ ရှိတဲ့ ရခိုင်တွေက ရိုဟင်ဂျာဂျီနိုဆိုဒ် ရပ်တန့်ဖို့ ဆန္ဒပြခဲ့တယ်။ ရိုဟင်ဂျာနဲ့ရခိုင်တွေက ညီနောင်တွေဖြစ်ကြောင်း ဟန်ဆောင်ပြခဲ့တာပါ။

2020 ရွေးကောက်ပွဲကာလမှာ NLD အမတ် (၃) ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ ရွေးကောက်ပွဲအပြီးမှာ AA က မအလကို အပြုသဘောမြင်တယ်။ အာဏာမသိမ်းမီ အင်တာဗျူးတစ်ခုမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အစိမ်းတုတ်၊ အနီတုတ်တွေထက် စစ်တပ်ကောင်းတယ်လို့ ပြောခဲ့တယ်။ အာဏာသိမ်းအပြီး ဒေါက်တာအေးမောင် ထောင်ကထွက်လာတော့ မင်းအောင်လှိုင်ကို ကျေးဇူးတင်မဆုံး ဖြစ်တယ်။ ပြီးတော့ နယ်လှည့်တရားဟောနေတယ်။ ဆိုလိုတာက အဝကျွန်းသားရခိုင်တွေရဲ့ နိုင်ငံရေးကစားကွက်တွေက အလွန်ကြောက်ဖို့ကောင်းပါတယ်။

တချိန်လုံး စစ်တပ်နဲ့ပေါင်းပြီး ရိုဟင်ဂျာတွေကို နှိပ်ကွက်လာခဲ့တဲ့ အဝကျွန်းသားတွေက စစ်တပ်ကို ဘယ်အပြစ်တင်မလဲ။ NLD အစိုးရကိုပဲ ပြစ်တင်ကြတာပေါ့။ NLD လက်ထက်မှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတယ်။ ဒါပေမဲ့ NLD ပါတီဝင်တွေ ရိုဟင်ဂျာသတ်ပွဲမှာ မပါဘူး။ ဒေါ်စု နှုတ်ဆိတ်လို့ စစ်ခေါင်းဆောင်တွေကို ကယ်ခဲ့လို့သာ ရိုဟင်ဂျာတွေက ဒေါ်စုကို အပြစ်တင်ကြတာ ဖြစ်တယ်။ အမှန်တကယ် ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့သူမှာ ရခိုင်ရဲ၊ စစ်တပ်နဲ့ အဝကျွန်းသားရခိုင်အုပ်စုတွေပါ။ ဒါက အမှန်တရားပါ။

ဒေါ်စုက အာနန်ကော်မရှင်ဖွဲ့တုန်းက ထောင်ချီတဲ့ အဝကျွန်းသားရခိုင်တွေနဲ့ ထောင်ချီတဲ့ သံဃာတွေ ရခိုင်ပြည်နယ်၊ ရန်ကုန်နဲ့ မန္တလေးမှာ “ခိုးဝင်ဘင်္ဂလီ” ဗီနှိုင်းတွေနဲ့ ဆန္ဒပြခဲ့ကြတယ်။ UN OIC US MSF INGOs အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ ခေါင်းအေးအေးနဲ့ တွေးကြည့်ပါ။ အဲလောက်များပြားတဲ့ သံဃာတွေ ခုလို နွေဦးတော်လှန်ရေးမှာ ဘယ်ရောက်နေသလဲ။ မြန်မာတနိုင်ငံလုံးမှာ အဝကျွန်းသားရခိုင်သံဃာဦးရေက (၆၀) ရာခိုင်နှုံးလောက်ရှိမယ်။ အဝကျွန်းသား ရခိုင် ဟုတ်မဟုတ်ဆို မျှတတဲ့ ကော်မရှင်ဖွဲ့ပြီး စစ်ဆေးတာနဲ့ အဖြေပေါ်လိမ့်မယ်။ မီဒီယာအားလုံးမှာ ရခိုင်မီဒီယာသမားတွေရှိနေတယ်။ သူတို့လဲ အဝကျွန်းသားရခိုင်တွေရဲ့ Brain wash လုပ်ခံရပြီ။ ရန်ကုန်တိုင်းမှာ ရခိုင်ဦးရေ လေးသိန်းကျော်ရှိတယ်။ ဧရာဝတီတိုင်းမှာ နှစ်သိန်းကျော်ရှိတယ်။ AA နဲ့ အဝကျွန်းသားရခိုင်နိုင်ငံသမားတွေက Federal Democracy မလိုချင်ဘူး။ ဝ လိုဘဲ သီးခြားဖြစ်ချင်တာ။ ဒါကြောင့် တရုတ်ဘက်ကူးပြီး အိန္ဒိယဘက်မှာ ရှိခဲ့တဲ့ ရခိုင်လက်နက်ကိုင် ALP ကို အမြစ်ဖြတ်ချေမှုန်းခဲ့တာပါ။

ရခိုင်တိုင်းရင်းသားတွေလဲ အဝကျွန်းသား ရခိုင်နိုင်ငံရေးသမားတွေကြောင့် ဒုက္ခရောက်နေကြတယ်။ ရခိုင်ပြည်နယ်ကို စွန့်ပြေးနေကြရတယ်။ နွေဦးတော်လှန်ရေးအောင်မြင်ရင် ဝနဲ့ရခိုင်တွေက ​Federalism ကို ထိုးနှက်ပါလိမ့်မယ်။ မြန်မာပြည်သူတွေကို ဘာသာရေးလူမျိုးရေးမှိုင်းတိုက်ပြီး ပြည်ထောင်စုပြိုကွဲရေးအထိ လုပ်ပါလိမ့်မယ်။ ၂၀၁၂ ကနေ ဒီကနေ့အထိ ရခိုင်မျိုးနွယ်စုထဲမှာပါတဲ့ ကမန်တိုင်းရင်းသားတွေသည်ပင် ကျောင်းတက်ခွင့်၊ စျေးသွားခွင့်မရတာလဲ အဝကျွန်းသား ရခိုင်နိုင်ငံရေးသမားကြောင့်ပဲ ဖြစ်တယ်။ အဝကျွန်းသားတွေက လူသားဆန်မှု၊ ဒီမိုကရေစီစံနှုံးတွေထက် သူတို့ရဲ့ အတ္တကို ရှေ့တန်းတင်သူတွေသာဖြစ်ပါတယ်။

(Zawgyi Version)

စစ္အာဏာ႐ူးက်ဆုံးခန္းႏွင့္ အဝကြၽန္းသားတို႔၏အႏၲရာယ္

CRPH ရဲ႕ ႀကိဳးပမ္းမႈ၊ Gen Z ေတြရဲ႕ ကိုယ္က်ိဳးမငံ့စြန္႔စားမႈ၊ ျပည္တြင္းျပည္ပက ပညာရွင္ေတြရဲ႕ ေထာက္ခံမႈ၊ CDM မွာ 80 ရာခိုင္ႏႈံး ပါဝင္မႈ၊ စစ္ေကာင္စီကို ဘယ္ႏိုင္ငံကမွ အသိအမွတ္မျပဳမႈ၊ အေနာက္ႏိုင္ငံေတြက စစ္အာဏာရွင္ေတြကို အေရးယူရန္ျပင္ဆင္မႈ စတဲ့အခ်က္ေတြက စစ္အာဏာ႐ူးေတြ မၾကာမီ က်ဆုံးေတာ့မယ့္ နိမိတ္လကၡဏာေတြပါ။ ျပည္သူေတြ အတိုင္းအတာတစ္ခုအထိ သည္းခံေစာင့္ဆိုင္းရမွာ ျဖစ္တဲ့အတြက္ ျပည္သူအခ်င္းခ်င္းၾကား လူသားဆန္မႈကို အဓိကထားၿပီး ႐ိုင္းပင္းကူညီေစခ်င္တယ္။ ဒို႔ျပည္သူေတြ ညီရဲ႕လားေဟ့ ဆိုတဲ့ ေႂကြးေၾကာ္သံကို လက္ေတြ႕ က်င့္သုံးေစခ်င္ပါတယ္။ ICC လမ္းေၾကာင္းနဲ႔ သြားႏိုင္ရင္ေတာ့ မအလအုပ္စုက အျမန္ဆုံးက်ဆုံးႏိုင္ပါတယ္။

အမွန္တရားကို မ်က္ကြယ္ျပဳျခင္းက ဓမၼကို ပစ္ဖယ္ထားျခင္းပင္။ က်ေနာ္က ရခိုင္ ဘုန္းႀကီးေက်ာင္းမွာ ႀကီးျပင္းလာတဲ့အတြက္ ရခိုင္ဘုန္းႀကီး​ေတြအေၾကာင္းကို ပိုသိပါတယ္။ အဝကြၽန္းသားရခိုင္ေတြနဲ႔ပတ္သက္ၿပီး မုသားကို လီဆယ္ေရးသားမိရင္ ​ေသဒဏ္ေပးျခင္းကိုပါ ၾကည္ျဖဴစြာ လက္ခံမွာပါ။ က်ေနာ္က ရခိုင္ကို မုန္းတီးသူလဲ မဟုတ္ပါ။ 2010 မတိုင္ခင္အထိ ႐ိုဟင္ဂ်ာေတြ ဖိႏွိပ္ခံဘဝနဲ႔ ေနခဲ့ရေပမဲ့ ရခိုင္ေတြနဲ႔႐ိုဟင္ဂ်ာၾကားမွာ ဘာျပသနာမွ မရွိခဲ့ေပ။ 2010 မွစၿပီး ေဒါက္တာေအးေမာင္ဦးေဆာင္တဲ့ အဝကြၽန္းသားအုပ္စုက ရကၡိဳင့္ထိပ္ပိုင္း ႏိုင္ငံေရးသမားေတြ အျဖစ္ ေနရာယူေတာ့ လူမ်ိဳးေရးဘာသာေရးမုန္းတီးမႈေတြကို စတင္ခဲ့တယ္။ 2012 ၊ 2013 ၊ 2016 ၊ 2017 ခုႏွစ္ေတြမွာ ႐ိုဟင္ဂ်ာမ်ိဳးတုန္း သတ္ျဖတ္ေရးလုပ္တဲ့အခ်ိန္ အဝကြၽန္းသား ရခိုင္ေတြက စစ္တပ္နဲ႔အတူ ႐ိုဟင္ဂ်ာေတြကို မီးရႈိ႕သတ္ျဖတ္ခဲ့တယ္။ ၿပီးေတာ့ ဓါတ္ပုံမွတ္တမ္းေတြကို ႏိုင္ငံျခားမီဒီယာေတြထံ ေရာင္းစားခဲ့တယ္။

RFA သတင္းအရ ရခိုင္ျပည္နယ္က ရကၡိဳင့္တပ္ေတာ္ AA နဲ႔ 2020 မတ္ ၇ ရက္ေန႔ တိုက္ပြဲေတြမွာ တပ္မေတာ္က ဓာတုအဆိပ္ေငြ႕ပါတဲ့ ဗုံးေတြအသုံးျပဳ တိုက္ခိုက္ခဲ့တယ္လို႔ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက စြပ္စြဲ​ေၾကာင္း ေဖာ္ျပခဲ့တယ္။ 2020 စက္တင္ဘာမွာေတာ့ တပ္မေတာ္က လူမ်ိဳးတုံးသတ္ျဖတ္မႈ လုပ္ေၾကာင္း ေဖာ္ေကာင္သက္ေသလုပ္ဖို႔ ရကၡိဳင္ စစ္တပ္ (AA) ဘက္က ဖမ္းမိထားတဲ့တပ္သား၂ ဦးကို အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈခုံ႐ုံး (ICC) သို႔ လႊဲေျပာင္းခဲ့တယ္။ တကယ္ေတာ့ ေငြေၾကးမ်ားစြာရလို႔ ေရာင္းစားခဲ့တာပါ။ အဲဒီကိစၥေၾကာင္း ႐ိုဟင္ဂ်ာေတြက AA ကို အျပဳသေဘာနဲ႔ ျမင္ၾကေလေတာ့ ဘဂၤလားေဒ့ခ်္မွာ ရွိတဲ့ ရခိုင္ေတြက ႐ိုဟင္ဂ်ာဂ်ီႏိုဆိုဒ္ ရပ္တန္႔ဖို႔ ဆႏၵျပခဲ့တယ္။ ႐ိုဟင္ဂ်ာနဲ႔ရခိုင္ေတြက ညီေနာင္ေတြျဖစ္ေၾကာင္း ဟန္ေဆာင္ျပခဲ့တာပါ။

2020 ေ႐ြးေကာက္ပြဲကာလမွာ NLD အမတ္ (၃) ဦးကို AA က ဖမ္းဆီးေခၚေဆာင္သြားခဲ့တယ္။ ေ႐ြးေကာက္ပြဲအၿပီးမွာ AA က မအလကို အျပဳသေဘာျမင္တယ္။ အာဏာမသိမ္းမီ အင္တာဗ်ဴးတစ္ခုမွာ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က အစိမ္းတုတ္၊ အနီတုတ္ေတြထက္ စစ္တပ္ေကာင္းတယ္လို႔ ေျပာခဲ့တယ္။ အာဏာသိမ္းအၿပီး ေဒါက္တာေအးေမာင္ ေထာင္ကထြက္လာေတာ့ မင္းေအာင္လႈိင္ကို ေက်းဇူးတင္မဆုံး ျဖစ္တယ္။ ၿပီးေတာ့ နယ္လွည့္တရားေဟာေနတယ္။ ဆိုလိုတာက အဝကြၽန္းသားရခိုင္ေတြရဲ႕ ႏိုင္ငံေရးကစားကြက္ေတြက အလြန္ေၾကာက္ဖို႔ေကာင္းပါတယ္။

တခ်ိန္လုံး စစ္တပ္နဲ႔ေပါင္းၿပီး ႐ိုဟင္ဂ်ာေတြကို ႏွိပ္ကြက္လာခဲ့တဲ့ အဝကြၽန္းသားေတြက စစ္တပ္ကို ဘယ္အျပစ္တင္မလဲ။ NLD အစိုးရကိုပဲ ျပစ္တင္ၾကတာေပါ့။ NLD လက္ထက္မွာ ႐ိုဟင္ဂ်ာေတြ အစုလိုက္အၿပဳံလိုက္ အသတ္ခံရတယ္။ ဒါေပမဲ့ NLD ပါတီဝင္ေတြ ႐ိုဟင္ဂ်ာသတ္ပြဲမွာ မပါဘူး။ ေဒၚစု ႏႈတ္ဆိတ္လို႔ စစ္ေခါင္းေဆာင္ေတြကို ကယ္ခဲ့လို႔သာ ႐ိုဟင္ဂ်ာေတြက ေဒၚစုကို အျပစ္တင္ၾကတာ ျဖစ္တယ္။ အမွန္တကယ္ ႐ိုဟင္ဂ်ာေတြကို သတ္ျဖတ္ခဲ့သူမွာ ရခိုင္ရဲ၊ စစ္တပ္နဲ႔ အဝကြၽန္းသားရခိုင္အုပ္စုေတြပါ။ ဒါက အမွန္တရားပါ။

ေဒၚစုက အာနန္ေကာ္မရွင္ဖြဲ႕တုန္းက ေထာင္ခ်ီတဲ့ အဝကြၽန္းသားရခိုင္ေတြနဲ႔ ေထာင္ခ်ီတဲ့ သံဃာေတြ ရခိုင္ျပည္နယ္၊ ရန္ကုန္နဲ႔ မႏၲေလးမွာ “ခိုးဝင္ဘဂၤလီ” ဗီႏႈိင္းေတြနဲ႔ ဆႏၵျပခဲ့ၾကတယ္။ UN OIC US MSF INGOs အလိုမရွိေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့ၾကတယ္။ ေခါင္းေအးေအးနဲ႔ ေတြးၾကည့္ပါ။ အဲေလာက္မ်ားျပားတဲ့ သံဃာေတြ ခုလို ေႏြဦးေတာ္လွန္ေရးမွာ ဘယ္ေရာက္ေနသလဲ။ ျမန္မာတႏိုင္ငံလုံးမွာ အဝကြၽန္းသားရခိုင္သံဃာဦးေရက (၆၀) ရာခိုင္ႏႈံးေလာက္ရွိမယ္။ အဝကြၽန္းသား ရခိုင္ ဟုတ္မဟုတ္ဆို မွ်တတဲ့ ေကာ္မရွင္ဖြဲ႕ၿပီး စစ္ေဆးတာနဲ႔ အေျဖေပၚလိမ့္မယ္။ မီဒီယာအားလုံးမွာ ရခိုင္မီဒီယာသမားေတြရွိေနတယ္။ သူတို႔လဲ အဝကြၽန္းသားရခိုင္ေတြရဲ႕ Brain wash လုပ္ခံရၿပီ။ ရန္ကုန္တိုင္းမွာ ရခိုင္ဦးေရ ေလးသိန္းေက်ာ္ရွိတယ္။ ဧရာဝတီတိုင္းမွာ ႏွစ္သိန္းေက်ာ္ရွိတယ္။ AA နဲ႔ အဝကြၽန္းသားရခိုင္ႏိုင္ငံသမားေတြက Federal Democracy မလိုခ်င္ဘူး။ ဝ လိုဘဲ သီးျခားျဖစ္ခ်င္တာ။ ဒါေၾကာင့္ တ႐ုတ္ဘက္ကူးၿပီး အိႏၵိယဘက္မွာ ရွိခဲ့တဲ့ ရခိုင္လက္နက္ကိုင္ ALP ကို အျမစ္ျဖတ္ေခ်မႈန္းခဲ့တာပါ။

ရခိုင္တိုင္းရင္းသားေတြလဲ အဝကြၽန္းသား ရခိုင္ႏိုင္ငံေရးသမားေတြေၾကာင့္ ဒုကၡေရာက္ေနၾကတယ္။ ရခိုင္ျပည္နယ္ကို စြန္႔ေျပးေနၾကရတယ္။ ေႏြဦးေတာ္လွန္ေရးေအာင္ျမင္ရင္ ဝနဲ႔ရခိုင္ေတြက ​Federalism ကို ထိုးႏွက္ပါလိမ့္မယ္။ ျမန္မာျပည္သူေတြကို ဘာသာေရးလူမ်ိဳးေရးမႈိင္းတိုက္ၿပီး ျပည္ေထာင္စုၿပိဳကြဲေရးအထိ လုပ္ပါလိမ့္မယ္။ ၂၀၁၂ ကေန ဒီကေန႔အထိ ရခိုင္မ်ိဳးႏြယ္စုထဲမွာပါတဲ့ ကမန္တိုင္းရင္းသားေတြသည္ပင္ ေက်ာင္းတက္ခြင့္၊ ေစ်းသြားခြင့္မရတာလဲ အဝကြၽန္းသား ရခိုင္ႏိုင္ငံေရးသမားေၾကာင့္ပဲ ျဖစ္တယ္။ အဝကြၽန္းသားေတြက လူသားဆန္မႈ၊ ဒီမိုကေရစီစံႏႈံးေတြထက္ သူတို႔ရဲ႕ အတၱကို ေရွ႕တန္းတင္သူေတြသာျဖစ္ပါတယ္။

You may also like