နွေဦးတော်လှန်ရေး

by အောင်အောင်
382 views

ပြည်သူအားလုံးပါသည့် နွေဦးတော်လှန်ရေးသည် အာဏာရှင်လူတစ်စုကို တော်လှန်ရုံသာမက အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒ၊ အသားအရောင်ခွဲခြားမှု၊ လူမျိုးဘာသာအပေါ်ခွဲခြားဆက်ဆံမှုကိုပါ တော်လှန်နေသည့် တော်လှန်ရေးဖြစ်ပါသည်။ မည်သည့်လူမျိုးမည်သည့်ဘာသာ၏အခွင့်အရေးထက် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားအားလုံး၏အခွင့်အရေးအတွက် တော်လှန်နေခြင်း ဖြစ်ပါသည်။ ဤအချိန်မှာ ကျွန်တော်က ပြည်သူအားလုံးကို ပါးလိုသည့် သတင်းစကားမှာ “ဒို့ပြည်သူတွေ ညီရဲ့လားဟေ့” ဟူသည့် ကြွေးကြော်သံပင် ဖြစ်ပါသည်။

ပြည်သူအားလုံး တန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေခြင်းကို အဆိုပါ ကြွေးကြော်သံက မီးမောင်းထိုးပြ​​နေ၏။ မြန်မာနိုင်ငံကို စစ်အာဏာရှင်များက နှစ်ပေါင်း 70 အုပ်ချုပ်ချိန်တွင် ခွဲခြားဆက်ဆံရေးမူကို နိုင်ငံတော်ပေါ်လစီအဖြစ် အသုံးပြုခဲ့သည့်အတွက် ပြည်သူအချင်းချင်း သွေးခွဲမှု၊ မုန်းတီးမှုက ကျွန်တော်တို့၏အတွေးအခေါ်မှာ နေရာယူလာခဲ့သည်။ သို့ဖြစ်ပေရာ ပြည်သူအများစုက မြန်မာနိုင်ငံ၏သမိုင်းအမှန်ကိုပင် မသိကြချေ။ ဥပမာ မြန်မာစာ ဆင်းသက်လာပုံ၊ ဗမာနှင့်မြန်မာ၏ကွာဟခြင်း၊ တိုင်းရင်းသား ရှစ်မျိုးကိုသာ မြန်မာနိုင်ငံသားဟု ထင်မြင်ယူဆခြင်း၊ ရိုဟင်ဂျာများအား ခိုးဝင်လာသူများဟု မှတ်ယူခြင်း စသည့် အယူအဆမှားကို အမှန်တရားဟု မှတ်ယူနေကြ၏။ အမှန်မှာ အာဏာရှင်စနစ်၏အကျိုးဆက်ကြောင့် မည်သူတစ်ယောက်မျှ နိုင်ငံသားအစစ်အမှန် မဖြစ်နိုင်သေးပါ။ 2012 မှာ ကျွန်တော်က နိုင်ငံသားဖြစ်ခြင်းနှင့်စပ်လျဥ်း၍ အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။

ရိုဟင်ဂျာနှင့်ပတ်သက်၍လည်း ပညာရှင်များ၏တွေဝေမှု ကင်းရှင်းသွားအောင် အောက်ပါအတိုင်း ရေးခဲ့ပါသည်။

https://www.academia.edu/28420621/Myanmars_Crimes_Against_Humanity

မြန်မာနိုင်ငံမှာ တိုင်းရင်းသား 135 မျိုးသာရှိသည်ဟု အော်နေသူများမှာ မြန်မာ့သမိုင်းကို မသိရုံသာမက မြန်မာနိုင်ငံ၏ပထဝီအနေအထားနှင့်အာဏာရှင်တို့၏သွေးခွဲမှုကိုပါ မလေ့လာ မတွေးတောသူများသာ ဖြစ်ပါသည်။ ယနေ့ ဖယ်ဒရယ်အော်နေသူတချို့က လူမျိုးပေါ်အခြေခံပြီး ဖယ်ဒရယ်လုပ်လိုကြသည်။ အများစုက အဓိကတိုင်းရင်းသား ရှစ်မျိုးကိုသာ မြင်ကြ၏။ အမှန်မှာ 2014 သန်ခေါင်းစာရင်းအရ လူမျိုးပေါင်း 700 ဖြစ်လာသည်ကို သူတို့မေ့နေကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကမ္ဘာမည်သည့်နိုင်ငံ၌ပင် မရှိသည့် လူမျိုးအမည်များကြောင့်သာ ဖြစ်၏။

သွေးနှော၊ ကုလား၊ အိန္ဒိယ၊ ဘင်္ဂလီ၊ ပါကိစ္စတန်စသော အသုံးအနှုံးများကို စီစစ်ရေးကဒ်မှာ သုံးလာခြင်း၏အကျိုးဆက်ပင် ဖြစ်၏။ ဤပြသနာကို သမ္မတဦးဝင်းမြင့်၏အသုံးအနှုံးဖြစ်သည့် နိုင်ငံသူနိုင်ငံသားဖြင့် အစားမထိုးနိုင်လျှင် ဖယ်ဒရယ်လည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။ ပြည်ထောင်စုက နိုင်ငံပေါင်းများစွာ အဖြစ်သို့ ပြောင်းသွားနိုင်သည်။ 1982 နာဇီနိုင်ငံသားဥပဒေကို ဆက်သုံးလိုသူများ၊ လူမျိုးကြီးဝါဒကို အသုံးချပြီး ဘာသာရေး လူမျိုးရေးအရ ခွဲခြားဆက်ဆံလိုသူများ ရှိနေသရွေ့ တော်လှန်ရေးပြီးဆုံးမည် မဟုတ်ပေ။

မြန်မာစာနှင့်ဗုဒ္ဓဘာသာသည်ပင် အိန္ဒိယမှ ဆင်းသက်ပါလျက် ကုလားဟူသောအသုံးအနှုံးဖြင့် ခွဲခြားဆက်ဆံလိုသူများသည် ဒီမိုကရေစီကို စော်ကားသူများသာ ဖြစ်ကြသည်။ ကျွန်တော်က ရခိုင်ကို မုန်းတီးသူမဟုတ်သော်လည်း ရခိုင်တို့၏ရက္ခိတလမ်းစဥ်နှင့်ရခိုင်လူမျိုးကြီးဝါဒကိုမူ စဥ်ဆက်မပြတ် ဝေဖန်ရေးသားသည်။ ဤသည်လည်း လူသားဆန်မှုကို အဓိကထား၍ ဖြစ်ပါသည်။ “ရိုဟင်ဂျာများက မြန်မာစာမတတ်ပေ။ နိုင်ငံတော်သီချင်းမဆိုတတ်​ပေ။” ဟူသော စွပ်စွဲချက်သည်ပင် ရိုဟင်ဂျာတို့ကို ဂျီနိုဆိုဒ်လုပ်နေခြင်း ဖြစ်၏။ ရိုဟင်ဂျာများ ကျောင်းတက်ခွင့် မရှိသည့် နှစ်ကာလအရေအတွက်ကို သိပါလျက် ထိုသို့ စွပ်စွဲခြင်းသည် လူမျိုးကြီးဝါဒကြောင့်ပင်ဖြစ်၏။

နောက်တစ်ချက် ပြောလိုသည်မှာ ချင်း၊ ကချင်၊ မွန်၊ ကရင်၊ ရှမ်း၊ ဗမာ၊ ရခိုင်၊ ရိုဟင်ဂျာတို့က သူတို့၏စကားကို ပြောဆိုသုံးစွဲခွင့် ရှိရမည်။ ဤသည်သူတို့၏မွေးရာပါအခွင့်အရေးပါ။

ထိုအရှင်မြတ်သည်ပင် ထိုလူသားအား ဘာသာစကားအပြောအဆို (နှုတ်စလျှာစနှင့်ယင်းဘာသာစကားဖြင့် ရှင်းလင်းတင်ပြသည့်အတတ်ပညာ) ကို သင်ပေးတော်မူ၏။(Ar-Rahman:4)

နွေဦးတော်လှန်ရေးက စစ်အာဏာရှင်များကိုသာမက အာဏာရှင်များ၏လမ်းစဥ်ဖြစ်သော လူမျိုးကြီးဝါဒကိုပါ တော်လှန်နေသည့် တော်လှန်ရေးဖြစ်ကြောင့် ပြည်သူ၏ကြွေး​ကြော်သံက သတင်းကောင်းပေးနေ၏။
အရေးတော်ပုံ မုချအောင်ရမည်။

(Zawgyi Version)

ေႏြဦးေတာ္လွန္ေရး

ျပည္သူအားလုံးပါသည့္ ေႏြဦးေတာ္လွန္ေရးသည္ အာဏာရွင္လူတစ္စုကို ေတာ္လွန္႐ုံသာမက အာဏာရွင္စနစ္၊ လူမ်ိဳးႀကီးဝါဒ၊ အသားအေရာင္ခြဲျခားမႈ၊ လူမ်ိဳးဘာသာအေပၚခြဲျခားဆက္ဆံမႈကိုပါ ေတာ္လွန္ေနသည့္ ေတာ္လွန္ေရးျဖစ္ပါသည္။ မည္သည့္လူမ်ိဳးမည္သည့္ဘာသာ၏အခြင့္အေရးထက္ ျမန္မာႏိုင္ငံအတြင္း မွီတင္းေနထိုင္ၾကေသာ ႏိုင္ငံသူ ႏိုင္ငံသားအားလုံး၏အခြင့္အေရးအတြက္ ေတာ္လွန္ေနျခင္း ျဖစ္ပါသည္။ ဤအခ်ိန္မွာ ကြၽန္ေတာ္က ျပည္သူအားလုံးကို ပါးလိုသည့္ သတင္းစကားမွာ “ဒို႔ျပည္သူေတြ ညီရဲ႕လားေဟ့” ဟူသည့္ ေႂကြးေၾကာ္သံပင္ ျဖစ္ပါသည္။

ျပည္သူအားလုံး တန္းတူအခြင့္အေရးအတြက္ တိုက္ပြဲဝင္ေနျခင္းကို အဆိုပါ ေႂကြးေၾကာ္သံက မီးေမာင္းထိုးျပ​​ေန၏။ ျမန္မာႏိုင္ငံကို စစ္အာဏာရွင္မ်ားက ႏွစ္ေပါင္း 70 အုပ္ခ်ဳပ္ခ်ိန္တြင္ ခြဲျခားဆက္ဆံေရးမူကို ႏိုင္ငံေတာ္ေပၚလစီအျဖစ္ အသုံးျပဳခဲ့သည့္အတြက္ ျပည္သူအခ်င္းခ်င္း ေသြးခြဲမႈ၊ မုန္းတီးမႈက ကြၽန္ေတာ္တို႔၏အေတြးအေခၚမွာ ေနရာယူလာခဲ့သည္။ သို႔ျဖစ္ေပရာ ျပည္သူအမ်ားစုက ျမန္မာႏိုင္ငံ၏သမိုင္းအမွန္ကိုပင္ မသိၾကေခ်။ ဥပမာ ျမန္မာစာ ဆင္းသက္လာပုံ၊ ဗမာႏွင့္ျမန္မာ၏ကြာဟျခင္း၊ တိုင္းရင္းသား ရွစ္မ်ိဳးကိုသာ ျမန္မာႏိုင္ငံသားဟု ထင္ျမင္ယူဆျခင္း၊ ႐ိုဟင္ဂ်ာမ်ားအား ခိုးဝင္လာသူမ်ားဟု မွတ္ယူျခင္း စသည့္ အယူအဆမွားကို အမွန္တရားဟု မွတ္ယူေနၾက၏။ အမွန္မွာ အာဏာရွင္စနစ္၏အက်ိဳးဆက္ေၾကာင့္ မည္သူတစ္ေယာက္မွ် ႏိုင္ငံသားအစစ္အမွန္ မျဖစ္ႏိုင္ေသးပါ။ 2012 မွာ ကြၽန္ေတာ္က ႏိုင္ငံသားျဖစ္ျခင္းႏွင့္စပ္လ်ဥ္း၍ ေအာက္ပါအတိုင္း ေရးသားခဲ့ပါသည္။

႐ိုဟင္ဂ်ာႏွင့္ပတ္သက္၍လည္း ပညာရွင္မ်ား၏ေတြေဝမႈ ကင္းရွင္းသြားေအာင္ ေအာက္ပါအတိုင္း ေရးခဲ့ပါသည္။

https://www.academia.edu/28420621/Myanmars_Crimes_Against_Humanity

ျမန္မာႏိုင္ငံမွာ တိုင္းရင္းသား 135 မ်ိဳးသာရွိသည္ဟု ေအာ္ေနသူမ်ားမွာ ျမန္မာ့သမိုင္းကို မသိ႐ုံသာမက ျမန္မာႏိုင္ငံ၏ပထဝီအေနအထားႏွင့္အာဏာရွင္တို႔၏ေသြးခြဲမႈကိုပါ မေလ့လာ မေတြးေတာသူမ်ားသာ ျဖစ္ပါသည္။ ယေန႔ ဖယ္ဒရယ္ေအာ္ေနသူတခ်ိဳ႕က လူမ်ိဳးေပၚအေျခခံၿပီး ဖယ္ဒရယ္လုပ္လိုၾကသည္။ အမ်ားစုက အဓိကတိုင္းရင္းသား ရွစ္မ်ိဳးကိုသာ ျမင္ၾက၏။ အမွန္မွာ 2014 သန္ေခါင္းစာရင္းအရ လူမ်ိဳးေပါင္း 700 ျဖစ္လာသည္ကို သူတို႔ေမ့ေနၾကသည္။ ထိုသို႔ျဖစ္ရျခင္းမွာ ကမာၻမည္သည့္ႏိုင္ငံ၌ပင္ မရွိသည့္ လူမ်ိဳးအမည္မ်ားေၾကာင့္သာ ျဖစ္၏။

ေသြးေႏွာ၊ ကုလား၊ အိႏၵိယ၊ ဘဂၤလီ၊ ပါကိစၥတန္စေသာ အသုံးအႏႈံးမ်ားကို စီစစ္ေရးကဒ္မွာ သုံးလာျခင္း၏အက်ိဳးဆက္ပင္ ျဖစ္၏။ ဤျပသနာကို သမၼတဦးဝင္းျမင့္၏အသုံးအႏႈံးျဖစ္သည့္ ႏိုင္ငံသူႏိုင္ငံသားျဖင့္ အစားမထိုးႏိုင္လွ်င္ ဖယ္ဒရယ္လည္း ျဖစ္လာႏိုင္စရာ အေၾကာင္းမရွိေပ။ ျပည္ေထာင္စုက ႏိုင္ငံေပါင္းမ်ားစြာ အျဖစ္သို႔ ေျပာင္းသြားႏိုင္သည္။ 1982 နာဇီႏိုင္ငံသားဥပေဒကို ဆက္သုံးလိုသူမ်ား၊ လူမ်ိဳးႀကီးဝါဒကို အသုံးခ်ၿပီး ဘာသာေရး လူမ်ိဳးေရးအရ ခြဲျခားဆက္ဆံလိုသူမ်ား ရွိေနသေ႐ြ႕ ေတာ္လွန္ေရးၿပီးဆုံးမည္ မဟုတ္ေပ။

ျမန္မာစာႏွင့္ဗုဒၶဘာသာသည္ပင္ အိႏၵိယမွ ဆင္းသက္ပါလ်က္ ကုလားဟူေသာအသုံးအႏႈံးျဖင့္ ခြဲျခားဆက္ဆံလိုသူမ်ားသည္ ဒီမိုကေရစီကို ေစာ္ကားသူမ်ားသာ ျဖစ္ၾကသည္။ ကြၽန္ေတာ္က ရခိုင္ကို မုန္းတီးသူမဟုတ္ေသာ္လည္း ရခိုင္တို႔၏ရကၡိတလမ္းစဥ္ႏွင့္ရခိုင္လူမ်ိဳးႀကီးဝါဒကိုမူ စဥ္ဆက္မျပတ္ ေဝဖန္ေရးသားသည္။ ဤသည္လည္း လူသားဆန္မႈကို အဓိကထား၍ ျဖစ္ပါသည္။ “႐ိုဟင္ဂ်ာမ်ားက ျမန္မာစာမတတ္ေပ။ ႏိုင္ငံေတာ္သီခ်င္းမဆိုတတ္​ေပ။” ဟူေသာ စြပ္စြဲခ်က္သည္ပင္ ႐ိုဟင္ဂ်ာတို႔ကို ဂ်ီႏိုဆိုဒ္လုပ္ေနျခင္း ျဖစ္၏။ ႐ိုဟင္ဂ်ာမ်ား ေက်ာင္းတက္ခြင့္ မရွိသည့္ ႏွစ္ကာလအေရအတြက္ကို သိပါလ်က္ ထိုသို႔ စြပ္စြဲျခင္းသည္ လူမ်ိဳးႀကီးဝါဒေၾကာင့္ပင္ျဖစ္၏။

ေနာက္တစ္ခ်က္ ေျပာလိုသည္မွာ ခ်င္း၊ ကခ်င္၊ မြန္၊ ကရင္၊ ရွမ္း၊ ဗမာ၊ ရခိုင္၊ ႐ိုဟင္ဂ်ာတို႔က သူတို႔၏စကားကို ေျပာဆိုသုံးစြဲခြင့္ ရွိရမည္။ ဤသည္သူတို႔၏ေမြးရာပါအခြင့္အေရးပါ။

ထိုအရွင္ျမတ္သည္ပင္ ထိုလူသားအား ဘာသာစကားအေျပာအဆို (ႏႈတ္စလွ်ာစႏွင့္ယင္းဘာသာစကားျဖင့္ ရွင္းလင္းတင္ျပသည့္အတတ္ပညာ) ကို သင္ေပးေတာ္မူ၏။(Ar-Rahman:4)

ေႏြဦးေတာ္လွန္ေရးက စစ္အာဏာရွင္မ်ားကိုသာမက အာဏာရွင္မ်ား၏လမ္းစဥ္ျဖစ္ေသာ လူမ်ိဳးႀကီးဝါဒကိုပါ ေတာ္လွန္ေနသည့္ ေတာ္လွန္ေရးျဖစ္ေၾကာင့္ ျပည္သူ၏ေႂကြး​ေၾကာ္သံက သတင္းေကာင္းေပးေန၏။
အေရးေတာ္ပုံ မုခ်ေအာင္ရမည္။

You may also like