တရုတ်နှင့်ရက္ခိုင့်တပ်မတော်(အေအေ)တို့ ဆက်နွယ်ပုံ

334 views

ရက္ခိုင့်တပ်တော်(AA) ရဲ့စစ်ဦးစီချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံက တရုတ်ဆီက ကျည်တစ်တောင့် တောင်အကူအညီမယူဖူးသေးဘူး။ စစ်လက်နက်တွေကိုလဲ အစ္စရေး နိုင်ငံက အများဆုံးဝယ်ယူပြီး တခြားအနောက်နိုင်ငံရဲ့ မှောင်ခိုစျေးကွက်တွေကပဲ ဝယ်ယူတယ်လို့ပြောတဲ့အကြောင်း ရခိုင်မီဒီယာတွေမှာ ခုတလော တွေ့မြင်ရတယ်။ AA ရဲ့ စစ်ရေးသတင်း လျှို့ဝှက်လွန်းမှု၊ စစ်ရေးနည်းဗျူဟာ နဲ့ စစ်သားတွေရဲ့ အရည်းအသွေးပြည့်ဝမှုတွေ့ကြောင့် မြန်မာနိုင်ငံမှာ ဘယ်လူမျိုးစုလက်နက်ကိုင်တွေကိုမှ ထိုးစစ်မဆင်ခဲ့ဘူးတဲ့ ကြေး၊ ရေ၊ လေ အကုန်သုံးပြီး ထိုးစစ်ဆင်မှုမျိုးကို လုပ်ခဲ့ပေမယ့် မြေပြင်မှာ တကယ်အပြတ်အရှင်းခံလိုက်ရတာက စစ်တပ်ရဲ့ စစ်သားတွေပဲ ဖြစ်တယ်လို့လဲဆိုကြတယ်။

AA က 2020 မှာ ရခိုင်မြေပေါ် ရခိုင်စစ်တပ်ရှိကိုရှိရမယ် (Arakan Dream 2020) လို့ ကြွေးကြော်ပြီး NLD အစိုးရ လက်ထက်မှာ ရခိုင်နယ်ထဲသို့ ရောက်လာခဲ့တယ်။ ဒီအချက်တွေက အေအေနဲ့ ရခိုင်တို့ရဲ့ပြောဆိုချက်တွေဖြစ်ပါတယ်။ အေအေနဲ့ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေက ဘယ်လို ပြောသလဲ လေ့လာကြည့်မှ အမှန်တရားကို မြင်လာနိုင်တယ်။ မြန်မာနိုင်ငံရှိ လူမျိုးစုလက်နက်ကိုင်အုပ်စု ၁၂ ခုကျော်မှ အချို့က အာဏာသိမ်းမှုကိုဝေဖန်ခဲ့ကြပြီး အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒပြသူတွေကိုထောက်ခံကြောင်း ပြသခဲ့ကြပေမဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုတော့ မစွန့်လွှတ်ခဲ့ကြပေ။ AA ကတော့ ဆန္ဒပြသူတွေကို ထောက်ခံခြင်းမရှိကြောင်း၊ အစပိုင်းမှာ ဖော်ပြခဲ့ကြတယ်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာတော့ အေအေကလဲ ပြည်သူဘက်က ရပ်တည်မယ်လို့ ပြောလာခဲ့တယ်။

https://economictimes.indiatimes.com/news/defence/myanmar-junta-removes-arakan-army-from-terrorist-list/articleshow/81444349.cms?utm_source=contentofinterest&utm_medium=text&utm_campaign=cppst

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု တိုးမြှင့်စေလိုခြင်းကို တရုတ်နိုင်ငံက မလိုလားပေ။ တရုတ်နိုင်ငံက အေအေကို ထောက်ပံ့ခြင်းဖြင့် ရခိုင်ဒေသမှာ အိန္ဒိယရဲ့ဆောက်လုပ်ရေးလုပ်ငန်းကို အတော်လေးထိခိုက်စေခဲ့တယ်။ ၂၀၁၇ ခုနှစ်ဇွန်လမှာ ဒေလီအခြေစိုက်ကန်ထရိုက်တာဖြစ်တဲ့ C&C Constructions မှ အမေရိကန်ဒေါ်လာ သန်း ၂၂၀ ဖိုးစာချုပ်ချုပ်ခဲ့ပေမဲ့ ဆောက်လုပ်ရေးစတင်တဲ့အခါ ရခိုင်စစ်တပ်က အိန္ဒိယနိုင်ငံသားတွေ၊ မီးသတ်သမားတွေအပါအ၀င် အမှုထမ်းတွေကိုပြန်ပေးဆွဲခဲ့တယ်။

https://www.newindianexpress.com/world/2020/jul/02/china-supplying-weapons-to-insurgent-group-arakan-army-to-weaken-india-myanmar-report-2164324.html

Subir Bhaumik ရဲ့ Eastern Link ဆောင်းပါးတစ်ပုဒ်အရ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းရှိ Monakhali ကမ်းခြေမှတဆင့် အေအေအတွက် လက်နက်အမြောက်အမြား ပို့ပေးခဲ့တယ်။ ဒေသတွင်းရှိသံတမန်တစ်ဦးကလဲ“ ရခိုင်စစ်တပ်အပါအ၀င်လက်နက်ကိုင်အုပ်စု ၇ ခုကို တရုတ်က လက်နက်နဲ့အထောက်အပံ့တွေပေးခဲ့တယ်။ လို့ ပြောကြားခဲ့တယ်။

တရုတ်နိုင်ငံက အေအေအပါအဝင် လူမျိုးစုလက်နက်ကိုင်တွေကို ထောက်ပံ့နေခြင်းက မြန်မာအစိုးရကို ခြိမ်းခြောက်နေခြင်းပင် ဖြစ်တယ်။ သတင်းစာဆရာ Bertil Lintner ရဲ့ပြောကြားချက်အရ အဲဒီလို ကူညီခြင်းဟာ မြန်မာပြည်မှာရှိတဲ့ တရုတ်အကျိုးစီးပွားကို အကာအကွယ်ပေးခြင်းပင် ဖြစ်တယ်။

https://www.bignewsnetwork.com/news/265642722/china-supplying-weapons-to-arakan-army

အေအေက လက်နက်နဲ့ခဲယမ်းမီးကျောက်တွေကို KIA နဲ့ ဝတို့မှတစ်ဆင့် ရ​နေသလို ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မှောင်ခိုဈေးကွက်ကလဲ ဝယ်ယူပါတယ်။ အေအေက အမေရိကန်လုပ် M60 စက်သေနတ်တွေကို ထိုင်းမှောင်ခိုဈေးကွက်ကနေ ဝယ်ယူခဲ့တယ်။ အဆိုပါ လက်နက်တွေ ဝယ်ယူဖို့အတွက် ငွေကြေးအချို့ကို ဂျပန်၊ အမေရိကန်၊ ယူကေ၊ တောင်ကိုးရီးယား၊ မလေး စတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ ရခိုင်သားတွေက ထောက်ပံ့ကြပါတယ်။ ဘင်္ဂလားဒေ့ချ်နယ်စပ်ကို ပို့တဲ့ WY အစရှိတဲ့ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းကလဲရကြောင်း စစ်တပ်က အခိုင်အမာ ပြောခဲ့တာလဲရှိပါတယ်။၂၀၁၇ ခုနှစ်တွင် ချင်းပြည်နယ်ပလက်ဝမှာ ခြေကုပ်ယူတဲ့ AA ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လာတော့ ချမ်းသာတဲ့ ရခိုင်လူမျိုးအချို့က လေယာဉ်ပျက် ဒုံးကျည်တွေဝယ်ယူဖို့ AA ကိုငွေ​ကြေးထောက်ပံခဲ့ကြောင်း ဗိုလ်ချုပ်ကြီး Twan Mrat Naing က ဧရာဝတီသို့ ပြောကြားခဲ့တယ်။

Kofi Annan ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ ၂၀၁၇ ခုနှစ်အစီရင်ခံစာမှာလဲ AA က မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ ဆက်စပ်မှုရှိကြောင်း ဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလမှာ ဒုဗိုလ်မှူးကြီးအောင်မြတ်ကျော်နဲ့သူ့အပေါင်းအပါတွေ အဖမ်းခံရတော့ လှိုင်သာယာနဲ့မြောက်ဒဂုံမှာ သူတို့ပိုင်ဆိုင်တဲ့ လေယာဉ်ပစ်သေနတ်ကျည်ဆံ​တွေ၊ AK47 ကျည်ဆံ​တွေ၊ TNT ဒိုင်းနမိုက်တွေအပါအဝင် လက်နက်ခဲယမ်းနဲ့ ရာဘဆေးပြား ၃၀၀,၀၀၀ ကျော်ကိုလဲ ရရှိခဲ့တယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ရဲ့ အနာဂတ်ကိုပုံဖော်လိမ့်မည်လို့ ဒေါက်တာအေးမောင်ကပြောခဲ့ဖူးတယ်။

https://reliefweb.int/report/myanmar/analysis-arakan-army-powerful-new-threat-tatmadaw

http://timesofindia.indiatimes.com/articleshow/76741890.cms?utm_source=contentofinterest&utm_medium=text&utm_campaign=cppst

The prevailing question about the AA is this: when will China intervene to stop the AA?

AA နဲ့ပတ်သက်ပြီး တရုတ်က AA ရဲ့လုပ်ရပ်​တွေကိုဘယ်​တော့ ရပ်တန့် စေမှာလဲ ဆိုတဲ့ မေးခွန်းကို Frontier က ခုလို ဖြေခဲ့တယ်။ AA က ရန်ပုံငွေအတွက် UWSA နဲ့ KIA ကို လုံးလုံးမှီခိုအားထားခြင်းမရှိပေမဲ့ လက်နက်နဲ့မူးယစ်ဆေးဝါးကုန်ကူးခြင်းအတွက် UWSA ကအရေးပါနေတဲ့အတွက် တရုတ်က AA ရဲ့စစ်ရေးစွမ်းရည်ကိုရပ်တန့်​​စေလိုရင် UWSA ကိုလက်နက်ထောက်ပံ့ခြင်း ရပ်တန့်နိုင်ရမယ်လို့ သုံးသပ်ထားပါတယ်။

https://www.frontiermyanmar.net/en/china-the-arakan-army-and-a-myanmar-solution/

ဒီတော့ AA ဗိုလ်ချုပ်ပြောတဲ့အတိုင်း တရုတ်ဆီက ကျည်မယူဘူး၊ အစ္စရေးဆီက လက်နက်ဝယ်တယ်ဆိုတဲ့ အချက်တွေဟာ လုံးဝ ယုတ္တိမရှိတဲ့ အပြောတွေသာ ဖြစ်ပါတယ်။ JPost အရလဲ အစ္စရေးက စစ်တပ်ကိုပဲ လက်နက်ရောင်းခဲ့တယ်။

https://www.jpost.com/israel-news/un-israel-sold-arms-to-known-human-rights-abusers-in-myanmar-597843

အေအေ လက်နက်ရနိုင်တဲ့ လမ်းကြောင်း သုံးခုကတော့ ဘင်္ဂလားဒေ့ချ်လမ်းကြောင်း၊ ထိုင်းမှောင်ခိုစျေးကွက်နဲ့ ဝ တို့ပဲ ဖြစ်ကြတယ်။ ခေါင်းဆောင်တစ်ဦး သူ့ပြည်သူကို လိမ်ညာပြီး နိုင်ငံရေး အသာစီးရလိုတဲ့ အတွေးအခေါ် က ရေရှည်မှာ ပြသနာဖြစ်နိုင်တယ်။ ရက္ခိတလမ်းစဥ်အတိုင်း သွားမယ်ဆိုပြီး ရိုဟင်ဂျာတွေကို နှိပ်ကွက်ဖို့ ကြံစည်ခဲ့ရင်လဲ နိုင်ငံတကာရဲ့အရေးယူမှုကို ခံရနိုင်တယ်။

https://www.rsis.edu.sg/rsis-publication/icpvtr/arakan-army-myanmars-new-front-of-conflict/#.YGyXxegzaUk

ရက္ခိုင့်အဖနိုင်ငံထူထောင်လိုရင်လဲ ရိုဟင်ဂျာတွေကို ဘေးဖယ်ထားနိုင်မှာ မဟုတ်ဘူး။ လတ်တ​လော ​စစ်အာဏာဖြုတ်ချရေးအရေးကြီးတာမို့ နိုင်ငံတကာအသိုင်းအဝိုင်းက အေအေရဲ့ လှုပ်ရှားမှုတွေကို လျစ်လျူရှုနေပေမဲ့ စစ်အာဏာရှင်တွေဖြုတ်ချတဲ့အချိန်မှာတော့ မတရားမှုတွေအတွက် အထူးအလေးထားပါလိမ့်မယ်။ ဒီတော့ ရခိုင်ပြည်သူတွေရဲ့ အနာဂတ်ကောင်းစားရေးအတွက် အေအေက တရုတ်နဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ရလိမ့်မယ်။ ရခိုင်နိုင်ငံရေးသမားတွေရဲ့ အမုန်းတရားဟောခြင်းကိုလဲ တားဆီးရမှာ ဖြစ်တယ်။ မတရားမှုရှိနေသရွေ့ ပြည်သူတွေ ငြိမ်းချမ်းနိုင်မည် မဟုတ်ပေ။

(Zawgyi Version)

တရုတ်နှင့်ရက္ခိုင့်တပ်မတော်(အေအေ)တို့ ဆက်နွယ်ပုံ

ရကၡိဳင့္တပ္ေတာ္(AA) ရဲ႕စစ္ဦးစီခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ငံက တ႐ုတ္ဆီက က်ည္တစ္ေတာင့္ ေတာင္အကူအညီမယူဖူးေသးဘူး။ စစ္လက္နက္ေတြကိုလဲ အစၥေရး ႏိုင္ငံက အမ်ားဆုံးဝယ္ယူၿပီး တျခားအေနာက္ႏိုင္ငံရဲ႕ ေမွာင္ခိုေစ်းကြက္ေတြကပဲ ဝယ္ယူတယ္လို႔ေျပာတဲ့အေၾကာင္း ရခိုင္မီဒီယာေတြမွာ ခုတေလာ ေတြ႕ျမင္ရတယ္။ AA ရဲ႕ စစ္ေရးသတင္း လွ်ိဳ႕ဝွက္လြန္းမႈ၊ စစ္ေရးနည္းဗ်ဴဟာ နဲ႔ စစ္သားေတြရဲ႕ အရည္းအေသြးျပည့္ဝမႈေတြ႕ေၾကာင့္ ျမန္မာႏိုင္ငံမွာ ဘယ္လူမ်ိဳးစုလက္နက္ကိုင္ေတြကိုမွ ထိုးစစ္မဆင္ခဲ့ဘူးတဲ့ ေၾကး၊ ေရ၊ ေလ အကုန္သုံးၿပီး ထိုးစစ္ဆင္မႈမ်ိဳးကို လုပ္ခဲ့ေပမယ့္ ေျမျပင္မွာ တကယ္အျပတ္အရွင္းခံလိုက္ရတာက စစ္တပ္ရဲ႕ စစ္သားေတြပဲ ျဖစ္တယ္လို႔လဲဆိုၾကတယ္။

AA က 2020 မွာ ရခိုင္ေျမေပၚ ရခိုင္စစ္တပ္ရွိကိုရွိရမယ္ (2020 Arakan Dream) လို႔ ေႂကြးေၾကာ္ၿပီး NLD အစိုးရ လက္ထက္မွာ ရခိုင္နယ္ထဲသို႔ ေရာက္လာခဲ့တယ္။ ဒီအခ်က္ေတြက ေအေအနဲ႔ ရခိုင္တို႔ရဲ႕ေျပာဆိုခ်က္ေတြျဖစ္ပါတယ္။ ေအေအနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာမီဒီယာေတြက ဘယ္လို ေျပာသလဲ ေလ့လာၾကည့္မွ အမွန္တရားကို ျမင္လာႏိုင္တယ္။ ျမန္မာႏိုင္ငံရွိ လူမ်ိဳးစုလက္နက္ကိုင္အုပ္စု ၁၂ ခုေက်ာ္မွ အခ်ိဳ႕က အာဏာသိမ္းမႈကိုေဝဖန္ခဲ့ၾကၿပီး အာဏာ သိမ္းမႈကို ဆန႔္က်င္တဲ့ အေနနဲ႔ ဆႏၵျပသူေတြကိုေထာက္ခံေၾကာင္း ျပသခဲ့ၾကေပမဲ့ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကိုေတာ့ မစြန႔္လႊတ္ခဲ့ၾကေပ။ AA ကေတာ့ ဆႏၵျပသူေတြကို ေထာက္ခံျခင္းမရွိေၾကာင္း၊ အစပိုင္းမွာ ေဖာ္ျပခဲ့ၾကတယ္။ ေဖေဖာ္ဝါရီလ ေနာက္ဆုံးအပတ္မွာေတာ့ ေအေအကလဲ ျပည္သူဘက္က ရပ္တည္မယ္လို႔ ေျပာလာခဲ့တယ္။

https://economictimes.indiatimes.com/news/defence/myanmar-junta-removes-arakan-army-from-terrorist-list/articleshow/81444349.cms?utm_source=contentofinterest&utm_medium=text&utm_campaign=cppst

အိႏၵိယႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ ၾသဇာလႊမ္းမိုးမႈ တိုးျမႇင့္ေစလိုျခင္းကို တ႐ုတ္ႏိုင္ငံက မလိုလားေပ။ တ႐ုတ္ႏိုင္ငံက ေအေအကို ေထာက္ပံ့ျခင္းျဖင့္ ရခိုင္ေဒသမွာ အိႏၵိယရဲ႕ေဆာက္လုပ္ေရးလုပ္ငန္းကို အေတာ္ေလးထိခိုက္ေစခဲ့တယ္။ ၂၀၁၇ ခုႏွစ္ဇြန္လမွာ ေဒလီအေျခစိုက္ကန္ထ႐ိုက္တာျဖစ္တဲ့ C&C Constructions မွ အေမရိကန္ေဒၚလာ သန္း ၂၂၀ ဖိုးစာခ်ဳပ္ခ်ဳပ္ခဲ့ေပမဲ့ ေဆာက္လုပ္ေရးစတင္တဲ့အခါ ရခိုင္စစ္တပ္က အိႏၵိယႏိုင္ငံသားေတြ၊ မီးသတ္သမားေတြအပါအ၀င္ အမႈထမ္းေတြကိုျပန္ေပးဆြဲခဲ့တယ္။

https://www.newindianexpress.com/world/2020/jul/02/china-supplying-weapons-to-insurgent-group-arakan-army-to-weaken-india-myanmar-report-2164324.html

Subir Bhaumik ရဲ႕ Eastern Link ေဆာင္းပါးတစ္ပုဒ္အရ တ႐ုတ္ႏိုင္ငံက ဘဂၤလားေဒ့ရွ္ကမ္း႐ိုးတန္းရွိ Monakhali ကမ္းေျခမွတဆင့္ ေအေအအတြက္ လက္နက္အေျမာက္အျမား ပို႔ေပးခဲ့တယ္။ ေဒသတြင္းရွိသံတမန္တစ္ဦးကလဲ“ ရခိုင္စစ္တပ္အပါအ၀င္လက္နက္ကိုင္အုပ္စု ၇ ခုကို တ႐ုတ္က လက္နက္နဲ႔အေထာက္အပံ့ေတြေပးခဲ့တယ္။ လို႔ ေျပာၾကားခဲ့တယ္။

တ႐ုတ္ႏိုင္ငံက ေအေအအပါအဝင္ လူမ်ိဳးစုလက္နက္ကိုင္ေတြကို ေထာက္ပံ့ေနျခင္းက ျမန္မာအစိုးရကို ၿခိမ္းေျခာက္ေနျခင္းပင္ ျဖစ္တယ္။ သတင္းစာဆရာ Bertil Lintner ရဲ႕ေျပာၾကားခ်က္အရ အဲဒီလို ကူညီျခင္းဟာ ျမန္မာျပည္မွာရွိတဲ့ တ႐ုတ္အက်ိဳးစီးပြားကို အကာအကြယ္ေပးျခင္းပင္ ျဖစ္တယ္။

https://www.bignewsnetwork.com/news/265642722/china-supplying-weapons-to-arakan-army

ေအေအက လက္နက္နဲ႔ခဲယမ္းမီးေက်ာက္ေတြကို KIA နဲ႔ ဝတို႔မွတစ္ဆင့္ ရ​ေနသလို ထိုင္း-ျမန္မာနယ္စပ္မွာရွိတဲ့ ေမွာင္ခိုေဈးကြက္ကလဲ ဝယ္ယူပါတယ္။ ေအေအက အေမရိကန္လုပ္ M60 စက္ေသနတ္ေတြကို ထိုင္းေမွာင္ခိုေဈးကြက္ကေန ဝယ္ယူခဲ့တယ္။ အဆိုပါ လက္နက္ေတြ ဝယ္ယူဖို႔အတြက္ ေငြေၾကးအခ်ိဳ႕ကို ဂ်ပန္၊ အေမရိကန္၊ ယူေက၊ ေတာင္ကိုးရီးယား၊ မေလး စတဲ့ ႏိုင္ငံေတြမွာ အလုပ္လုပ္ေနတဲ့ ရခိုင္သားေတြက ေထာက္ပံ့ၾကပါတယ္။ ဘဂၤလားေဒ့ခ်္နယ္စပ္ကို ပို႔တဲ့ WY အစရွိတဲ့ မူးယစ္ေဆးဝါး ေမွာင္ခိုလုပ္ငန္းကလဲရေၾကာင္း စစ္တပ္က အခိုင္အမာ ေျပာခဲ့တာလဲရွိပါတယ္။၂၀၁၇ ခုႏွစ္တြင္ ခ်င္းျပည္နယ္ပလက္ဝမွာ ေျခကုပ္ယူတဲ့ AA ကို စစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္လာေတာ့ ခ်မ္းသာတဲ့ ရခိုင္လူမ်ိဳးအခ်ိဳ႕က ေလယာဥ္ပ်က္ ဒုံးက်ည္ေတြဝယ္ယူဖို႔ AA ကိုေငြ​ေၾကးေထာက္ပံခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး Twan Mrat Naing က ဧရာဝတီသို႔ ေျပာၾကားခဲ့တယ္။

Kofi Annan ဦးေဆာင္ခဲ့တဲ့ ရခိုင္ျပည္နယ္အႀကံေပးေကာ္မရွင္ရဲ႕ ၂၀၁၇ ခုႏွစ္အစီရင္ခံစာမွာလဲ AA က မူးယစ္ေဆးဝါးေရာင္းဝယ္သူေတြနဲ႔ ဆက္စပ္မႈရွိေၾကာင္း ေဖာ္ျပထားပါတယ္။ ၂၀၁၆ ခုႏွစ္ေဖေဖာ္ဝါရီလမွာ ဒုဗိုလ္မႉးႀကီးေအာင္ျမတ္ေက်ာ္နဲ႔သူ႔အေပါင္းအပါေတြ အဖမ္းခံရေတာ့ လႈိင္သာယာနဲ႔ေျမာက္ဒဂုံမွာ သူတို႔ပိုင္ဆိုင္တဲ့ ေလယာဥ္ပစ္ေသနတ္က်ည္ဆံ​ေတြ၊ AK47 က်ည္ဆံ​ေတြ၊ TNT ဒိုင္းနမိုက္ေတြအပါအဝင္ လက္နက္ခဲယမ္းနဲ႔ ရာဘေဆးျပား ၃၀၀,၀၀၀ ေက်ာ္ကိုလဲ ရရွိခဲ့တယ္။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ရခိုင္ျပည္နယ္ရဲ႕ အနာဂတ္ကိုပုံေဖာ္လိမ့္မည္လို႔ ေဒါက္တာေအးေမာင္ကေျပာခဲ့ဖူးတယ္။

https://reliefweb.int/report/myanmar/analysis-arakan-army-powerful-new-threat-tatmadaw

http://timesofindia.indiatimes.com/articleshow/76741890.cms?utm_source=contentofinterest&utm_medium=text&utm_campaign=cppst

The prevailing question about the AA is this: when will China intervene to stop the AA?

AA နဲ႔ပတ္သက္ၿပီး တ႐ုတ္က AA ရဲ႕လုပ္ရပ္​ေတြကိုဘယ္​ေတာ့ ရပ္တန႔္ ေစမွာလဲ ဆိုတဲ့ ေမးခြန္းကို Frontier က ခုလို ေျဖခဲ့တယ္။ AA က ရန္ပုံေငြအတြက္ UWSA နဲ႔ KIA ကို လုံးလုံးမွီခိုအားထားျခင္းမရွိေပမဲ့ လက္နက္နဲ႔မူးယစ္ေဆးဝါးကုန္ကူးျခင္းအတြက္ UWSA ကအေရးပါေနတဲ့အတြက္ တ႐ုတ္က AA ရဲ႕စစ္ေရးစြမ္းရည္ကိုရပ္တန႔္​​ေစလိုရင္ UWSA ကိုလက္နက္ေထာက္ပံ့ျခင္း ရပ္တန႔္ႏိုင္ရမယ္လို႔ သုံးသပ္ထားပါတယ္။

https://www.frontiermyanmar.net/en/china-the-arakan-army-and-a-myanmar-solution/

ဒီေတာ့ AA ဗိုလ္ခ်ဳပ္ေျပာတဲ့အတိုင္း တ႐ုတ္ဆီက က်ည္မယူဘူး၊ အစၥေရးဆီက လက္နက္ဝယ္တယ္ဆိုတဲ့ အခ်က္ေတြဟာ လုံးဝ ယုတၱိမရွိတဲ့ အေျပာေတြသာ ျဖစ္ပါတယ္။ JPost အရလဲ အစၥေရးက စစ္တပ္ကိုပဲ လက္နက္ေရာင္းခဲ့တယ္။

https://www.jpost.com/israel-news/un-israel-sold-arms-to-known-human-rights-abusers-in-myanmar-597843

ေအေအ လက္နက္ရႏိုင္တဲ့ လမ္းေၾကာင္း သုံးခုကေတာ့ ဘဂၤလားေဒ့ခ်္လမ္းေၾကာင္း၊ ထိုင္းေမွာင္ခိုေစ်းကြက္နဲ႔ ဝ တို႔ပဲ ျဖစ္ၾကတယ္။ေခါင္းေဆာင္တစ္ဦး သူ႔ျပည္သူကို လိမ္ညာၿပီး ႏိုင္ငံေရး အသာစီးရလိုတဲ့ အေတြးအေခၚ က ေရရွည္မွာ ျပသနာျဖစ္ႏိုင္တယ္။ ရကၡိတလမ္းစဥ္အတိုင္းသြားမယ္ဆိုၿပီး ႐ိုဟင္ဂ်ာေတြကို ႏွိပ္ကြက္ဖို႔ ႀကံစည္ခဲ့ရင္လဲ ႏိုင္ငံတကာရဲ႕အေရးယူမႈကို ခံရႏိုင္တယ္။

https://www.rsis.edu.sg/rsis-publication/icpvtr/arakan-army-myanmars-new-front-of-conflict/#.YGyXxegzaUk

ရကၡိဳင့္အဖႏိုင္ငံထူေထာင္လိုရင္လဲ ႐ိုဟင္ဂ်ာေတြကို ေဘးဖယ္ထားႏိုင္မွာ မဟုတ္ဘူး။ လတ္တ​ေလာ ​စစ္အာဏာျဖဳတ္ခ်ေရးအေရးႀကီးတာမို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေအေအရဲ႕ လႈပ္ရွားမႈေတြကို လ်စ္လ်ဴရႈေနေပမဲ့ စစ္အာဏာရွင္ေတြျဖဳတ္ခ်တဲ့အခ်ိန္မွာေတာ့ မတရားမႈေတြအတြက္ အထူးအေလးထားပါလိမ့္မယ္။ ဒီေတာ့ ရခိုင္ျပည္သူေတြရဲ႕ အနာဂတ္ေကာင္းစားေရးအတြက္ ေအေအက တ႐ုတ္နဲ႔ပတ္သက္ၿပီး ျပတ္ျပတ္သားသားဆုံးျဖတ္ရလိမ့္မယ္။ ရခိုင္ႏိုင္ငံေရးသမားေတြရဲ႕ အမုန္းတရားေဟာျခင္းကိုလဲ တားဆီးရမွာ ျဖစ္တယ္။ မတရားမႈရွိေနသေ႐ြ႕ ျပည္သူေတြ ၿငိမ္းခ်မ္းႏိုင္မည္ မဟုတ္ေပ။

(ဗီဒိယို) ရက္ခိတလမ်းစဥ်အတိုင်း သွားနေတဲ့ ရက္ခိုင့်တပ်တော်AA

You may also like