AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သို့ အိတ်ဖွင့်ပေးစာ

by အောင်အောင်
448 views

ကျွန်တော်က ဧပြီ ၁၀ ရက် ရက္ခိုင့်တပ်တော်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရေးသားရန် လိုလားခဲ့သော်လည်း ကျန်းမာရေးကြောင့် မရေးဖြစ်ခဲ့ပေ။

ဧပြီလ၊ 10 ရက်၊ 2021 ရခိုင့်တပ်တော် ULA.AA
12 နှစ်မြောက် တပ်တော်နေ့ကို ကြိုဆိုဂုဏ်ပြုပါ၏။

ဗိုလ်ချုပ်နှင့်အတူ ရခိုင့်တပ်တော် စစ်သား၊ စစ်သမီး အားလုံးကို ဂုဏ်ပြုပါ၏။ ကျွန်တော်၏ဆောင်းပါး တချို့မှာ ရခိုင်နိုင်ငံရေးသမားအချို့ကို ဝေဖန်ရေးသားမှုများရှိခဲ့သော်လည်း ကျွန်တော်သည် ရခိုင်ကို မုန်းသူမဟုတ်ပေ။ ကျွန်တော့ကို စာသင်ပေးခဲ့သော ရခိုင်ဆရာ/မ များနှင့်ကျွန်တော့ကို ဆုံးမလေ့ရှိသော ရခိုင်ဘုန်းတော်ကြီးတို့၏ကျေးဇူးကို မည်သည့်အခါမျှ မေ့မည်မဟုတ်ပါ။ အေအေ၏အောင်မြင်မှုကိုပင် ကျွန်တော်တို့၏အောင်မြင်မှုအဖြစ် ဝမ်းသာလေ့ရှိပြီး (အေအေ)အား တိုက်ခိုက်ခြင်းကို ကျွန်တော်တို့အား တိုက်ခိုက်ခြင်းအဖြစ် မှတ်ယူပါသည်။ ဗိုလ်ချုပ်က နယ်သာလန်သို့ ရိုဟင်ဂျာဂျီနိုဆိုဒ် သက်သေအဖြစ်ပို့ပေးခဲ့သည့် စစ်သားနှစ်ဦးအတွက်လည်း ကျေးဇူးအထူးတင်ရှိပါ၏။

ဗိုလ်ချုပ်အား ကျွန်တော် တင်ပြလိုသည့်အချက်မှာ Arakan ဒေသ၏ဖွံဖြိုးတိုးတက်မှုနှင့်ဆက်နွယ်နေ၏။ ကျွန်တော်မှတ်မိသလောက် 2012 အထိ ရခိုင်အများစုက Arakan ဟူသောအသုံးအနှုံးကို မသုံးခဲ့ပေ။ သမိုင်းပညာရှင်ဆိုသူအချို့ကလည်း ရခိုင်လူမျိုးကို အာရီယန်ပြောလိုပြော၊ တိဗက်တိုဘာမန်ပြောလိုပြောနှင့်၊ ရိုဟင်ဂျာမုန်းတီးရေးကို ရှေ့တန်းတင်ပြီး Arakan သမိုင်းအား ရုပ်ပျက်စေခဲ့၏။ အများစုက 1942 အနိဌာရုံကို ရိုဟင်ဂျာမုန်းတီးရေးအတွက် လိုင်စင်သဖွယ် အသုံးချလာခဲ့ကြ၏။ အမှန်မှာ ထိုစဥ်က ဂျပန်တပ်ဘက်က ရပ်တည်သူနှင့်အင်္ဂလိပ်ဘက်က ရပ်တည်သူတို့ကြောင့် နားလည်မှု လွှဲခဲ့ခြင်းပင် ဖြစ်၏။ Arakan သမိုင်းမှာ ရက္ခိုင်နှင့်ရိုဟင်ဂျာတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့သည့် အထောက်အထားပေါင်းများစွာ ရှိပါသည်။ 1942 တွင် အချင်းချင်းကြား မီးစတောက်ခဲ့သည့် မြေပုံမြို့၌ ရိုဟင်ဂျာများ ဆက်လက်အသက်ရှင်နိုင်ခဲ့ခြင်းသည်ပင် အဆိုပါ လူမျိုးနှစ်မျိုးက ရန်သူများ မဟုတ်ကြောင့် သက်သေဖြစ်၏။

2012 အကြမ်းဖက်မှု၌ အများဆုံး ခံလိုက်ရသူများမှာ ရိုဟင်ဂျာများဖြစ်သော်လည်း ဒုက္ခသည်စခန်းကို ရောက်ခဲ့သည့် အလ်ဂျဇီးရား သတင်းထောက်က ရခိုင်ကို မုန်းသလောဟု မေးမြန်းစဥ် ရိုဟင်ဂျာများက ရခိုင်ကို မမုန်းကြောင်း ပြောခဲ့သည်။ ရခိုင်တို့၏အဖြေကို ဗိုလ်ချုပ်အသိဆုံးပါ။ ယနေ့အထိ ဒုက္ခသည်စခန်းသို့ စျေးလာရောင်းသည့် ရခိုင်များ နေ့ည လုံခြုံစိတ်ချစွာ သွားလာနိုင်ခြင်းသည် ရိုဟင်ဂျာများက ရခိုင်များကို ညီနောင်များပမာ သဘောထားခြင်း၏သက်သေပါ။ ယခင်က ရခိုင်လက်နက်ကိုင်များနှင့် ရိုဟင်ဂျာလက်နက်ကိုင်များ ပူးပေါင်း၍ ဘုံရန်သူအတွက် လက်တွဲခဲ့သည့် အထောက်အထားများကိုလည်း ဗိုလ်ချုပ်တွေ့ခဲ့ပြီ ဖြစ်လိမ့်မည်။ ရခိုင်နိုင်ငံရေးသမားအချို့က ယနေ့အထိ ရိုဟင်ဂျာမုန်းတီးရေးလုပ်နေသည်ကို မီဒီယာများမှာတွေ့မြင်ရဆဲပါ။

တရားမျှတမှုအပေါ် အခြေမခံသည့် မည်သည့်အဖွဲ့အစည်း မည်သည့်နိုင်ငံကမျှ မတိုးတက်နိုင်ပေ။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ရခိုင်ဒေသတွင် စစ်ရေးကဏ္ဍအပြင် အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ ပြည်သူ့လုံခြုံရေးများပါ၀င်သည့် အခြေခံအစိုးရယန္တရားများကို တဖြည်းဖြည်းနှင့် စတင်အကောင်အထည်ဖော် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၁၂) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ‌ပေးပို့‌သော တပ်မှူးချုပ်၏ သ၀ဏ်လွှာ၌ ထည့်သွင်း​ဖော်ပြခဲ့၏။ ထိုနေ့ပင် မင်းအောင်လှိုင်က ရခိုင်ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ရခိုင်အနာဂတ်အရေးနှင့် ဒုက္ခသည်ပြသနာကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရိုဟင်ဂျာတို့ အဖိနှိပ်ခံရသည်မှာ 1960 မှ ဖြစ်သော်လည်း 1974 ရခိုင်ပြည်နယ်အဖြစ် ပြောင်းလဲချိန်မှစ၍ ဖိနှိပ်မှု၏အရှိန်ကို မြင့်စေခဲ့ခြင်း တွေ့ရသည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ချ်ကနေ ရခိုင်များ အလုံအရင်းဝင်လာခဲ့ပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာတို့အား မုန်းတီးမှု စတင်ခဲ့သည်။ အဆိုပါ ဝင်ရောက်လာသူများက သူတို့ဟိုနိုင်ငံမှာ အဖိနှိပ်ခံရသည့်အတွက် သူတို့လည်း ရိုဟင်ဂျာများကို နှိပ်ကွက်ခွင့် ရှိရမည်ဟု ခံစားခဲ့ကြသည်။ ဒေသခံရခိုင်များက သူတို့ကို 1990 အထိ အဝကျွန်းသား၊ အနောက်သားများဟု ခေါ်ခဲ့ကြ၏။ ယခုထိုသို့ မခွဲခြားခြင်းက ဝမ်းသားစရာပါ။ သို့သော် ရိုဟင်ဂျာများကို မုန်းတီးနေခြင်း၊ ရိုဟင်ဂျာကို ခိုးဝင်ဘင်္ဂလီဟု စွပ်စွဲခြင်းသည် လက်မခံနိုင်ဖွယ်ရာ မတရားမှုပင် ဖြစ်၏။ ရက္ခိတလမ်းစဥ်ကြောင့် မုန်းတီးမှု ကြီးထွားနေခြင်းလား။ သို့တည်းမဟုတ် ဗမာစစ်အာဏာရှင်များ၏ကျေနပ်မှုအတွက် လုပ်နေခြင်းလား။

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာနှင့်ကမန် IDP များ သူတို့၏မူလနေရာသို့ သွားခွင့်မရှိသည်မှာလည်း ရခိုင်နိုင်ငံရေးသမားများ၏ပယောဂပင် ဖြစ်၏။ ကျောက်ဖြူမှာရှိသော IDP များကို သူတို့၏မူလနေရာများသို့ ပြန်နိုင်ရန် အစိုးရ၏စီစဥ်မှုကို ကန့်ကွက်ခဲ့သူများမှာလည်း အဆိုပါ ရခိုင်နိုင်ငံရေးသမားများပင် ဖြစ်၏။ INGO များနှင့် UN အဖွဲ့အစည်းများကို တိုက်ခိုက်စော်ကားခဲ့ခြင်း၌လည်း ထိုနိုင်ငံရေးသမားများ၏ပယောဂ ရှိနေ၏။ ရိုဟင်ဂျာကို ဘင်္ဂလီ ပြောင်းခြင်း၌ အန္တရာယ်ရှိကြောင်းကို ပထမဦးဆုံး ထောက်ပြခဲ့သော ရခိုင်နိုင်ငံရေးသမားတစ်ဦးမှာ ဗိုလ်မှူးထွန်းကျော်ဦးပင် ဖြစ်၏။ Dhaka tribune ကလည်း အောက်ပါအတိုင်း ရေးခဲ့ဖူးသည်။

So a solution to the Rohingya issue and the consequential refugee problem that has become taxing for an already over-crowded Bangladesh, can be sought in a referendum to separate Sittwe and Muangdaw from Rakhine state and join them to Chittagong division.

Ref – https://www.dhakatribune.com/uncategorized/2014/03/19/a-referendum-in-rakhine-state

ဘင်္ဂလားဒေ့ချ်မှာရှိသော ဘင်္ဂလီအမျိုးသားရေးဝါဒများက ရိုဟင်ဂျာတို့အား ဘင်္ဂလီလို့ခေါ်စေချင်ကြ၏။ ထိုသို့ခေါ်ခြင်း၏နောက်ကွယ်၌ သူတို့အတွက် အကျိုးအမြတ်ရှိကြောင်းကို သူတို့ မြင်နေကြ၏။ စစ်တကောင်းဒေသနေ ရခိုင်များကို ရခိုင်နိုင်ငံထဲသို့ ထည့်သွင်းရန် ရည်ရွယ်ချက်ဖြင့် ရိုဟင်ဂျာကို ဘင်္ဂလီဟု ခေါ်နေခြင်းလား။ သို့တည်းမဟုတ် ရခိုင်လူမျိုးကြီးဝါဒကြောင့် ပြောနေခြင်းလား။ ​မည်သို့ပင်ဆိုစေ မြန်မာစစ်ခေါင်းဆောင်များသည်ပင် ရိုဟင်ဂျာများကို မျိုးတုံးသတ်ဖြတ်လိုသည့်အတွက် ICJ ၊ ICC အထိ ရောက်ခဲ့ကြောင်းကို ရခိုင်နိုင်ငံရေးသမားများလည်း သိနေပြီ မဟုတ်လား။

ဗိုလ်ချုပ်က အမြော်အမြင်ရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျှောက် ခေတ်သစ်ကမ္ဘာမှာ မတရားမှုအတွက် နေရာမရှိကြောင်း သိပါလိမ့်မည်။ ရခိုင်နှင့်ရိုဟင်ဂျာများသည် ညီနောင်များသဖွယ် နေထိုင်နိုင်သည့် အခြေအနေကို ဖန်တီးခြင်းဖြင့် ရခိုင်ပြည်မှာ တည်ငြိမ်အေးချမ်းပြီး တိုးတက်လာပါလိမ့်မည်။ ရိုဟင်ဂျာများကို နှစ်ပေါင်းများ ပညာသင်ခွင့် မပေးခြင်း၊ ရိုဟင်ဂျာများကို နှိပ်ကွက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း စသည့်အချက်များသည် ရခိုင်ပြည်၏တိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့၏။ Confederation လုပ်လုပ်၊ ရခိုင်နိုင်ငံတော်ပဲ ထူထောင်ထူထောင် ရိုဟင်ဂျာကို ဖယ်ထား၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီ စံနှုံးများထက် ရက္ခိတလမ်းစဥ်ကို ဦးစားပေးသည့်အတွက် ရခိုင်အများစုက ရိုဟင်ဂျာမုန်းနေသလောဟု မေးပါရစေ။

နှစ်ပေါင်းများစွာ ပညာသင်ခွင့်မရခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း ခံရခြင်းကြောင့် လူနေမှုအဆင့်အတန်းမှာ ရခိုင်တို့ထက် နိမ့်ကျနေပါ၏။ သို့ဖြစ်ပါ၍ ရခိုင်နှင့်ရိုဟင်ဂျာ အတူယှဉ်တွဲနေနိုင်မည်မဟုတ်ဟု ယူဆပြီး ဒေါက်တာအေးမောင်ပြောသလို အုတ်တံတိုင်းခြားထားပါက အနာဂတ်မှာ ကြောက်မက်ဖွယ်ရာ ပြသနာမျိုးစုံကို ကြုံတွေ့နိုင်ပါကြောင်း တင်ပြလိုက်ပါသည်။

ဗုဒ္ဓဘာသာနှင့်အစ္စလာမ်ဘာသာတို့တွင် တရားမျှတမှုနှင့်စပ်လျဥ်း၍ အကျယ်တဝင်းရှင်းပြထားပါသည်။

”အသျှင်ဂေါတမ ဤလောက၌ အချို့သော သတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ ဤလောက၌ အချို့သောသတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့ လားရာ နတ်ပြည်သို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်ထားကြကုန်၏။

သူကြွယ်တို့ မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရကုန်၏။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ကောင်းသောသူတို့ လားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏ဟု (မိန့်တော်မူ၏)။

သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် မုသားပြောဆိုလေ့ ရှိ၏၊ သဘင်၌ တည်သည်ဖြစ်စေ၊ ပရိသတ်၌တည်သည်ဖြစ်စေ၊ ဆွေမျိုးအလယ်၌ တည်သည်ဖြစ်စေ၊ အသင်းအပင်းအလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုးအလယ်၌ တည်သည်ဖြစ်စေ ခေါ်ဆောင်၍ ”အချင်းယောကျ်ားသိသော အကြောင်းကို ပြောဆိုလော့” ဟု သက်သေပြုလျက် မေးမြန်းလတ်သော် ထိုယောက်ျားသည် မသိသည်ကို ”ငါသိ၏” ဟူ၍သော်လည်းကောင်း၊ သိသည်ကို ”ငါမသိ” ဟူ၍သော်လည်းကောင်း၊ မမြင်သည်ကို ”ငါမြင်၏” ဟူ၍သော်လည်းကောင်း မြင်သည်ကို ”ငါမမြင်”ဟူ၍သော်လည်းကောင်း ပြောဆို၏။ ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော လာဘ်အာမိသဟူသော အကြောင်းကြောင့်ဖြစ်စေ သိလျက်သာလျှင် မုသားပြောဆို၏။ (ပိဋကတ်သုံးပုံ- မူလပဏ္ဏသ- ၃၃၆)

အို၊ ယုံကြည်သူအပေါင်းတို့၊ (အမှန်တရားအတွက် စံပြသက်သေခံများ ဖြစ်နိုင်ရန်အလို့ငှာ) တရားမျှတမှုမဏ္ဍိုင်နှင့်အတူ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်သော စံပြပုဂ္ဂိုလ်များအဖြစ် မြဲမြံစွာ ရပ်တည်ကြလော့။ ထို့ပြင် အသင်တို့အား တရားမျှတစွာဖြင့် ပြုမူပြောဆိုဆက်ဆံခြင်း ကင်းမဲ့နေကြသည်ကို အကြောင်းပြု၍ အာဃာတဖြင့် လူမျိုးရေးမုန်းတီးမှု ဖန်တီးလျက် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်ရန် မတိုက်တွန်း မလှုံ့ဆော်ကြလေနှင့်။ (မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ အသင်တို့သည်) အရှင့်စည်းမျဉ်းတော်များကို အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင့်နှင့်အနီးစပ်ဆုံးဖြစ်ရန်အလို့ငှာ (မည်သည့်လူမျိုးအားဖြစ်စေ၊ မည်သည့် ကိစ္စရပ်၌ပင်ဖြစ်စေ) တရားမျှတမှု မဏ္ဍိုင်ကိုသာ အကောင်အထည်ဖော်ကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် ၍ အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာအရှင့်စည်းမျဉ်းတော်များအားကျင့်သုံးကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ သတင်းအချက်အလက် ပြုမူကျင်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍အသေးစိတ်ကို အကြွင်းမဲ့ သတင်းရတော်မူသောအရှင် ဖြစ်တော်မူ၏။(Al-Ma’idah:8)

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်သည့်တိုင်၊ သို့မဟုတ် မိဘများနှင့်ဆွေမျိုးအရင်းအချာတို့က မနှစ်သက်သည့်တိုင် လိုအင်ဆန္ဒများ ပြည့်စုံလုံလောက်၍ ချမ်းသာကြွယ်ဝသည့် အခြေအနေတွင်လည်းကောင်း၊ ဘဝလိုအပ်ချက်များ မလောက်မငှဖြစ်လျက် ဆင်းရဲချို့တဲ့သည့် အခြေအနေတွင်လည်းကောင်း အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်မြို့မှုနှင့်အမှန်တရားအတွက် စံပြသက်သေခံများ ဖြစ်နိုင်ရန်အလို့ငှာ တရားမျှတမှုမဏ္ဍိုင်နှင့်အတူ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်သော စံပြပုဂ္ဂိုလ်များအဖြစ် မြဲမြံစွာ ရပ်တည်ကြလော့။

ထိုသို့ ရပ်တည်လျှင် အလ္လာဟ်အရှင်မြတ်သည် ထို (ဆင်းရဲချမ်းသာ) လူတန်းစားနှစ်မျိုးစလုံးအား (ဆင်းရဲချမ်းသာကွာဟချက် အနည်းဆုံး၊ အသင့်တော်ဆုံး ဖြစ်အောင်) ပိုမို၍ နီးစပ်စေတော်မူသည်။ သို့သော် (တရားမျှတမှုမဏ္ဍိုင်မှ တိမ်းစောင်း) သွေဖည်စေရန် သင်တို့၏အာသီသ အလိုဆန္ဒ နောက်သို့ မလိုက်ကြလေနှင့်။ အကယ်၍ (အမှန်တရားကို အကောင်အထည်ဖော်ရာတွင်) တွန့်ရှုံ့၍ လိုရာဆွဲပြောလျက် မမှန်မကန် လုပ်ကြလျှင် သို့မဟုတ် လိမ်မာပါးနပ်စွာ ပြောဆိုလျက် ရှောင်ကြဉ်ကြလျှင် (သင်တို့နှလုံးသွင်းသင့်သည်မှာ လူလူချင်း မညှာမတာ လှည့်စားနိုင်သော်လည်း) အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် အသေးစိတ်ကို သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။ (An-Nisa’:135)

သို့ဖြစ်ပါ၍ နိုင်ငံရေးအရဖြစ်စေ၊ ပထဝီအနေအထားအရဖြစ်စေ၊ ဘာသာတရားအရဖြစ်၊ ယဥ်ကျေးမှုအရဖြစ် ရခိုင်နှင့်ရိုဟင်ဂျာ မညီညွတ်နိုင်စရာ အကြောင်းမရှိပေ။ တရားမျှတမှု ကို လက်ကိုင်ထားသော မည်သည့်လူမျိုးမျှ ပန်းတိုင်မရောက်စရာ အကြောင်း မရှိပေ။

(Zawgyi Version)

AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္သို႔ အိတ္ဖြင့္ေပးစာ

ကြၽန္ေတာ္က ဧၿပီ ၁၀ ရက္ ရကၡိဳင့္တပ္ေတာ္ေန႔ကို ဂုဏ္ျပဳသည့္အေနျဖင့္ ေရးသားရန္ လိုလားခဲ့ေသာ္လည္း က်န္းမာေရးေၾကာင့္ မေရးျဖစ္ခဲ့ေပ။

ဧၿပီလ၊ 10 ရက္၊ 2021 ရခိုင့္တပ္ေတာ္ ULA.AA
12 ႏွစ္ေျမာက္ တပ္ေတာ္ေန႔ကို ႀကိဳဆိုဂုဏ္ျပဳပါ၏။

ဗိုလ္ခ်ဳပ္ႏွင့္အတူ ရခိုင့္တပ္ေတာ္ စစ္သား၊ စစ္သမီး အားလုံးကို ဂုဏ္ျပဳပါ၏။ ကြၽန္ေတာ္၏ေဆာင္းပါး တခ်ိဳ႕မွာ ရခိုင္ႏိုင္ငံေရးသမားအခ်ိဳ႕ကို ေဝဖန္ေရးသားမႈမ်ားရွိခဲ့ေသာ္လည္း ကြၽန္ေတာ္သည္ ရခိုင္ကို မုန္းသူမဟုတ္ေပ။ ကြၽန္ေတာ့ကို စာသင္ေပးခဲ့ေသာ ရခိုင္ဆရာ/မ မ်ားႏွင့္ကြၽန္ေတာ့ကို ဆုံးမေလ့ရွိေသာ ရခိုင္ဘုန္းေတာ္ႀကီးတို႔၏ေက်းဇူးကို မည္သည့္အခါမွ် ေမ့မည္မဟုတ္ပါ။ ေအေအ၏ေအာင္ျမင္မႈကိုပင္ ကြၽန္ေတာ္တို႔၏ေအာင္ျမင္မႈအျဖစ္ ဝမ္းသာေလ့ရွိၿပီး (ေအေအ)အား တိုက္ခိုက္ျခင္းကို ကြၽန္ေတာ္တို႔အား တိုက္ခိုက္ျခင္းအျဖစ္ မွတ္ယူပါသည္။ ဗိုလ္ခ်ဳပ္က နယ္သာလန္သို႔ ႐ိုဟင္ဂ်ာဂ်ီႏိုဆိုဒ္ သက္ေသအျဖစ္ပို႔ေပးခဲ့သည့္ စစ္သားႏွစ္ဦးအတြက္လည္း ေက်းဇူးအထူးတင္ရွိပါ၏။

ဗိုလ္ခ်ဳပ္အား ကြၽန္ေတာ္ တင္ျပလိုသည့္အခ်က္မွာ Arakan ေဒသ၏ဖြံၿဖိဳးတိုးတက္မႈႏွင့္ဆက္ႏြယ္ေန၏။ ကြၽန္ေတာ္မွတ္မိသေလာက္ 2012 အထိ ရခိုင္အမ်ားစုက Arakan ဟူေသာအသုံးအႏႈံးကို မသုံးခဲ့ေပ။ သမိုင္းပညာရွင္ဆိုသူအခ်ိဳ႕ကလည္း ရခိုင္လူမ်ိဳးကို အာရီယန္ေျပာလိုေျပာ၊ တိဗက္တိုဘာမန္ေျပာလိုေျပာႏွင့္၊ ႐ိုဟင္ဂ်ာမုန္းတီးေရးကို ေရွ႕တန္းတင္ၿပီး Arakan သမိုင္းအား ႐ုပ္ပ်က္ေစခဲ့၏။ အမ်ားစုက 1942 အနိဌာ႐ုံကို ႐ိုဟင္ဂ်ာမုန္းတီးေရးအတြက္ လိုင္စင္သဖြယ္ အသုံးခ်လာခဲ့ၾက၏။ အမွန္မွာ ထိုစဥ္က ဂ်ပန္တပ္ဘက္က ရပ္တည္သူႏွင့္အဂၤလိပ္ဘက္က ရပ္တည္သူတို႔ေၾကာင့္ နားလည္မႈ လႊဲခဲ့ျခင္းပင္ ျဖစ္၏။ Arakan သမိုင္းမွာ ရကၡိဳင္ႏွင့္႐ိုဟင္ဂ်ာတို႔ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္လာခဲ့သည့္ အေထာက္အထားေပါင္းမ်ားစြာ ရွိပါသည္။ 1942 တြင္ အခ်င္းခ်င္းၾကား မီးစေတာက္ခဲ့သည့္ ေျမပုံၿမိဳ႕၌ ႐ိုဟင္ဂ်ာမ်ား ဆက္လက္အသက္ရွင္ႏိုင္ခဲ့ျခင္းသည္ပင္ အဆိုပါ လူမ်ိဳးႏွစ္မ်ိဳးက ရန္သူမ်ား မဟုတ္ေၾကာင့္ သက္ေသျဖစ္၏။

2012 အၾကမ္းဖက္မႈ၌ အမ်ားဆုံး ခံလိုက္ရသူမ်ားမွာ ႐ိုဟင္ဂ်ာမ်ားျဖစ္ေသာ္လည္း ဒုကၡသည္စခန္းကို ေရာက္ခဲ့သည့္ အလ္ဂ်ဇီးရား သတင္းေထာက္က ရခိုင္ကို မုန္းသေလာဟု ေမးျမန္းစဥ္ ႐ိုဟင္ဂ်ာမ်ားက ရခိုင္ကို မမုန္းေၾကာင္း ေျပာခဲ့သည္။ ရခိုင္တို႔၏အေျဖကို ဗိုလ္ခ်ဳပ္အသိဆုံးပါ။ ယေန႔အထိ ဒုကၡသည္စခန္းသို႔ ေစ်းလာေရာင္းသည့္ ရခိုင္မ်ား ေန႔ည လုံၿခဳံစိတ္ခ်စြာ သြားလာႏိုင္ျခင္းသည္ ႐ိုဟင္ဂ်ာမ်ားက ရခိုင္မ်ားကို ညီေနာင္မ်ားပမာ သေဘာထားျခင္း၏သက္ေသပါ။ ယခင္က ရခိုင္လက္နက္ကိုင္မ်ားႏွင့္ ႐ိုဟင္ဂ်ာလက္နက္ကိုင္မ်ား ပူးေပါင္း၍ ဘုံရန္သူအတြက္ လက္တြဲခဲ့သည့္ အေထာက္အထားမ်ားကိုလည္း ဗိုလ္ခ်ဳပ္ေတြ႕ခဲ့ၿပီ ျဖစ္လိမ့္မည္။ ရခိုင္ႏိုင္ငံေရးသမားအခ်ိဳ႕က ယေန႔အထိ ႐ိုဟင္ဂ်ာမုန္းတီးေရးလုပ္ေနသည္ကို မီဒီယာမ်ားမွာေတြ႕ျမင္ရဆဲပါ။

တရားမွ်တမႈအေပၚ အေျခမခံသည့္ မည္သည့္အဖြဲ႕အစည္း မည္သည့္ႏိုင္ငံကမွ် မတိုးတက္ႏိုင္ေပ။

ရကၡိဳင့္တပ္ေတာ္ (AA) အေနျဖင့္ ရခိုင္ေဒသတြင္ စစ္ေရးက႑အျပင္ အုပ္ခ်ဳပ္ေရး ၊ တရားစီရင္ေရး ၊ ျပည္သူ႔လုံၿခဳံေရးမ်ားပါ၀င္သည့္ အေျခခံအစိုးရယႏၲရားမ်ားကို တျဖည္းျဖည္းႏွင့္ စတင္အေကာင္အထည္ေဖာ္ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ဧၿပီလ ၁၀ ရက္ေန႔တြင္ က်ေရာက္ခဲ့သည့္ (၁၂) ႏွစ္ေျမာက္ ရကၡိဳင့္တပ္ေတာ္ေန႔သို႔ ‌ေပးပို႔‌ေသာ တပ္မႉးခ်ဳပ္၏ သ၀ဏ္လႊာ၌ ထည့္သြင္း​ေဖာ္ျပခဲ့၏။ ထိုေန႔ပင္ မင္းေအာင္လႈိင္က ရခိုင္ေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံၿပီး ရခိုင္အနာဂတ္အေရးႏွင့္ ဒုကၡသည္ျပသနာကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

႐ိုဟင္ဂ်ာတို႔ အဖိႏွိပ္ခံရသည္မွာ 1960 မွ ျဖစ္ေသာ္လည္း 1974 ရခိုင္ျပည္နယ္အျဖစ္ ေျပာင္းလဲခ်ိန္မွစ၍ ဖိႏွိပ္မႈ၏အရွိန္ကို ျမင့္ေစခဲ့ျခင္း ေတြ႕ရသည္။ အထူးသျဖင့္ ဘဂၤလားေဒ့ခ်္ကေန ရခိုင္မ်ား အလုံအရင္းဝင္လာခဲ့ၿပီးေနာက္ပိုင္းတြင္ ႐ိုဟင္ဂ်ာတို႔အား မုန္းတီးမႈ စတင္ခဲ့သည္။ အဆိုပါ ဝင္ေရာက္လာသူမ်ားက သူတို႔ဟိုႏိုင္ငံမွာ အဖိႏွိပ္ခံရသည့္အတြက္ သူတို႔လည္း ႐ိုဟင္ဂ်ာမ်ားကို ႏွိပ္ကြက္ခြင့္ ရွိရမည္ဟု ခံစားခဲ့ၾကသည္။ ေဒသခံရခိုင္မ်ားက သူတို႔ကို 1990 အထိ အဝကြၽန္းသား၊ အေနာက္သားမ်ားဟု ေခၚခဲ့ၾက၏။ ယခုထိုသို႔ မခြဲျခားျခင္းက ဝမ္းသားစရာပါ။ သို႔ေသာ္ ႐ိုဟင္ဂ်ာမ်ားကို မုန္းတီးေနျခင္း၊ ႐ိုဟင္ဂ်ာကို ခိုးဝင္ဘဂၤလီဟု စြပ္စြဲျခင္းသည္ လက္မခံႏိုင္ဖြယ္ရာ မတရားမႈပင္ ျဖစ္၏။ ရကၡိတလမ္းစဥ္ေၾကာင့္ မုန္းတီးမႈ ႀကီးထြားေနျခင္းလား။ သို႔တည္းမဟုတ္ ဗမာစစ္အာဏာရွင္မ်ား၏ေက်နပ္မႈအတြက္ လုပ္ေနျခင္းလား။

ရခိုင္ျပည္နယ္အတြင္းရွိ ႐ိုဟင္ဂ်ာႏွင့္ကမန္ IDP မ်ား သူတို႔၏မူလေနရာသို႔ သြားခြင့္မရွိသည္မွာလည္း ရခိုင္ႏိုင္ငံေရးသမားမ်ား၏ပေယာဂပင္ ျဖစ္၏။ ေက်ာက္ျဖဴမွာရွိေသာ IDP မ်ားကို သူတို႔၏မူလေနရာမ်ားသို႔ ျပန္ႏိုင္ရန္ အစိုးရ၏စီစဥ္မႈကို ကန္႔ကြက္ခဲ့သူမ်ားမွာလည္း အဆိုပါ ရခိုင္ႏိုင္ငံေရးသမားမ်ားပင္ ျဖစ္၏။ INGO မ်ားႏွင့္ UN အဖြဲ႕အစည္းမ်ားကို တိုက္ခိုက္ေစာ္ကားခဲ့ျခင္း၌လည္း ထိုႏိုင္ငံေရးသမားမ်ား၏ပေယာဂ ရွိေန၏။ ႐ိုဟင္ဂ်ာကို ဘဂၤလီ ေျပာင္းျခင္း၌ အႏၲရာယ္ရွိေၾကာင္းကို ပထမဦးဆုံး ေထာက္ျပခဲ့ေသာ ရခိုင္ႏိုင္ငံေရးသမားတစ္ဦးမွာ ဗိုလ္မႉးထြန္းေက်ာ္ဦးပင္ ျဖစ္၏။ Dhaka tribune ကလည္း ေအာက္ပါအတိုင္း ေရးခဲ့ဖူးသည္။

So a solution to the Rohingya issue and the consequential refugee problem that has become taxing for an already over-crowded Bangladesh, can be sought in a referendum to separate Sittwe and Muangdaw from Rakhine state and join them to Chittagong division.

Ref – https://www.dhakatribune.com/uncategorized/2014/03/19/a-referendum-in-rakhine-state

ဘဂၤလားေဒ့ခ်္မွာရွိေသာ ဘဂၤလီအမ်ိဳးသားေရးဝါဒမ်ားက ႐ိုဟင္ဂ်ာတို႔အား ဘဂၤလီလို႔ေခၚေစခ်င္ၾက၏။ ထိုသို႔ေခၚျခင္း၏ေနာက္ကြယ္၌ သူတို႔အတြက္ အက်ိဳးအျမတ္ရွိေၾကာင္းကို သူတို႔ ျမင္ေနၾက၏။ စစ္တေကာင္းေဒသေန ရခိုင္မ်ားကို ရခိုင္ႏိုင္ငံထဲသို႔ ထည့္သြင္းရန္ ရည္႐ြယ္ခ်က္ျဖင့္ ႐ိုဟင္ဂ်ာကို ဘဂၤလီဟု ေခၚေနျခင္းလား။ သို႔တည္းမဟုတ္ ရခိုင္လူမ်ိဳးႀကီးဝါဒေၾကာင့္ ေျပာေနျခင္းလား။ ​မည္သို႔ပင္ဆိုေစ ျမန္မာစစ္ေခါင္းေဆာင္မ်ားသည္ပင္ ႐ိုဟင္ဂ်ာမ်ားကို မ်ိဳးတုံးသတ္ျဖတ္လိုသည့္အတြက္ ICJ ၊ ICC အထိ ေရာက္ခဲ့ေၾကာင္းကို ရခိုင္ႏိုင္ငံေရးသမားမ်ားလည္း သိေနၿပီ မဟုတ္လား။

ဗိုလ္ခ်ဳပ္က အေျမာ္အျမင္ရွိေသာ ေခါင္းေဆာင္တစ္ဦး ျဖစ္သည့္အေလွ်ာက္ ေခတ္သစ္ကမာၻမွာ မတရားမႈအတြက္ ေနရာမရွိေၾကာင္း သိပါလိမ့္မည္။ ရခိုင္ႏွင့္႐ိုဟင္ဂ်ာမ်ားသည္ ညီေနာင္မ်ားသဖြယ္ ေနထိုင္ႏိုင္သည့္ အေျခအေနကို ဖန္တီးျခင္းျဖင့္ ရခိုင္ျပည္မွာ တည္ၿငိမ္ေအးခ်မ္းၿပီး တိုးတက္လာပါလိမ့္မည္။ ႐ိုဟင္ဂ်ာမ်ားကို ႏွစ္ေပါင္းမ်ား ပညာသင္ခြင့္ မေပးျခင္း၊ ႐ိုဟင္ဂ်ာမ်ားကို ႏွိပ္ကြက္ျခင္း၊ ခြဲျခားဆက္ဆံျခင္း စသည့္အခ်က္မ်ားသည္ ရခိုင္ျပည္၏တိုးတက္မႈကို အဟန္႔အတားျဖစ္ေစခဲ့၏။ Confederation လုပ္လုပ္၊ ရခိုင္ႏိုင္ငံေတာ္ပဲ ထူေထာင္ထူေထာင္ ႐ိုဟင္ဂ်ာကို ဖယ္ထား၍ မျဖစ္ႏိုင္ပါ။ ဒီမိုကေရစီ စံႏႈံးမ်ားထက္ ရကၡိတလမ္းစဥ္ကို ဦးစားေပးသည့္အတြက္ ရခိုင္အမ်ားစုက ႐ိုဟင္ဂ်ာမုန္းေနသေလာဟု ေမးပါရေစ။

ႏွစ္ေပါင္းမ်ားစြာ ပညာသင္ခြင့္မရျခင္း၊ ဖိႏွိပ္ခ်ဳပ္ခ်ယ္ျခင္း ခံရျခင္းေၾကာင့္ လူေနမႈအဆင့္အတန္းမွာ ရခိုင္တို႔ထက္ နိမ့္က်ေနပါ၏။ သို႔ျဖစ္ပါ၍ ရခိုင္ႏွင့္႐ိုဟင္ဂ်ာ အတူယွဥ္တြဲေနႏိုင္မည္မဟုတ္ဟု ယူဆၿပီး ေဒါက္တာေအးေမာင္ေျပာသလို အုတ္တံတိုင္းျခားထားပါက အနာဂတ္မွာ ေၾကာက္မက္ဖြယ္ရာ ျပသနာမ်ိဳးစုံကို ႀကဳံေတြ႕ႏိုင္ပါေၾကာင္း တင္ျပလိုက္ပါသည္။

ဗုဒၶဘာသာႏွင့္အစၥလာမ္ဘာသာတို႔တြင္ တရားမွ်တမႈႏွင့္စပ္လ်ဥ္း၍ အက်ယ္တဝင္းရွင္းျပထားပါသည္။

”အသွ်င္ေဂါတမ ဤေလာက၌ အခ်ိဳ႕ေသာ သတၱဝါမ်ား ကိုယ္ခႏၶာပ်က္စီး၍ ေသသည္မွ ေနာက္၌ခ်မ္းသာကင္းေသာ မေကာင္းေသာသူတို႔ လားရာ ပ်က္စီး၍ က်ရာ ငရဲသို႔ ေရာက္ၾကရေသာ အေၾကာင္းကား အဘယ္ပါနည္း၊ အေထာက္အပံ့ကား အဘယ္ပါနည္း။ အသွ်င္ေဂါတမ ဤေလာက၌ အခ်ိဳ႕ေသာသတၱဝါမ်ား ကိုယ္ခႏၶာပ်က္စီး၍ ေသသည္မွ ေနာက္၌ ေကာင္းေသာသူတို႔ လားရာ နတ္ျပည္သို႔ ေရာက္ၾကရေသာ အေၾကာင္းကား အဘယ္ပါနည္း၊ အေထာက္အပံ့ကား အဘယ္ပါနည္း” ဟု ေလွ်ာက္ထားၾကကုန္၏။

သူႂကြယ္တို႔ မတရားမႈ မမွ်တမႈကို ျပဳလုပ္ျခင္းအေၾကာင္းေၾကာင့္ ဤေလာက၌ အခ်ိဳ႕ေသာသတၱဝါတို႔သည္ ကိုယ္ခႏၶာပ်က္စီး၍ ေသသည္မွ ေနာက္၌ ခ်မ္းသာကင္းေသာ မေကာင္းေသာသူတို႔လားရာ ပ်က္စီး၍ က်ရာ ငရဲသို႔ ေရာက္ၾကရကုန္၏။ သူႂကြယ္တို႔ တရားမႈ မွ်တမႈကို ျပဳလုပ္ျခင္းအေၾကာင္းေၾကာင့္ ဤေလာက၌ အခ်ိဳ႕ေသာ သတၱဝါတို႔သည္ ကိုယ္ခႏၶာပ်က္စီး၍ ေသသည္မွ ေနာက္၌ေကာင္းေသာသူတို႔ လားရာ နတ္ျပည္သို႔ ေရာက္ၾကရကုန္၏ဟု (မိန႔္ေတာ္မူ၏)။

သူႂကြယ္တို႔ အဘယ္သို႔လွ်င္ ႏႈတ္ျဖင့္ မတရားမႈ မမွ်တမႈကို ေျပာဆိုျခင္းသည္ ေလးမ်ိဳးရွိသနည္း။ သူႂကြယ္တို႔ ဤေလာက၌ အခ်ိဳ႕သူသည္ မုသားေျပာဆိုေလ့ ရွိ၏၊ သဘင္၌ တည္သည္ျဖစ္ေစ၊ ပရိသတ္၌တည္သည္ျဖစ္ေစ၊ ေဆြမ်ိဳးအလယ္၌ တည္သည္ျဖစ္ေစ၊ အသင္းအပင္းအလယ္၌ တည္သည္ျဖစ္ေစ၊ မင္းမ်ိဳးအလယ္၌ တည္သည္ျဖစ္ေစ ေခၚေဆာင္၍ ”အခ်င္းေယာက်္ားသိေသာ အေၾကာင္းကို ေျပာဆိုေလာ့” ဟု သက္ေသျပဳလ်က္ ေမးျမန္းလတ္ေသာ္ ထိုေယာက္်ားသည္ မသိသည္ကို ”ငါသိ၏” ဟူ၍ေသာ္လည္းေကာင္း၊ သိသည္ကို ”ငါမသိ” ဟူ၍ေသာ္လည္းေကာင္း၊ မျမင္သည္ကို ”ငါျမင္၏” ဟူ၍ေသာ္လည္းေကာင္း ျမင္သည္ကို ”ငါမျမင္”ဟူ၍ေသာ္လည္းေကာင္း ေျပာဆို၏။ ဤသို႔ မိမိအေၾကာင္းေၾကာင့္ျဖစ္ေစ၊ သူတစ္ပါးအေၾကာင္းေၾကာင့္ျဖစ္ေစ၊ အနည္းငယ္မွ်ေသာ လာဘ္အာမိသဟူေသာ အေၾကာင္းေၾကာင့္ျဖစ္ေစ သိလ်က္သာလွ်င္ မုသားေျပာဆို၏။ (ပိဋကတ္သုံးပုံ- မူလပဏၰသ- ၃၃၆)

အို၊ ယုံၾကည္သူအေပါင္းတို႔၊ (အမွန္တရားအတြက္ စံျပသက္ေသခံမ်ား ျဖစ္ႏိုင္ရန္အလို႔ငွာ) တရားမွ်တမႈမ႑ိဳင္ႏွင့္အတူ တရားမွ်တမႈကို ထိန္းသိမ္းေစာင့္ေရွာက္ေသာ စံျပပုဂၢိဳလ္မ်ားအျဖစ္ ၿမဲၿမံစြာ ရပ္တည္ၾကေလာ့။ ထို႔ျပင္ အသင္တို႔အား တရားမွ်တစြာျဖင့္ ျပဳမူေျပာဆိုဆက္ဆံျခင္း ကင္းမဲ့ေနၾကသည္ကို အေၾကာင္းျပဳ၍ အာဃာတျဖင့္ လူမ်ိဳးေရးမုန္းတီးမႈ ဖန္တီးလ်က္ အရွင့္စည္းမ်ဥ္းေတာ္မ်ားအား ခ်ိဳးေဖာက္က်ဴးလြန္ရန္ မတိုက္တြန္း မလႈံ႕ေဆာ္ၾကေလႏွင့္။ (မည္သည့္အေျခအေနမ်ိဳးတြင္ျဖစ္ေစ အသင္တို႔သည္) အရွင့္စည္းမ်ဥ္းေတာ္မ်ားကို အရွင့္ကို သိစိတ္ၿမဲၿမံစြာျဖင့္ လိုက္နာက်င့္သုံးျခင့္ႏွင့္အနီးစပ္ဆုံးျဖစ္ရန္အလို႔ငွာ (မည္သည့္လူမ်ိဳးအားျဖစ္ေစ၊ မည္သည့္ ကိစၥရပ္၌ပင္ျဖစ္ေစ) တရားမွ်တမႈ မ႑ိဳင္ကိုသာ အေကာင္အထည္ေဖာ္ၾကေလာ့။ ထို႔ျပင္ အလႅာဟ္အရွင္ျမတ္ကို စိုး႐ြံ႕ထိတ္လန႔္ ၍ အရွင့္ကို သိစိတ္ၿမဲၿမံစြာျဖင့္ လိုက္နာအရွင့္စည္းမ်ဥ္းေတာ္မ်ားအားက်င့္သုံးၾကေလာ့။ မုခ်ဧကန္၊ အလႅာဟ္အရွင္ျမတ္သည္ သင္တို႔ သတင္းအခ်က္အလက္ ျပဳမူက်င္ႀကံေဆာင္႐ြက္သမွ်ႏွင့္ပတ္သက္၍အေသးစိတ္ကို အႂကြင္းမဲ့ သတင္းရေတာ္မူေသာအရွင္ ျဖစ္ေတာ္မူ၏။(Al-Ma’idah:8)

အို၊ ယုံၾကည္သူအေပါင္းတို႔၊ သင္တို႔၏နဖ္စ္ (ေခၚ မ်ိဳး႐ိုးဗီဇထဲ၌ ထည့္ေပးေတာ္မူထားေသာ ဉာဥ္စဥ္ စ႐ိုက္၊ ပင္ကိုယ္အရည္အေသြး၊ အစြမ္းအစႏွင့္စိတ္ဆႏၵမ်ားအား အရွင့္စည္းမ်ဥ္းေတာ္အတိုင္းျဖစ္ေစ၊ သို႔မဟုတ္ စိတ္အလိုဆႏၵအတိုင္းျဖစ္ေစ၊ ရွာေဖြသုံးစြဲႏိုင္ရန္ အသုံးခ်သည့္ စိတ္ဝိဉာဥ္) အေပၚ ဝန္ထုပ္ဝန္ပိုးျဖစ္သည့္တိုင္၊ သို႔မဟုတ္ မိဘမ်ားႏွင့္ေဆြမ်ိဳးအရင္းအခ်ာတို႔က မႏွစ္သက္သည့္တိုင္ လိုအင္ဆႏၵမ်ား ျပည့္စုံလုံေလာက္၍ ခ်မ္းသာႂကြယ္ဝသည့္ အေျခအေနတြင္လည္းေကာင္း၊ ဘဝလိုအပ္ခ်က္မ်ား မေလာက္မငွျဖစ္လ်က္ ဆင္းရဲခ်ိဳ႕တဲ့သည့္ အေျခအေနတြင္လည္းေကာင္း အလႅာဟ္အရွင္ျမတ္၏ ေက်နပ္ႏွစ္ၿမိဳ႕မႈႏွင့္အမွန္တရားအတြက္ စံျပသက္ေသခံမ်ား ျဖစ္ႏိုင္ရန္အလို႔ငွာ တရားမွ်တမႈမ႑ိဳင္ႏွင့္အတူ တရားမွ်တမႈကို ထိန္းသိမ္းေစာင့္ေရွာက္ေသာ စံျပပုဂၢိဳလ္မ်ားအျဖစ္ ၿမဲၿမံစြာ ရပ္တည္ၾကေလာ့။

ထိုသို႔ ရပ္တည္လွ်င္ အလႅာဟ္အရွင္ျမတ္သည္ ထို (ဆင္းရဲခ်မ္းသာ) လူတန္းစားႏွစ္မ်ိဳးစလုံးအား (ဆင္းရဲခ်မ္းသာကြာဟခ်က္ အနည္းဆုံး၊ အသင့္ေတာ္ဆုံး ျဖစ္ေအာင္) ပိုမို၍ နီးစပ္ေစေတာ္မူသည္။ သို႔ေသာ္ (တရားမွ်တမႈမ႑ိဳင္မွ တိမ္းေစာင္း) ေသြဖည္ေစရန္ သင္တို႔၏အာသီသ အလိုဆႏၵ ေနာက္သို႔ မလိုက္ၾကေလႏွင့္။ အကယ္၍ (အမွန္တရားကို အေကာင္အထည္ေဖာ္ရာတြင္) တြန႔္ရႈံ႕၍ လိုရာဆြဲေျပာလ်က္ မမွန္မကန္ လုပ္ၾကလွ်င္ သို႔မဟုတ္ လိမ္မာပါးနပ္စြာ ေျပာဆိုလ်က္ ေရွာင္ၾကဥ္ၾကလွ်င္ (သင္တို႔ႏွလုံးသြင္းသင့္သည္မွာ လူလူခ်င္း မညႇာမတာ လွည့္စားႏိုင္ေသာ္လည္း) အလႅာဟ္အရွင္ျမတ္သည္ သင္တို႔ ျပဳမူက်င့္ႀကံေဆာင္႐ြက္သမွ်ႏွင့္စပ္လ်ဥ္း၍ သတင္းအခ်က္အလက္ အေသးစိတ္ကို သတင္းရေနေတာ္မူေသာအရွင္ ျဖစ္ေတာ္မူ၏။ (An-Nisa’:135)

သို႔ျဖစ္ပါ၍ ႏိုင္ငံေရးအရျဖစ္ေစ၊ ပထဝီအေနအထားအရျဖစ္ေစ၊ ဘာသာတရားအရျဖစ္၊ ယဥ္ေက်းမႈအရျဖစ္ ရခိုင္ႏွင့္႐ိုဟင္ဂ်ာ မညီၫြတ္ႏိုင္စရာ အေၾကာင္းမရွိေပ။ တရားမွ်တမႈ ကို လက္ကိုင္ထားေသာ မည္သည့္လူမ်ိဳးမွ် ပန္းတိုင္မေရာက္စရာ အေၾကာင္း မရွိေပ။

You may also like