၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအတွက် ဘယ်လို အန္တရာယ်ရှိတယ်ဆိုတာ ပြည်သူတွေ နားလည်လာအောင် နေ့မနား ညမအိပ်ပဲ စေတနာသန့်သန့်နဲ့ ရှင်းပြခဲ့တဲ့ ဥပဒေပညာရှင်ကြီး ဦးကိုနီကို အဲဒီခြေ/ဥ ရေးဆွဲစေသူတွေက ရက်ရက်စက်စက် အဆုံးစီရင်ခဲ့ပြီ။ဒါပေမဲ့ ဦးကိုနီရဲ့ အသံကိုတော့ ပြည်သူ့ရန်သူဖြစ်တဲ့ လူတစ်စုက တိတ်ဆိတ်သွားအောင်လုပ်နိုင်မှာမဟုတ်။ ပြည်သူတွေ အဲဒီခြေ/ဥ အန္တရာယ်ကနေ မလွတ်မြောက်မချင်း ဦးကိုနီရဲ့ အသံက လှုံ့ဆော်နေပါလိမ့်မယ်။…
Tag:
ဒေါက်တာအေးမောင်
-
-
မောင်တောအကြမ်းဖက် တိုက်ခိုက်သူတွေကို ငွေကြေးထောက်ပံ့ခဲ့တဲ့အတွက်ဟု အကြောင်းပြကာ ယခင်လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်တယ်။ ဦးအောင်ဇော်ဝင်းဟာ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌဖြစ်ပြီး ယခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မောင်တော လွှတ်တော်အမတ်ဟောင်းတစ်ဦးလဲ ဖြစ်ပါတယ်။ နဝတ အစိုးရလက်ထက်ကတည်းက မြန်မာ့စစ်ခေါင်းဆောင်တွေ အသုံးချခံရဆုံးနဲ့ ယုံကြည်စိတ်အချရဆုံးပုဂ္ဂိုလ်လဲ ဖြစ်ပါတယ်။ ဦးအောင်ဇော်ဝင်းဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ နေပြည်တော် ရာဇဌာနေလမ်းက…